မန္တလေးတွင် ဗုံးပေါက်ကွဲမှုကြောင့် ကားတစ်စီးထိမှန်၊ လူ ၈ ဦး ဒဏ်ရာရ

မန္တလေးတွင် ဗုံးပေါက်ကွဲမှုကြောင့် ကားတစ်စီးထိမှန်၊ လူ ၈ ဦး ဒဏ်ရာရ
By Tachileik News Agency

မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ်၊ ၆၂လမ်း၊ ၂၉လမ်းနှင့် လမ်း ၃၀ ကြားတွင် ယနေ့ ၂၀၂၂ ခုနှစ် ဧပြီလ (၁၁) ရက်နေ့ နံနက် (၈)နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုကြောင့် ကားတစ်စီးထိမှန်ကာ ဒဏ်ရာရသူများရှိကြောင်း သိရသည်။

လမ်းပေါက်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကားတစ်စီးကို ထိမှန်ကာ ကားပေါ်ပါလာသည့် အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၆) ဦးဒဏ်ရာရခဲ့ပြီး (၅) ဦးမှာဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

လက်လုပ်မိုင်းလို့ ပြောနေသံကြားတယ်။ အားကအတော်ပြင်းတယ်။ အနားမှာလည်း မပေါက်ကွဲသေးတာ တစ်လုံးတွေ့တယ်လို့ ကြားတယ်

ဟု တွေ့ရှိသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲအစည်းက လုပ်ဆောင်သည်ကို မသိရသေးဘဲ ပေါက်ကွဲမှုဖြစ်ပွားပြီးချိန်တွင် အာဏာသိမ်းတပ်က ရောက်လာကာ ပိတ်ဆို့စစ်ဆေးနေသည်ကို တွေ့ရသည်။

အဆိုပါနေရာတွင် အာဏာသိမ်းတပ်က ပိတ်ဆို့စစ်ဆေးမှုများ၊ ကင်းပုံးများချထားချိန်တွင် အများပြည်သူထိခိုက်ခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။