ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးဝယ်သူအဖြစ် အသွင်ယူဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးဝယ်သူအဖြစ် အသွင်ယူဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
သြဂုတ် 2, 2020
By Tachileik News Agency

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးဝယ်သူအဖြစ် အသွင်ယူဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ထိုင်းနိုင်ငံတွင် ဆုကြေးထုတ်ခံထားရသည့် မူးယစ်ဆေးဖြန့်ဖြူးသူတစ်ဦးကို အသွင်ယူဖမ်းဆီးသည့် ရဲအရာရှိ ပစ်ခတ်ခံရ၍ ဒဏ်ရာပြင်းထန်စွာရသွားပြီး မူးယစ်ဆေးဖြန့်သူကို အသေပစ်ခတ်ဖမ်းဆီးရမိကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ၊ နခွန်ရတ်ချစီမာဒေသရှိ မူးယစ်ဆေးဖြန့်ဖြူးသူနေထိုင်သည့်နေအိမ်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့က ရဲအရာရှိတစ်ဦးမှ စိတ်ကြွရူးသွပ်ဆေးပြားဝယ်မည့်သူအဖြစ် အသွင်ယူကာ နေအိမ်ဝန်းသို့ ဝင်သွားပြီးနောက် ကျန် ရဲတပ်ဖွဲ့ဝင်အင်အား (၅၀)ဝန်းကျင် ပါဝင်သည့် တပ်ဖွဲ့က နေအိမ်ဝန်းကျင်တွင် စောင့်ဆိုင်းနေခဲ့စဉ် အသွင်ယူထားသည့် ရဲအရာရှိအား နေအိမ်အပေါ်ထပ်မှနေ၍ မူးယစ်ဆေးရောင်းသူမှ သေနတ်ဖြင့် ပစ်ခတ်လိုက်ရာ ဒဏ်ရာပြင်းထန်စွာ ရသွားခြင်းဖြစ်သည်။

အသွင်ယူထားသည့် ရဲအရာရှိအား ပစ်ခတ်ခံရသဖြင့် နေအိမ်ဝန်းကျင်တွင် စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး အသက် (၃၈)နှစ်အရွယ် မူးယစ်ဆေးဖြန့်သူမှာ နေရာတွင် သေဆုံးလျှက် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဖြန့်သူရှိရာကို သတင်းပေးနိုင်သူအား ဆုကြေးငွေ ဘတ် (၃၀,၀၀၀) ချီးမြှင့်မည်ဟု ဆုကြေးငွေထုတ်ခံထားရသူဖြစ်သည်။

ဒဏ်ရာရသွားသည့် ရဲအရာရှိကို ဆေးရုံအထူးကြပ်မတ်ကုသခန်းတွင် ကုသပေးနေဆဲဖြစ်ပြီး စိုးရိမ်ရကြောင်း သိရသည်။

Tachileik News Agency
Source: BangKok Post


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~