တာခ်ီလိတ္တြင္ က်င္းပသည့္ လူကုန္ကူးမႈတုိက္ဖ်က္ေရးေန႔အထိမ္းအမွတ္ အခမ္းအနားသို႔ ထုိင္းတာဝန္ရိွသူမ်ားလည္း တက္ေရာက္

တာခ်ီလိတ္တြင္ က်င္းပသည့္ လူကုန္ကူးမႈတုိက္ဖ်က္ေရးေန႔အထိမ္းအမွတ္ အခမ္းအနားသို႔ ထုိင္းတာဝန္ရိွသူမ်ားလည္း တက္ေရာက္
စက်တင်ဘာ 13, 2019
By 🌸
သတၱမအႀကိမ္ေျမာက္ ျမန္မာႏုိင္ငံ လူကုန္ကူးမႈတုိက္ဖ်က္ေရးေန႔အထိမ္းအမွတ္ အခမ္းအနားကို ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၃)ရက္ေန႔က က်င္းပေနရာ တာခ်ီလိတ္ ခရိုင္မွ တာဝန္ရိွသူမ်ားႏွင့္အတူ ထုိင္းနိုင္ငံ၊ မယ္ဆိုင္ခရိုင္လဝကမွဴးႏွင့္အဖြဲ႕လည္း တက္ေရာက္သည္ကို ေတြ႔ရသည္။

လူကုန္ကူးခံရသူမ်ားအား စာနာနားလည္ျခင္းျဖင့္ ကာကြယ္ေစာင့္ေရွာက္ႏုိင္ရန္ႏွင့္ လူကုန္ကူးမႈဆုိင္ရာ အသိပညာမ်ား ျပည္သူလူထုအတြင္း စိမ့္ဝင္ပ်ံ႕ႏွံ႔ေစရန္အပါအဝင္ ၂၀၁၉ ခုႏွစ္ လူကုန္ကူးမႈ တုိက္ဖ်က္ေရးေန႔ ရည္ရြယ္ခ်က္ (၄)ရပ္ ခ်မွတ္ထားျခင္းျဖစ္သည္။

အခမ္းအနားတြင္ ခရိုင္လူကုန္ကူးမႈတားဆီးကာကြယ္ေရး ဥကၠဌ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္က အဖြင့္မိန္႔ခြန္းေျပာၾကားၿပီး ဒု ဥကၠဌ ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ေပၚထြန္းက လူကုန္ကူးမႈတုိက္ဖ်က္ေရးေန႔သို႔ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူေျပာၾကားသည့္ မိန္႔ခြန္းကို ဖတ္ၾကားသည္။

သတၱမအႀကိမ္ေျမာက္ ျမန္မာႏုိင္ငံ လူကုန္ကူးမႈတုိက္ဖ်က္ေရးေန႔အထိမ္းအမွတ္ ေတးသီခ်င္းေရးဆိုၿပိဳင္ပြဲႏွင့္ တစ္ခန္းရပ္ျပဇာတ္တြင္ ပထမဆုရရိွထားသည့္ နားအြန္ အထက္တန္းေက်ာင္းခြဲ၊ ေတးသရုပ္ေဖၚ ပထမရသည့္ အ.မ.က ရန္ကင္းေက်ာင္း၊ ပန္းခ်ီ၊ကာတြန္း၊ ပိုစတာၿပိဳင္ပြဲမ်ား၌ ဆုရ ေက်ာင္းသားေက်ာင္းသူမ်ားလည္း တက္ေရာက္ၾကသည္ကို ေတြ႔ရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် ကျင်းပသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့  ထိုင်းတာဝန်ရှိသူများလည်း တက်ရောက်
*************
သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့က ကျင်းပနေရာ တာချီလိတ် ခရိုင်မှ တာဝန်ရှိသူများနှင့်အတူ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ခရိုင်လဝကမှူးနှင့်အဖွဲ့လည်း တက်ရောက်သည်ကို တွေ့ရသည်။

လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်အပါအဝင် ၂၀၁၉ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ရည်ရွယ်ချက် (၄)ရပ် ချမှတ်ထားခြင်းဖြစ်သည်။

အခမ်းအနားတွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အဖွင့်မိန့်ခွန်းပြောကြားပြီး ဒု ဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်းက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့သို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူပြောကြားသည့် မိန့်ခွန်းကို ဖတ်ကြားသည်။

သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် တေးသီချင်းရေးဆိုပြိုင်ပွဲနှင့် တစ်ခန်းရပ်ပြဇာတ်တွင် ပထမဆုရရှိထားသည့် နားအွန် အထက်တန်းကျောင်းခွဲ၊ တေးသရုပ်ဖေါ် ပထမရသည့် အ.မ.က ရန်ကင်းကျောင်း၊ ပန်းချီ၊ကာတွန်း၊ ပိုစတာပြိုင်ပွဲများ၌ ဆုရ ကျောင်းသားကျောင်းသူများလည်း တက်ရောက်ကြသည်ကို တွေ့ရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net