ကုန်းကြောင်းနှင့်ရေကြောင်းတွင် အထိနာနေသည့် အာဏာသိမ်း စစ်အုပ်စုက မကွေးတိုင်းအတွင်း မြို့နယ်ပေါင်း (၅)မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာ

ကုန်းကြောင်းနှင့်ရေကြောင်းတွင် အထိနာနေသည့် အာဏာသိမ်း စစ်အုပ်စုက မကွေးတိုင်းအတွင်း မြို့နယ်ပေါင်း (၅)မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာ
ဖေဖော်ဝါရီ 2, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်းအတွင်းရှိ ဂန့်ဂေါမြို့နယ်အပါအဝင် မြို့နယ်ပေါင်း (၅)မြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် သတ်မှတ်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ထုတ်ပြန်ကြေညာလာသည်။

မကွေးတိုင်းအတွင်းရှိ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တို့ကို အာဏာသိမ်း စစ်အုပ်စု၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအား စစ်အုပ်ချုပ်ရေးအာဏာကို အသုံးခွင့်ပြုသည်ဟု ကြေညာထားခြင်း ဖြစ်သည်။

ကုန်းကြောင်း နှင့် ရေကြောင်းတို့တွင် အထိနာပြီး လေကြောင်းကိုသာ အဓိက အားထားနေရသည့် အာဏာသိမ်း စစ်အုပ်စုသည် နိုင်ငံ့အာဏာကို သိမ်းထားသည့် (၂)နှစ်ပြည့်ပြီး တစ်ရက်အလွန်တွင် ယခုလို ကြေညာလာခြင်း ဖြစ်သည်။