အကာအကွယ်မဲ့ပြီး လုံခြုံမှု မရှိတော့သည့် တာချီလိတ် အခြေအနေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ထဲရှိ  ဝမ်ခမ်းကုန်စုံဆိုင်တွင်  လူတစ်စုရောက်ရှိလာပြီး ဆိုင်ရှင်ကို မေးရာ ဆိုင်ရှင်မရှိ၍ ဆိုင်က ပစ္စည်းအချို့ကို ယူဆောင်သွားကြောင်း သိရသည်။

ယခုဖြစ်စဉ်မှာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့ ညနေ (၄)နာရီခွဲအချိန်က ဖြစ်ပွားခြင်း ဖြစ်ကြောင်း နှင့် CCTV တွင် မြင်တွေ့ရသည့် လူတစ်စုထဲက ပြောဆိုလာသည့် တရုတ်စကားပြော အသံအနေအထားမှာ တရုတ်မြောက်ပိုင်းအသံဝဲသည်ဟုလည်း သိရသည်။



တာချီလိတ်မြို့တွင် ဖြစ်ပေါ်နေသည့် အခြေနေများအရ ၎င်းတို့သည် ပြန်ပေးဆွဲသည့် အဖွဲ့ထဲက ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ထားကြသလို တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလ၏ ပထမပတ်တွင်းကလည်း ပြည်သူ့စစ် တံဆိပ်များ နှင့် Police စာသားများပါသည့် အင်္ကျီများဝတ်ဆင်ထားသည့် အဖွဲ့က ပြန်ပေးဆွဲမှုများ လုပ်ဆောင်သွားသေးသည်ဟု သိရသည်။

တာချီလိတ်မြို့တွင် စစ်ကောင်စီကို ဆန့်ကျင်သည့် လုပ်ရပ်ကလွဲ၍ ခိုး ဆိုး လုယက်မှုများကို စရဖ နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခြင်း နည်းပါးသည်။