တာချီလိတ်မြို့တွင် ဓါးပြအဖွဲ့ကို သေနတ်နဲ့ ပြန်လည် ခုခံ ပစ်ခတ်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာ အုပ်စုဖွဲ့ပြီး ထင်တိုင်းကြဲနေတဲ့ ဓါးပြအဖွဲ့ကို ဓါးပြတိုက်ခံရတဲ့ နေအိမ်ကနေ သေနတ်နဲ့ ခုခံကာကွယ် ပြန်လည်ပစ်ခတ်လိုက်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ဟာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး  ဖြစ်ပွားတဲ့နေရာဟာ ဝိန်းကျောက်ရပ်ကွက်အတွင်း တော်ကော့ထဲကလို့ သိရပါတယ်။

ဓါးပြအဖွဲ့ထဲက တစ်ယောက်ကတော့ ခြေထောက်မှာ  ကျည်ထိသွားပြီး  သူတို့တွေထဲက အချို့ဟာ တာချီလိတ်မြို့တွင်းမှာ ရဲနဲ့စစ်တပ်ရဲ့ ယူနီဖောင်းတွေကို ဝတ်ပြီး နေရာတော်တော်များများကို ဓါးပြလိုက်တိုက်နေတဲ့ အဖွဲ့လို့လည်း ဒေသခံအချို့က ပြောပါတယ်။