စက်တင်ဘာလ(၂၁)ရက်နေ့အတွက် နှစ်သုတ်ပေါင်း စစ်ဆေးချက်အရ Covid-19 အတည်ပြုလူနာ (၆၆၆)ဦး ထပ်တိုး

စက်တင်ဘာလ(၂၁)ရက်နေ့အတွက် နှစ်သုတ်ပေါင်း စစ်ဆေးချက်အရ Covid-19 အတည်ပြုလူနာ (၆၆၆)ဦး ထပ်တိုး
စက်တင်ဘာ 22, 2020
By Tachileik News Agency

စက်တင်ဘာလ(၂၁)ရက်နေ့အတွက် နှစ်သုတ်ပေါင်း စစ်ဆေးချက်အရ Covid-19 အတည်ပြုလူနာ (၆၆၆)ဦး ထပ်တိုး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် စက်တင်ဘာလ(၂၁)ရက်နေ့၏ ဒုတိယအသုတ်ဓါတ်ခွဲနမူနာ(၂,၉၉၇)ခုကို စစ်ဆေးရာ အတည်ပြုလူနာ (၃၂၀)ဦး ထပ်တိုး၍ စက်တင်ဘာလ(၂၁)ရက်နေ့အတွက် ပထမ နှင့် ဒုတိယအသုတ် စစ်ဆေးမှုများတွင် အတည်ပြုလူနာ စုစုပေါင်း (၆၆၆)ဦး ထပ်တိုးကြောင်း သိရဿည်။
စက်တင်ဘာလ(၂၁)ရက်နေ့အတွက် ပထမအသုတ်အဖြစ် ဓါတ်ခွဲနမူနာပေါင်း (၂,၄၃၉)ခုကို စစ်ဆေးရာ အတည်ပြုလူနာ (၃၄၆)ဦးတိုးခဲ့ကြောင်းကို စက်တင်ဘာလ(၂၁)ရက်နေ့ ည(၈)နာရီအချိန်က သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
စက်တင်ဘာလ(၂၁)ရက်နေ့အတွက် နှစ်သုတ်ပေါင်းအဖြစ် ဓါတ်ခွဲနမူနာ စုစုပေါင်း (၅,၄၃၆)ခုကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဓါတ်ခွဲစစ်ဆေးပြီးသည့် အရေအတွက်မှာ (၂၂၄,၃၈၃)ခုရှိရာ  (၆၄၇၁)ဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိထား၍ ဆေးဝါးကုသပေးနေရာ (၁၄၄၅)ဦးသည် သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသွားပြီဖြစ်သော်လည်း သေဆုံးသူမှာ စုစုပေါင်း (၁၀၀)တိတိရှိနေပြီ ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဓါတ်ခွဲနမူနာများကို တစ်နေ့တာအတွက် ပထမအသုတ်စစ်ဆေးချက်၏ အဖြေကို ညစဉ်(၈)နာရီတွင် သတင်းထုတ်ပြန်ပြီး ဒုတိယအကြိမ် စစ်ဆေးမှု၏ အဖြေများကို နောက်တစ်နေ့ နံနက်(၈)နာရီတိုင်းတွင် သတင်းထုတ်ပြန်လေ့ရှိသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~