ကျောက်မဲမြို့နယ်အတွင်း တောင်ယာစိုက်ခင်းတွင် မိုင်းတစ်လုံးအား ဓါးမဖြင့် ခုတ်မိရာမှ ပေါက်ကွဲ၍ တစ်ဦးသေဆုံး

ကျောက်မဲမြို့နယ်အတွင်း တောင်ယာစိုက်ခင်းတွင် မိုင်းတစ်လုံးအား ဓါးမဖြင့် ခုတ်မိရာမှ ပေါက်ကွဲ၍ တစ်ဦးသေဆုံး
ဇူလိုင် 28, 2020
By Tachileik News Agency

ကျောက်မဲမြို့နယ်အတွင်း တောင်ယာစိုက်ခင်းတွင် မိုင်းတစ်လုံးအား ဓါးမဖြင့် ခုတ်မိရာမှ ပေါက်ကွဲ၍ တစ်ဦးသေဆုံး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာအုပ်စု၊  ကျောင်းကုန်းကျေးရွာအနီး တောင်ယာစိုက်ခင်း တစ်ခုတွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့ နေ့လယ်ပိုင်းက မိုင်းတစ်လုံးပေါက်ကွဲ၍ ဒေသခံအမျိုးသားတစ်ဦး သေဆုံးသွားသည်။

ကျောင်းကုန်းကျေးရွာ ဒေသခံတစ်ဦးဖြစ်သည့် အသက် (၅၉)နှစ်အရွယ် ဦးချစ်မောင်သည် ၎င်း၏ဇနီးဖြစ်သူနှင့်အတူ တောင်ယာပြောင်းခင်းသို့ သွားရောက်ခဲ့ပြီး နေ့လယ် (၁)နာရီခွဲဝန်းကျင်တွင် တောင်ယာပြောင်းခင်းထဲ၌ တိုက်မိုင်းဟု ယူဆရသော မိုင်းတစ်လုံးအား ဓါးမဖြင့် ခုတ်မိ၍ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးချစ်မောင်သည် မိုင်းပေါက်ကွဲမှုကြောင့် ယာဘက်လက်ချောင်းများပြတ်ထွက်ကာ မိုင်းစထိမှန် ဒဏ်ရာများဖြင့် ပေါက်ကွဲမှုဖြစ်သည့် နေရာနှင့် (၅) ပေခန့်အကွာသို့ လွင့်စင်သွားကာ သေဆုံးသွားရခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူထံမှ သိရသည်။

အခင်းဖြစ်ပွားရာ နေရာအား သက်ဆိုင်ရာက သွားရောက်စစ်ဆေးရာ ပေါက်ကွဲမှုဖြစ်ပွားရာအနီးတွင် ဓါးမတစ်ချောင်းနှင့် မပေါက်ကွဲသေးသော တိုက်မိုင်းဟု ယူဆရသည့် မိုင်းတစ်လုံးကိုပါ ထပ်မံစစ်ဆေးတွေ့ရကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ နောင်ပိန်ကျေးရွာနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၄/၂၀၂၀ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ -ရဲတပ်ဖွဲ့


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~