ဖယ်ခုံဒေသအတွင်း ဆီမီးလော့တိုက်ပွဲတွင် စစ်အုပ်စုဘက်က (၅)ဦးသေ၊ တိုက်ပွဲပြင်းထန်၍ ပြည်သူများရှောင်ရှားကြရန် သတိပေး

ဖယ်ခုံဒေသအတွင်း ဆီမီးလော့တိုက်ပွဲတွင် စစ်အုပ်စုဘက်က (၅)ဦးသေ၊ တိုက်ပွဲပြင်းထန်၍ ပြည်သူများရှောင်ရှားကြရန် သတိပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ ဆီးမီးလော့ရွာအနီးတွင် ရှေ့တန်းစခန်းချနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ‌ဒေသကာကွယ်ရေးတပ်များက နှစ်ရက်ကြာတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား(၅)ဦးသေကြောင်း Inle People Defense Force(IPDF)က ယနေ့မေလ(၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်(၄၄၂)တပ်ရင်း ရှေ့တန်းတပ်စခန်းကို မေလ(၁၉) ရက်နေ့ နံနက်ပိုင်းကစတင်ပြီး ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်းပြီး ၎င်းတိုက်ပွဲကို "ဆီမီးလော့တိုက်ပွဲ" ဟု IPDF က အမည်ပေးထားသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီး ၆၀ မမ၊ ၁၂၀ မမ တို့ကို အသုံးပြု၍ တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်များက ၆၀ မမ များဖြင့်ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် Inle PDF မှ ရဲဘော်တစ်ဦး လက်ဝဲဘက်လက်မောင်း လက်နက်ကြီးစမှန်၍ ဒဏ်ရာရရှိခဲ့သည်။

မေလ(၂၀) ရက်နေ့တွင် ထပ်မံဖြစ်ပွားသည့် တိုက်ပွဲ၌ ပူးပေါင်းမဟာမိတ်တပ်မှ ရဲဘော်များ အထိအခိုက်မရှိဘဲ စစ်ကောင်စီဘက်က ဒဏ်ရာရသူများရှိခဲ့ကြောင်း သိရသည်။

"တိုက်ပွဲမှာပြင်းထန်ဆဲအခြေအနေဖြစ်သောကြောင့် ပြည်သူများဘေးကင်းသော နေရာသို့  ရွှေ့ပြောင်းနေထိုင်ကြပါ။"ဟု Inle People Defense Force(IPDF)က သတိပေးချက်ထုတ်ထားသည်။

၎င်းတိုက်ခိုက်မှုကို Inle People Defense Force(IPDF)၊ Pekhon PDF တပ်ရင်း ၂ ၊ KNDF နှင့် ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



Video: Inle People Defense Force-IPDF