၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းကို လျှောက်ထားရန်မလိုဘဲ Website တွင် ကြည့်ရှုနိုင်မည်

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းကို လျှောက်ထားရန်မလိုဘဲ Website တွင် ကြည့်ရှုနိုင်မည်
ဇန်နဝါရီ 12, 2021 | ပညာရေး

 ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုထားသူများ၏ အမှတ်စာရင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက် နံနက် (၆) နာရီမှစတင်၍ Website တွင် အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။



COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရမည်ဖြစ်သည့်အတွက် ယင်းကဲ့သို့ ထုတ်ပြန်ပေးခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။           

                                                                                                                                                                                                                                                                            

                                                          

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် https://mmexamscore.org တွင် ဝင်ရောက်ပြီး မိမိ၏ခုံအမှတ် နှင့် မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်) တို့ကို ပြည့်စုံ မှန်ကန်စွာ ဖြည့်စွက်၍  မိမိတို့၏ အမှတ်စာရင်းများကို ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။



လတ်တလောတွင် ရုံးများတွင် အမှတ်စာရင်းထုတ်ပေးမည် မဟုတ်ဘဲ Covid-19 ကာကွယ် ထိန်းချုပ် တားဆီးနိုင်မှု အခြေအနေအရ အမှတ်စာရင်းများကို ထုတ်ပေးနိုင်မည့်အချိန်ကို ပြန်လည်အသိပေး ကြေညာမည်ဖြစ်ကြောင်း သိရသည်။



အမှတ်စာရင်းကြည့်ရှုနည်း လမ်းညွှန် ရုပ်သံဖိုင်ကို ပညာရေးဝန်ကြီးဌာန၏ Facebook Page ဖြစ်သော https://www.facebook.com/moe.gov.mm၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ အမှတ်စာရင်းထုတ်ပြန်မည့် Website ဖြစ်သော https://mmexamscore.org နှင့် Facebook Page ဖြစ်သော https://www.facebook.com/exams.mm တို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့မှစ၍ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။