အာဏာသိမ်းအဖွဲ့က ပြည်တွင်းမှ နိုင်ငံခြားငွေဖြင့်ရရှိသူများ၏ ငွေကြေးကို ထပ်မံတင်းကြပ်သည့် ညွှန်ကြားချက် ထုတ်ပြန် 

အာဏာသိမ်းအဖွဲ့က ပြည်တွင်းမှ နိုင်ငံခြားငွေဖြင့်ရရှိသူများ၏ ငွေကြေးကို ထပ်မံတင်းကြပ်သည့် ညွှန်ကြားချက် ထုတ်ပြန် 

 ပြည်တွင်း၌ နေထိုင်သူများ၏ နိုင်ငံခြားငွေဖြင့်ရရှိသည့် ဝင်ငွေများကို ပြည်တွင်းဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်၍ ကျပ်ငွေဖြင့်လဲလှယ်ရောင်းချရန်နှင့် ပြည်ပသို့ နိုင်ငံခြားငွေလွှဲပြောင်းရာတွင် အဆိုပါဘဏ်များမှ ဆောင်ရွက်ရန် အာဏာသိမ်းအဖွဲ့လက်အောက်ရှိ ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ဧပြီလ (၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြည်ပမှ မြန်မာနိုင်ငံတွင်း ပြန်လည်ပေးပို့သည့် နိုင်ငံခြားသုံးငွေများအား ကျပ်ငွေလဲလှယ်ခြင်းနှင့် ပြည်ပသို့ လွှဲပြောင်းခြင်းများအတွက် နိုင်ငံခြားသုံးငွေရောင်းဝယ်ဖေါက်ကားခွင့်ပြုထားသည့်ဘဏ်များမှတစ်ဆင့် ဆောင်ရွက်ရမည်ဟု ညွှန်ကြားချက်ထုတ်လာခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့က ပြီးခဲ့သည့်နှစ် အောက်တိုဘာလ (၃) ရက်နေ့ကစ၍ ပို့ကုန်တင်ပို့သူများ၏ နိုင်ငံခြားသုံးငွေများကို ဘဏ်များသို့ မပျက်မကွက်ရောင်းချရမည်ဟု ညွန်ကြားချက် စတင်ထုတ်ကာ နိုင်ငံခြားသုံးငွေရရှိမှုအပေါ် စတင်တင်းကြပ်ခဲ့ခြင်းဖြစ်သည်။