ကုန်သွယ်ရေးလုပ်ငန်းတွေ ဖြေလျော့ဖို့ရှိနေတဲ့အတွက် လုပ်ငန်းရှင်တွေကို OSS အဖွဲ့က ကူညီပေးရန် ပြည်ထောင်စုဝန်ကြီး လမ်းညွှန့်ကုန်သွယ်ရေးလုပ်ငန်းတွေ ဖြေလျော့ဖို့ရှိနေတဲ့အတွက် လုပ်ငန်းရှင်တွေကို OSS အဖွဲ့က ကူညီပေးရန် ပြည်ထောင်စုဝန်ကြီး လမ်းညွှန့်

ဇန်နဝါရီ 26, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

ကုန်သွယ်ရေးလုပ်ငန်းတွေ ဖြေလျော့ဖို့ရှိနေတဲ့အတွက် လုပ်ငန်းရှင်တွေကို OSS အဖွဲ့က ကူညီပေးရန်  ပြည်ထောင်စုဝန်ကြီး လမ်းညွှန့်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့မှာ ရောက်ရှိလာတဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဝမ်ပုံဆိပ်ကမ်းမှာ ဌာနဆိုင်ရာဝမ်ထမ်းတွေနဲ့တွေဆုံချိန်မှာ ကုန်သွယ်ရေးလုပ်ငန်းတွေဖြေလျော့ဖို့ရှိနေတဲ့အတွက် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေကို OSS အဖွဲ့တွေက ကူညီပေးဖို့လိုကြောင်း လမ်းညွှန်ခဲ့ပါတယ်။

ကုန်စည်တွေစတင် တင်ပို့ချိန်မှာ စစ်ဆေးရေးဂိတ်တွေက တားဆီးမှုတွေရှိခဲ့တဲ့အတွက် အုပ်ချုပ်ရေးပိုင်းက ညှိနှိုင်းဖြေရှင်းပေးခဲ့လို့ အဆင်ပြေခဲ့ကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့အဖွဲ့က ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့ မြန်မာ့လေကြောင်းလိုင်းနဲ့ တာချီလိတ်လေဆိပ်ကိုရောက်ရှိလာခဲ့ပြီး ဖန်မင်ကျေးရွာအုပ်စုရှိ ဦးကျဟေး ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ၊ ဝမ်ပုံဆိပ်ကမ်း နဲ့ နယ်စပ်နယ်နိမိတ်မှတ်တိုင်နေရာတွေကကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~