စစ်ကောင်စီတပ်စခန်းကုန်းအနီးက ဘိန်းစိုက်ခင်းကို"အိမ်နောက်ဖေး ဈေးဆိုင်တည်"ဟု ဗိုလ်ချုပ်ဂွမ်းမော်က သရော်ထား

 ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ဝိုင်းမော်မြို့နယ်ရှိ နာ့ဖော့စစ်ကောင်စီတပ်စခန်းကို ၂၀၂၄ခုနှစ် မတ်လအတွင်းက တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။

အဲ့လို သိမ်းပိုက်အပြီး  အဲ့ဒီ စစ်ကောင်တပ်စခန်းအနီးမှာ စိုက်ပျိုးဖြစ်ထွန်းနေတဲ့ ဘိန်းစိုက်ခင်းကို တွေ့ရှိရတဲ့အတွက် KIA ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ဂွမ်းမော်က  အဲ့ဒီဘိန်းစိုက်ခင်းနဲ့ ပတ်သက်ပြီး "အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ (မြန်မာစကားပုံ)"ဆိုပြီး ဧပြီလ(၅)ရက်နေ့က သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာတင်ပြီး သရော်ထားတာကို တွေ့ရပါတယ်။

 

စစ်ကောင်စီတပ်စခန်းနဲ့ဆိုရင် အနီးဆုံးမှာရှိပြီး စစ်ကောင်စီတပ်သားများ စိုက်ပျိုးခဲ့တဲ့ အဲ့ဒီ ဘိန်းစိုက်ခင်းကို စခန်းသိမ်းတိုက်ပွဲအပြီးမှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော်သားတွေက ရှင်းလင်း ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်စခန်းကုန်းနဲ့အနီးဆုံးမှာရှိတဲ့ ဘိန်းစိုက်ခင်းအခြေအနေများကို KIA က ဗီဒီယိုမှတ်တမ်းရိုက်ထားပါတယ်။ ဒါကို Tachileik News Agency က  ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။