သံဘို စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်  ပြောပြတဲ့ တပ်တွင်းအခြေအနေ  

 

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း၊ နောင်ချိုမြို့နယ်၊ သံဘိုတိုက်ပွဲအတွင်း ဖမ်းဆီးရရှိထားသည့် စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်က တပ်တွင်းအခြေအနေများနှင့် ပတ်သက်ပြီး ပြောကြားလာမှုများကို မန္တလေး PDF ထုတ်ပြန်ထားသည်။

 TNLA နှင့် မန္တလေး PDF တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၃)ရက်နေ့  နံနက်(၇)နာရီခွဲဝန်းကျင်အချိန်က စစ်ကောင်စီ၏ သံဘိုစခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း ၎င်းအား အရှင်ဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်သလို စစ်ကောင်စီတပ်သား အများအပြားလည်း သေဆုံးသည်ဟု သိရသည်။