အရာတော်မြို့နယ်အတွင်း နောင်ကြီးအိုင်ကျေးရွာမှ နေအိမ်တစ်လုံးကို အာဏာသိမ်းစစ်တပ်က မီးရှို့

Photo: အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး
Photo: အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး
အရာတော်မြို့နယ်အတွင်း နောင်ကြီးအိုင်ကျေးရွာမှ နေအိမ်တစ်လုံးကို အာဏာသိမ်းစစ်တပ်က မီးရှို့
ဒီဇင်ဘာ 1, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်း နောင်ကြီးကျေးရွာမှ ဒေသခံတစ်ဦး၏နေအိမ်ကို အာဏာသိမ်းအဖွဲ့က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့ ညနေ (၅)နာရီခွဲဝန်းကျင်၌ ဝင်ရောက်မွှေနှောက်ပြီး မီးရှို့ထားခဲ့ကြောင်း သိရသည်။

နောင်ကြီးအိုင်ကျေးရွာမှ ဦးဌေးလွင်၏ နေအိမ်ကို မီးရှို့လိုက်သည်ကို တွေ့ရပြီးနောက် ပစ်ခတ်သံများကို ညနေ (၆)နာရီဝန်းကျင်အထိ ကြားနေကြရကြောင်း သိရသည်။

နောင်ကြီးအိုင်ကျေးရွာသည် အရာတော်မြို့နယ်အတွင်း အချက်အခြာကျသည့် လမ်းမကြီးဘေးတွင်ရှိပြီး အဆိုပါ လမ်းပိုင်းတွင် အာဏာသိမ်းအဖွဲ့၏ ယာဉ်များ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ယမန်နေ့ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်မှ တပ်ဖွဲ့ဝင်များ ဒဏ်ရာရသွားသည့်အပြင် ယနေ့တွင်လည်း အာဏာသိမ်းအဖွဲ့၏ ဆီသယ်ယာဉ် မိုင်းဆွဲခံရကြောင်း သိရသည်။