စစ်ကောင်စီတပ်များက ရွှေဘိုမြို့နယ်အတွင်း ငါးပိအိုး နှင့် နှမစားရင်ကျေးရွာမှ နေအိမ်များကို မီးရှို့ ဖျက်ဆီးသွား

စစ်ကောင်စီတပ်များက ရွှေဘိုမြို့နယ်အတွင်း ငါးပိအိုး နှင့် နှမစားရင်ကျေးရွာမှ နေအိမ်များကို မီးရှို့ ဖျက်ဆီးသွား
ဖေဖော်ဝါရီ 25, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အတွင်း ငါးပိအိုး နှင့် နှမစားရစ်ကျေးရွာတို့ရှိ နေအိမ်များကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က ယနေ့ ဖေဖော်ဝါရီလ(၂၅)ရက်နေ့တွင် မီးရှို့ဖျက်ဆီးသွား၍ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျသွားခဲ့သည်။

ရွေဘိုမြို့နယ်၏ အရှေ့ဘက် အိမ်ခြေ(၁၉၀)ဝန်းကျင်ရှိ ငါးပိအိုးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ဖေဖော်ဝါရီလ (၂၅)ရက်၊ မနက်ပိုင်းက ဝင်ရောက်မီးရှို့သဖြင့် အိမ်ခြေ(၁၀၀)ကျော် မီးလောင်ပြာကျသွားခဲ့ကာ နွားနှင့် ဝက်များလည်း သေဆုံးသွားကြောင်း သိရသည်။

ဒါ့အပြင် ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲများကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲဝင်(၁၅)ဦးကျဆုံးခဲ့ရကြောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်တပ်သည် ကျေးရွာများအတွင်း တစ်ရွာဝင် တစ်ရွာထွက် ဝင်ရောက်ကာ PDF များကို ရှာဖွေပြီး PDF များကို ဖမ်းဆီးရမိသည် ဖြစ်စေ၊ ရမိသည်ဖြစ်စေ ကျေးရွာတွင်းရှိ နေအိမ်များအတွင်း ပစ္စည်းများဝင်ရောက်ခိုးယူပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လေ့ရှိသော်လည်း ၎င်းတို့သည် ၎င်းတို့၏ လုပ်ရပ်များကို ဝန်ခံလေ့မရှိဘဲ နေအိမ်များကို PDF များက မီးရှို့သည်ဟုသာ စွပ်စွဲလေ့ရှိသည်ကို တွေ့ရသည်။

#TachileikNewsAgency

Photo: CJ