NLD ဗဟိုကော်မတီဝင်၊ လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်ကို အာဏာသိမ်းအဖွဲ့က ဖမ်းဆီး

NLD ဗဟိုကော်မတီဝင်၊ လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်ကို အာဏာသိမ်းအဖွဲ့က ဖမ်းဆီး
နိုဝင်ဘာ 18, 2021 | အခြားဒေသများ

NLD ပါတီ၏ ဗဟိုကော်မတီဝင် ဦးဖြိုးဇေယျာသော်ကို ယနေ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၌ အာဏာသိမ်းအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်ကို  အာဏာသိမ်းအဖွဲ့က စွပ်စွဲမှုများစွာဖြင့် မကြာခဏ သတင်းစာရှင်းလင်းပွဲများတွင် ထုတ်ဖေါ်ပြောကြားသည်ကို တွေ့ရပြီး ယနေ့တွင် ဖမ်းဆီးခံရသည့် သတင်းများ ထွက်လာခြင်းဖြစ်သည်။

မည်သည့်နေရာတွင် ဖမ်းဆီးပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို အာဏာသိမ်းအဖွဲ့ဘက်မှ ထုတ်ပြန်ခြင်း မရှိသေးသည်ကို တွေ့ရသည်။