ကြို့ပင်ကောက်တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ၄၀ မမဖြင့် ပစ်ခတ်

ပဲခူးတိုင်း ကြိုပင်ကောက်မြို့နယ် ကုန်းရွာနှင့် ညောင်ပင်အိုင်ရွာကြားတွင် လမ်းသွား၊ လမ်းလာပြည်သူများအား စစ်ဆေးနေသည့် အင်အား(၅၀)ပါ စစ်ကောင်စီတပ်ဖွဲ့အား   ၂၀၂၃ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့က (၄၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dragon Brothers (GBK-PDF)ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်ပစ်ခတ်ခဲ့ရာ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သိရသည်။

၎င်းစစ်ကြောင်းမှာ ကုန်းရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး တချို့မှာ ကွင်းချောင်း အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် တပ်စွဲထားကြောင်း သိရသည်။ 

အာဏာရှင်ကျဆုံးရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးပန်းတိုင်သည် အချိန်နှင့်အမျှ နီးကပ်လာသည်နှင့်အညီ တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် အကြမ်းဖက် စစ်တပ်၏ ဒေါက်တိုင်များ၊ ခြေကုပ်စခန်းများနှင့် စစ်ကြောင်းများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Dragon Brothers (GBK-PDF) က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Video: သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း 3802