စစ်အာဏာရှင်စနစ် ကျဆုံးရေး စာသားများဖြင့် ရန်ကုန်မြို့မှ လူငယ်အဖွဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်

စစ်အာဏာရှင်စနစ် ကျဆုံးရေး စာသားများဖြင့် ရန်ကုန်မြို့မှ လူငယ်အဖွဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်
By စစ်ထက်အောင်

စစ်အာဏာရှင်စနစ် မုချကျဆုံးရေးနှင့် မတရားမှုကို ငြိမ်းချမ်းစွာထုတ်ဖေါ်ကြဆိုသည့် လှုပ်ရှားမှုတစ်ခုကို ရန်ကုန်မြို့မှ လူငယ်တစ်စုက ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် ကျောက်မြောင်းဈေးရှေ့၌ ပြုလုပ်ကြသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာကို သိမ်းလိုက်ပြီး နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် NLD ပါတီမှ တာဝန်ရှိသူများအား ဖမ်းဆီးထိန်းသိမ်းထားရာ အာဏာသိမ်းမှုကို လက်မခံသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများက နည်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်သည်။

Tachileik News Agency

သတင်း/ဓါတ်ပုံ - စစ်ထက်အောင်