တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း ဓါးပြတိုက်ခံရ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း  ဝေဠုဝန်ဘုန်းကြီးကျောင်းအကျော်နားက နေအိမ်တစ်အိမ်မှာ သေနတ်များကိုင်ဆောင်ထားတဲ့ အမျိုးသား(၅)ဦး ကားနဲ့ဆိုင်ကယ်တို့ဖြင့် ရောက်ရှိလာပြီး ဓါးပြတိုက်သွားတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့ အကူးပိုင်းအချိန်က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဓါးပြတိုက်ခံရမှုကြောင့် အိုင်ဖုန်း(၂)လုံး၊ ထိုင်းဘတ်ငွေ (၁)သိန်းနီးပါး အပါအဝင် မှတ်ပုံတင်(၂)ခုနဲ့ အိပ်ခန်းအတွင်းက ရွှေထည်ပစ္စည်းများလည်း ပါသွားတဲ့အပြင် နေအိမ်မှာရပ်ထားတဲ့ BMW အမျိုးအစား ကားတစ်စီးပါ ယူဆောင်သွားတယ်လို့ သိရပါတယ်။

ဓါးပြတိုက်ခံရသူရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားတဲ့ CCTV မှတ်တမ်းအရ ဓါးပြအဖွဲ့ဟာ ဓါးပြတိုက်အပြီး နေအိမ်ထဲက ကားကို ယူမောင်းသွားပြီး သူတို့ လာစဉ်က မောင်းလာတဲ့ ကားနဲ့ဆိုင်ကယ်တွေလည်း အနောက်ကနေ လိုက်သွားကြတာကို တွေ့ရပါတယ်။

တာချီလိတ်မြို့မှာ ခိုးဆိုးလုယက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေသလို ဓါးပြတိုက်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေလျှက်ရှိပါတယ်။၊