တာချီလိတ်မြို့တွင် တစ်နေ့တည်း လူငယ်(၆)ဦး ဖမ်းဆီးခံထားရပြီး Facebook ကနေ မျှားခေါ်နေ

တာချီလိတ်မြို့တွင် တစ်နေ့တည်း လူငယ်(၆)ဦး ဖမ်းဆီးခံထားရပြီး Facebook ကနေ မျှားခေါ်နေ
စက်တင်ဘာ 24, 2021

တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်သူများကို ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးမှုအဖြစ်  ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၄)ရက်နေ့တွင် လုပ်ဆောင်ရာ စုစုပေါင်း (၆)ဦးအထိ ဖမ်းဆီးခံထားရပြီး ၎င်းတို့၏ Facebook များကနေ တဆင့် ပတ်သက်သူများကို အပြင်မှာတွေ့မည်ဟုဆိုကာ လိမ်လည် မျှားခေါ်မှုများ လုပ်ဆောင်နေသည်။

Tachileik News Agency မှ  စုံစမ်းသိရထားသည့် ဖမ်းဆီးခံရသူများတွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာအတွင်းမှ သီဟစိုး၊ အငယ်လေး နှင့် အိပြုံး   အပြင် ဆန်ဆိုင်း(က)ရပ်ကွက် ဆန်ဆိုင်းဈေးအနီးမှ ကျော်စွာဦး (ခ)ကျော်ကြီး(ခ)တင်မိုးလင်းတို့ ဖြစ်ပြီး ညနေပိုင်းတွင် ထပ်မံ စုံစမ်းသိရှိရသည့် နောက်တိုး (၂)ဦးမှာ တာချီလိတ် ဝမ်ကောင်းရပ်ကွက် ကချင်ရွာအတွင်းနေ Piglay (ခ) ထက်ချိုလွင်ဆိုသူ နှင့် ဇော်လင်းထွန်းတို့ ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများအား စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေပြီး  အမှုစစ်များက ထွက်ဆိုချက်များကို မှတ်တမ်းရေးနေသလို ၎င်းတို့၏ ဖုန်းများကနေလည်း Facebook များကို ဖွင့်ကာ Group Chat များ နှင့် သီးသန့် Chat များကနေ အခြားလူများကို အပြင်တွင် တွေ့ရန်အတွက် လှည့်ဖျားပြောဆိုမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများ၏ Facebook အကောင်းများ အားလုံး မီးစိမ်းနေသည်ဟု သိရသည်။

အကောင့်ကနေ စကားပြောလာတယ်။ အပြင်ကို လာခဲ့တို့ တခုခုသွားစားမယ်တို့ ပြောလာတယ် မသင်္ကာတာနဲ့ Block လိုက်တယ်။

ဟု လူငယ်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဖမ်းဆီထားသူများအား အာဏာသိမ်းစကနေ စတင်ပြီး ၂၂၂၂၂ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်မှု နောက်ပိုင်းများတွင် မည်သည့်နေရာတွင် ပါဝင်ဆန့်ကျင်ခဲ့ကြောင်း စသည်ဖြင့် အသေးစိတ်စစ်ဆေးမေးမြန်းမှုများအထိ လုပ်ဆောင်နေဆဲဖြစ်သည်ဟု သတင်းရင်းမြစ်များထံက သိရသည်။

 

တာချီလိတ်မြို့တွင်  စစ်တပ်ကို ဆန့်ကျင်သည်ဟုဆိုကာ သံယသဖြင့် လူငယ်(၄)ဦးအား ရဲက ဖမ်းဆီး