မိုင်းဆတ်မြို့နယ်အတွင်း မူးယစ်အမှုဖြင့် ထွက်ပြေးနေသူ၏ နေအိမ်ကို (၅) လအကြာတွင် ရှာဖွေတွေ့ရှိပြီး မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ သိမ်းဆည်းရမိ သော်လည်း တရားခံကို မမိသေး

မိုင်းဆတ်မြို့နယ်အတွင်း မူးယစ်အမှုဖြင့် ထွက်ပြေးနေသူ၏ နေအိမ်ကို (၅) လအကြာတွင် ရှာဖွေတွေ့ရှိပြီး မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ သိမ်းဆည်းရမိ သော်လည်း တရားခံကို မမိသေး
အောက်တိုဘာ 25, 2020
By Tachileik News Agency
မိုင်းဆတ်မြို့နယ်အတွင်း မူးယစ်အမှုဖြင့် ထွက်ပြေးနေသူ၏ နေအိမ်ကို (၅) လအကြာတွင် ရှာဖွေတွေ့ရှိပြီး မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ သိမ်းဆည်းရမိ သော်လည်း  တရားခံကို မမိသေး
မိုင်းဆတ် - တာချီလိတ်လမ်း၌ လွန်ခဲ့သည့် (၅)လဝန်းကျင်က စိတ်ကြွဆေးပြား (၃) သိန်းသယ်လာသူ (၂)ဦးကို ဖမ်းမိသည့်အမှုမှ ထွက်ပြေးတိမ်းရှောင်နေသူ၏နေအိမ်အား အောက်တိုဘာလ (၂၄)ရက်နေ့ ညပိုင်းက ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေး ထုတ်လုပ်သည့်ပစ္စည်းများကို တွေ့ရသော်လည်း လူကိုဖမ်းမိခြင်းမရှိကြောင်း သိရသည်။
မူးယစ်မှုမှ ထွက်ပြေးတိမ်းရှောင်နေသူ လော်ဖာ၏ မိုင်းတွမ်း(တောင်ပေါ်)ကျေးရွာအုပ်စု၊ နမ့်ခမ်း(၁) အောက်ကျေးရွာရှိ နေအိမ်အား အောက်တိုဘာလ (၂၄)ရက်နေ့ညပိုင်းက မူးယစ်တပ်ဖွဲ့စု (၂၉) မိုင်းဆတ်နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ဖမ်းဆီးရာ လူမရှိဘဲ နေအိမ်ကို သော့ခတ်ထားသည်ကို တွေ့ရပြီး နေအိမ်အတွင်းမှ ICE (၁၂၄) ကီလိုဂရမ်ဝန်းကျင်၊ ကဖင်း (၆၅၀) ကီလိုဂရမ်ဝန်းကျင်နှင့် စိတ်ကြွဆေးပြားတံဆိပ်ရိုက်သည့် သံမှို (၂၂)ချောင်းတို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။
ထွက်ပြေးတိမ်းရှောင်နေသည့် လော်ဖာမှာ တာချီလိတ်မြို့နယ်အတွင်း  ၂၀၂၀ ခုနှစ်၊ မေလ (၇) ရက်နေ့က တာချီလိတ် - မိုင်းဆတ်သွား ကားလမ်းပေါ်တွင် မိုင်းဆတ်မြို့ဘက်ကလာသည့် မော်တော်ယာဉ်တစ်စီးတွင် စိတ်ကြွဆေးပြား (၃)သိန်း သယ်လာသည်ကို တွေ့ရသဖြင့် ယာဉ်မောင်းနှင့် ယာဉ်ပေါ်လိုက်ပါလာသူ လူငယ် (၂)ဦးကို ဖမ်းမိသည့်အမှုမှ တိမ်းရှောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
ထွက်ပြေးတိမ်းရှောင်နေသော လော်ဖာအား မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မယ(ပ) ၅၆/၂၀၂၀ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၆(ခ)/၁၉(က)ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
မေလအတွင်းက စိတ်ကြွဆေးပြား (၃)သိန်းနှင့်အတူ ဖမ်းမိသည့် လူငယ်နှစ်ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၆၃/၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၉(က)/၂၁ ဖြင့် အမှုဖွင့်၍ တရားစွဲဆိုခဲ့ရာ တာချီလိတ်မြို့နယ်တရားရုံးက ပြစ်မှုထင်ရှားသည့် လူငယ်တစ်ဦးအား ထောင်ဒဏ် (၁၃) နှစ်ချမှတ်ပြီး ကျန်တစ်ဦးမှာ ပြစ်မှုမထင်ရှားသဖြင့် ပြစ်ဒဏ်ကျခံရခြင်းမရှိကြောင်း သိရသည်။
  Tachileik News Agency
သတင်း - သန်းဇော်(မိုင်းဆတ်)
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~