ဝင်းရေး(ရေး)မြို့နယ်အတွင်း ခရီးသွားများ အန္တရာယ်ကင်းစေရေးအတွက် ဖြတ်သန်းသွားလာချိန် ကန့်သတ်

ဝင်းရေး(ရေး)မြို့နယ်အတွင်း ခရီးသွားများ အန္တရာယ်ကင်းစေရေးအတွက် ဖြတ်သန်းသွားလာချိန် ကန့်သတ်
ဇန်နဝါရီ 3, 2022 | အခြားဒေသများ

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်အတွင်း ည (၇)နာရီမှ နံနက် (၆) နာရီအထိ ခရီးသွားလာဖြတ်သန်းခွင့်မပြုကြောင်း KNU ၏ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဌာနက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့တွင် ထုတ်ပြန်အသိပေးသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တပ်မဟာ (၆) ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်အတွင်း ပြည်သူလူထုနှင့် ခရီးသွားပြည်သူများအနေဖြင့်  အန္တရာယ်မဖြစ်စေရန်အတွက် ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။

ကန့်သတ်ချိန်အတွင်း အရေးပေါ်ကိစ္စရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အကြောင်းကြားပြီး ထောက်ခံချက်ရယူရန် လိုအပ်မည်ဖြစ်ကြောင်း အသိပေးထားသည်။