ဆရာတော် ဒေါက်တာ ဘဒ္ဒန ္တနန္ဒမာလာဘိဝံသ ပါမောက္ခချုပ်တာဝန်မှ အနားယူခြင်းနှင့်ပတ်သက်၍ အများပြည်သူသို့ ရှင်းလင်းချက်ထုတ်ပြန်

ဆရာတော် ဒေါက်တာ ဘဒ္ဒန ္တနန္ဒမာလာဘိဝံသ ပါမောက္ခချုပ်တာဝန်မှ အနားယူခြင်းနှင့်ပတ်သက်၍ အများပြည်သူသို့ ရှင်းလင်းချက်ထုတ်ပြန်
နိုဝင်ဘာ 14, 2019
By 🌸

ဆရာတော် ဒေါက်တာ ဘဒ္ဒန ္တနန္ဒမာလာဘိဝံသ ပါမောက္ခချုပ်တာဝန်မှ အနားယူခြင်းနှင့်ပတ်သက်၍ အများပြည်သူသို့ ရှင်းလင်းချက်ထုတ်ပြန်

ဆရာတော် ဒေါက်တာ ဘဒ္ဒန ္တနန္ဒမာလာဘိဝံသသည် ကျန်းမာရေးအခြေအနေကြောင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်တာဝန်မှ အနားယူသွားခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့တွင် အများပြည်သူသို့ ရှင်းလင်းချက်ထုတ်ပြန်သည်။

ဆရာတော် ဒေါက်တာ ဘဒ္ဒန ္တနန္ဒမာလာဘိဝံသသည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် ၁၉၉၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ ၂၀၀၅ ခုနှစ် ဇွန်လ (၉)ရက်နေ့အထိ ဧည့်ပါမောက္ခအဖြစ် လည်းကောင်း၊ ၂၀၀၅ ခုနှစ် ဇွန်လ (၁၀)ရက်နေ့မှ နိုဝင်ဘာလ (၁၃)ရက်နေ့အထိ ဒုတိယပါမောက္ခချုပ် အဖြစ်လည်းကောင်း၊ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့အထိ ပါမောက္ခချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်သည့် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခနှင့် တွဲဖက်ပါမောက္ခဆရာတော်များသည် သက်တော် (၆၅)နှစ်အထိ တာဝန်ထမ်းဆောင်ခွင့်ရှိပြီး လိုအပ်ပါက (၁)နှစ် (၁)ကြိမ်သက်တမ်းတိုးခြင်းကို (၅)နှစ်အထိ ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော် ဒေါက်တာ ဘဒ္ဒန ္တနန္ဒမာလာဘိဝံသမှာ သက်တော်ပြည့်ပြီးဖြစ်သော်လည်း တက္ကသိုလ်က တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးခြင်းကို (၁၄)ကြိမ်အထိ သက်တမ်းတိုး တာဝန်ပေးအပ်ခဲ့ရာမှ လက်ရှိအချိန်တွင် ဆရာတော်၏ ကျန်းမာရေးအခြေအနေကြောင့် အနားယူရန်လိုအပ်နေ၍ သက်တမ်းထပ်တိုးခြင်းအား မလုပ်ဆောင်တော့ခြင်းဖြစ်ကြောင်း ဖေါ်ပြထားသည်။

ဆရာတော်၏ ကျန်းမာရေးအခြေအနေကြောင့် သက်တမ်းထပ်တိုးခြင်းမပြုတော့ဘဲ အနားယူခွင့်ပြုရန်  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးရာကော်မတီက စက်တင်ဘာလ (၂၅)ရက်နေ့က ကျင်းပသည့် အစည်းအဝေး အမှတ်စဉ် (၉/၂၀၁၉)တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ဆရာတော် ဘဒ္ဒန္တနန္ဒမာလာဘိဝံသ facebook page

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net