တောင်ကြီးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ဆိုင်ကယ်သပိတ်အား တပ်နှင့်ရဲက လိုက်လံဖြိုခွင်းသော်လည်း အောင်မြင်စွာ ဆန္ဒပြနိုင်ခဲ့

တောင်ကြီးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ဆိုင်ကယ်သပိတ်အား တပ်နှင့်ရဲက လိုက်လံဖြိုခွင်းသော်လည်း အောင်မြင်စွာ ဆန္ဒပြနိုင်ခဲ့
မတ် 14, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင်  ၂၀၂၁ ခုနှစ် မတ်လ (၁၄) ရက်ေနေ့၌ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆိုင်ကယ်သပိတ်အား အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်အဖွဲ့များဖြစ်သည့် စစ်တပ်နှင့်ရဲက ကားဖြင့်လိုက်တိုက်ကာ ရာဘာကျည်ဖြင့် ပစ်ခတ်ဖမ်းဆီးဖြိုခွဲသော်လည်း ဆန္ဒထုတ်ဖော်သူများက မြို့တစ်ပတ်လှည့်၍ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။



ဆိုင်ကယ်အစီးရေ (၁၀၀) ကျော်ဖြင့် ဆန္ဒထုတ်ဖော်သူများအား အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်အဖွဲ့များက မြင်းရုပ်အနီးတွင် စတင်ဖြိုခွဲ၍ လူစုကွဲသွားသော်လည်း အင်အားပြန်စု၍ မူလရည်ရွယ်ထားသည့်အတိုင်း မြို့တစ်ပတ်ပြည့်အောင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။



ဆန္ဒထုတ်ဖော်သူများအား ရဲတပ်ဖွဲ့က ကားဖြင့်အရှိန်ပြင်းပြင်းဝင်တိုက်ဖမ်းဆီးခြင်ကြောင့် ဒဏ်ရာရသွားသူများမှ လူငယ် (၁) ဦးမှာ နံရိုး (၄)ချောင်းကျိုးသွားပြီး အဖမ်းခံရသူ (၂)ဦးနှင့် သိမ်းဆည်းခံရသည့်ဆိုင်ကယ် (၈)စီးခန့် ပါသွားကြောင်း သိရသည်။