ဘီးလင်းရေဘေး ကယ်ဆယ်ရေး ဆောင်ရွက်စဉ် ရေထဲမျောပါ ပျောက်ဆုံးနေသည့် တပ်မတော်သား (၃)ဦးအနက် (၁)ဦးအား သေဆုံးလျှက်ဖြင့် ရှာဖွေတွေ့ရှိ

ဘီးလင်းရေဘေး ကယ်ဆယ်ရေး ဆောင်ရွက်စဉ် ရေထဲမျောပါ ပျောက်ဆုံးနေသည့် တပ်မတော်သား (၃)ဦးအနက် (၁)ဦးအား သေဆုံးလျှက်ဖြင့် ရှာဖွေတွေ့ရှိ
ဇူလိုင် 28, 2018
By Tachileik News Agency
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် ပျောက်ဆုံး သွားသော တပ်မတော်သား (၃) ဦးအနက် (၁)ဦး၏ အလောင်းကိုသာ ပြန်တွေ့ရသေးကြောင်း ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့ ညနေ (၅)နာရီခွဲတွင် ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားသည်။

“ဒီနေ့ တစ်ယောက် အလောင်းတော့ ပြန်တွေ့ရပါပြီ။ ကျန်တဲ့နှစ်ယောက်ကတော့ မတွေ့ရသေးဘူး။ သူတို့အတွက် ပြည်နယ်အစိုးရက ဒီနေ့ပဲ ထောက်ပံ့ကြေးပေးအပ်ခဲ့ ပါတယ်”ဟု ဘီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးစိုးမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂၈)ရက်နေ့ ညနေပိုင်းက ပြောသည်။

ဘီးလင်းမြို့ရေကြီးမှုတွင် ကယ်ဆယ်ရေးကို ပြည်နယ်အစိုးရအဖွဲ့ အပါအ၀င် ဒေသတွင်း လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများ၊ တပ်မတော်၊ ဒေသတွင်း ကယ်ဆယ်ရေး အဖွဲ့များက ပူးပေါင်းလုပ်ဆောင်နေကြရာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့တွင် ကယ်ဆယ်ရေးအဖွဲ့မှ တပ်မတော်သား (၃)ဦး မျောပါပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် ပျောက်ဆုံး သွားသော တပ်မတော်သား (၃) ဦးကို ပြန်မတွေ့သေးကြောင်း ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့ ညနေ (၅)နာရီခွဲတွင် အတည်ပြုပြောကြားသည်။

“အခုချိန်ထိတော့ တွေ့ပြီလို့ သတင်းမရသေးပါဘူး။ မတွေ့သေးပါဘူး ခင်ဗျ”ဟု ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ဘီးလင်းမြို့ရကြေီးမှုတွင် ကယ်ဆယ်ရေးကို ဒေသတွင်း လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများ၊ တပ်မတော်၊ ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့များက ပူးပေါင်း လုပ်ဆောင်နကြေရာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့တွင် ကယ်ဆယ်ရေးအဖွဲ့မှ တပ်မတော်သား (၃)ဦး မျောပါပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ (၂၇) ရက်နေ့တွင် ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် ပျောက်ဆုံးသွားသော တပ်မတော်သား (၃) ဦးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့ငွေ ကျပ်သိန်း(၆၀)ကို ဇူလိုင်လ(၂၈)ရက်နေ့တွင် ပေးအပ်လိုက်ကြောင်းလည်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~