KNU ဥက္ကဌ စောမူတူးစေးဖိုး ရာထူးမှ နှုတ်ထွက်ပေးရန် ဩစတေးလျကရင်အဖွဲ့အစည်း တောင်းဆို

KNU ဥက္ကဌ စောမူတူးစေးဖိုး ရာထူးမှ နှုတ်ထွက်ပေးရန် ဩစတေးလျကရင်အဖွဲ့အစည်း တောင်းဆို

KNU ဥက္ကဌ စောမူတူးစေးဖိုး ရာထူးမှ နှုတ်ထွက်ပေးရန် ဩစတေးလျကရင်အဖွဲ့အစည်း တောင်းဆို

KNU ဥက္ကဌ စောမူတူးစေးဖိုး ရာထူးမှ နှုတ်ထွက်ပေးရန်၊ ကရင်လူထုနှင့် KNLA တို့က အမျိုးသားညီညွတ်ရေးအစိုးရအပေါ် ကူညီထောက်ခံအားပေးသွားမည်ဟု ကြေညာပေးရန် ဩစတေးလျကရင်အဖွဲ့အစည်းက ၂၀၂၁ ခုနှစ်၊ မေလ (၁၅) ရက်နေ့တွင်  သဘောထားထုတ်ပြန် တိုက်တွန်းလိုက်သည်။



KNU ဥက္ကဌ စောမူတူးစေးဖိုးအနေဖြင့် KNU အနေဖြင့် တွေ့ဆုံဆွေးနွေးခြင်း၊ NCA အတိုင်း လိုက်နာခြင်းကို ဆက်လက်ဆောင်ရွက်မည်ဟု သဘောထားထုတ်ပြန်မှုအပါအဝင် စစ်ကောင်စီက အာဏာသိမ်းထားစဉ်ကာလအတွင်း  ထုတ်ပြန်ခဲ့သည့် ကြေညာချက်၊ သဘောထားထုတ်ပြန်ချက်များနှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဟု အဆိုပါ သဘောထားကြေညာချက်တွင် ဖေါ်ပြထားသည်။



KNU ဥက္ကဌ စောမူတူးစေးဖိုးအနေဖြင့် မေလ (၁၀) ရက်နေ့က လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့် သဘောထားထုတ်ပြန်ချက်၊ မတ်လ (၂၂) ရက်နေ့က အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဆွေးနွေးပွဲကမ်းလှမ်းချက်အပေါ် ပြန်ကြားစာတို့မှာ ကရင်အမျိုးသားများ၏ နိုင်ငံရေးနှင့် တော်လှန်ရေး ရည်မှန်းချက်များအတွက် လုံးဝအကျိုးမပြုပါဟု  ဩစတေးလျကရင်အဖွဲ့အစည်းက သဘာထားထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။