တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ အားလုံး ဆေးရုံက ဆင်းသွားပြီ

တာချီလိတ်မြို့တွင်  Covid-19 အတည်ပြုလူနာ အားလုံး ဆေးရုံက ဆင်းသွားပြီ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့က COVID-19 အတည်ပြုလူနာ (၁၀၆) ဦးထဲက နောက်ဆုံးလက်ကျန် အတည်ပြုလူနာ (၃)ဦးဟာ ၂၀၂၀ခုနှစ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ(၃၁)ရက်နေ့မှာ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်တဲ့အတွက် ကုသမှု ခံယူနေသူ တစ်ဦးမှ မကျန်တော့ပါဘူး။

ဆေးရုံက ဆင်းခွင့်ရတဲ့သူတွေအနေနဲ့ နေအိမ်မှာ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ဆက်လက်ပြီးတော့ (၇)ရက် နေထိုင်ရမှာ ဖြစ်ပြီး အဲ့လို ကာလအတွင်းမှာတော့ ကိုယ်ခံအားကောင်းဖို့ လိုအပ်တဲ့ ဆေးတွေကို ဂရုတစိုက်သောက်ပေးဖို့လိုပါတယ်။

တာချီလိတ်မြို့မှာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့ကစပြီး နောက်ဆုံးတွေ့ရှိရတဲ့ ဒီဇင်ဘာလ(၂၁)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၀၆)ဦး ရှိခဲ့ရာမှာ အားလုံးဟာ စိုးရိမ်ရတဲ့ ရောဂါလက္ခဏာများမရှိခဲ့ဘဲ သတ်မှတ်ထားတဲ့ (၁၁)ရက်ပြည့်တာနဲ့ ကုသဆောင်ကနေ တဆင့် နေအိမ်ကို ပြန်ခွင့်ရသွားခဲ့ကြတာပဲဖြစ်ပါတယ်။



Tachileik News Agency

သတင်းတင်ဆက် - ကိုဇောင်း

သတင်း/ရိုက်ကူး - ဟန်စိုးထိုက်

 

Ko Zaung is the editor-in-chief of Tachileik News Agency.

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။