AA က ပြန်လွှတ်ပေးလိုက်သည့် အိန္ဒိယနိုင်ငံသား(၅)ဦးအတွက် အိန္ဒိယသံရုံးက ရခိုင်ပြည်နယ်အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်

AA က ပြန်လွှတ်ပေးလိုက်သည့် အိန္ဒိယနိုင်ငံသား(၅)ဦးအတွက် အိန္ဒိယသံရုံးက ရခိုင်ပြည်နယ်အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်
နိုဝင်ဘာ 4, 2019
By Tachileik News Agency
AA က ပြန်လွှတ်ပေးလိုက်သည့် အိန္ဒိယနိုင်ငံသား(၅)ဦးအတွက် အိန္ဒိယသံရုံးက 
ရခိုင်ပြည်နယ်အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်တော်အနီး ကုလားတန်မြစ်ကြောင်းတွင် AA အဖွဲ့က ဖမ်းဆီးသွားရာမှ နိုဝင်ဘာလ (၄) ရက်နေ့ နံနက် (၆)နာရီ၌ ပြန်လွှတ်ပေးလိုက်သည့် အိန္ဒိယနိုင်ငံသား (၅) ဦးကို ရန်ကုန်သို့ ခေါ်ဆောင်ရန် အိန္ဒိယသံရုံးက ရခိုင်ပြည်နယ်အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်ထားသည်ဟု သိရသည်။

AA က ဖမ်းဆီးခေါ်ဆောင်သွားစဉ်အတွင်း အိန္ဒိယနိုင်ငံသား (၅)ဦးအနက် (၁)ဦးမှာ သေဆုံးခဲ့ရကြောင်း သိရသည်။

"မနေ့က ဖမ်းပြီးတော့ ဒီနေ့မနက် (၆) နာရီမှာတော့ ဒီ (၁၀) ယောက်ထဲက အိန္ဒိယနိုင်ငံသား (၅) ယောက် အပါအဝင်ပေါ့ စက်လှေသမားတို့၊ ဘာသာပြန်တို့ (၉) ယောက်တော့ လွှတ်လိုက်ပြီ။ ဦးဝှေ့တင်းကိုတော့ မေးမြန်းစရာရှိတယ် ဆိုပြီးတော့ ခေါ်ထားတယ်လို့ ပြောပါတယ်။ အိန္ဒိယနိုင်ငံသား (၅) ယောက်မှာ (၁) ယောက်ကတော့ တောင်ပေါ်အတက်မှာ အမောဆို့ပြီးတော့ သေသွားတယ်လို့ ပြောတယ်။ အလောင်းကို သူတို့ပြန်သယ်လာတယ်”ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၄)ရက်နေ့ နေ့လည်(၁၁)နာရီအချိန်က ပြောသည်။

လွှတ်တော်တက်ရန်လာသည့် ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း၊ ကုလားတန်စီမံကိန်း (ပလက်ဝ-ဇိုရမ်ပွီလမ်းပိုင်း) မှ အိန္ဒိယနိုင်ငံသား ဝန်ထမ်း (၅) ဦး၊ စကားပြန် (၂) ဦး၊ စပိဘုတ်မောင်းသူ (၂) ဦးတို့ လိုက်ပါလာသည့် စပိဘုတ် (၂) စီးသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ နံနက် (၈)နာရီတွင် ပလက်ဝမှ ကျောက်တော်သို့ ကုလားတန်မြစ်ကြောင်းအတိုင်း ထွက်ခွာလာစဉ် AA အဖွဲ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ပြန်လွတ်လာသည့် (၉)ဦးအနက် အိန္ဒိယနိုင်ငံသား (၅)ဦးမှာ စစ်တွမြေို့မှ ရန်ကုန်သို့ သွားရောက်ကြမည် ဖြစ်သည်။

“ သူတို့ အိန္ဒိယသံရုံးကနပြေီးတော့ ရခိုင်ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းပြီးတော့ သူတို့စစ်တွေကနေ လေယာဉ်နဲ့ ရန်ကုန်ကိုသွားဖို့အတွက် အဲဒါလေးတွေ ညှိနှိုင်းဆောင်ရွက်နေတာလေးတွေ ရှိပါတယ်။ ကျွန်တော်တို့ ပြည်နယ်အစိုးရဘက်အနေနဲ့ကတော့ သူတို့နဲ့ တိုက်ရိုက်တော့ အဆက်အသွယ်မရဘူး။ တစ်ဆင့် Infomatiom လေးတွေရတယ်ခင်ဗျ။ သူတို့လေယာဉ်လက်မှတ်ရရှိဖို့တို့၊ လူမှုကူညီရေးအနေနဲ့ပေါ့ ရခိုင်ပြည်နယ်အစိုးရက တိုက်ရိုက်လုပ်မှရမယ့်အနေအထား ရှိပါတယ်"ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စပိဘုတ်နှစ်စီးမှာ ကျောက်တော်မြို့သို့ ဆိုက်ရောက်ရမည့် နိုဝင်ဘာလ (၃) ရက်နေ့ နံနက် (၁၀) နာရီအချိန်ထိ ရောက်ရှိလာခြင်းမရှိကြောင်း ဆက်သွယ်အကြောင်းကြားချက်အရ ချင်းပြည်နယ်အစိုးရ၏ ညွန်ကြားချက်ဖြင့် ပလက်ဝမြို့နယ်မှ သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ချက်ချင်းစုံစမ်းရှာဖွေရာ စပိဘုတ်နှစ်စီးကို ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်နယ်စပ်၊ ပွီဝုန်းအောက်ဘက် ကျောက်တန်း ရခိုင်ရွာအနီးကမ်းစပ်တွင် မွန်းတည့် (၁၂) နာရီဝန်းကျင်၌ တွေ့ခဲ့ရသော်လည်း စပိဘုတ်နှစ်စီးမှ (၁၀)ဦးလုံးမှာ ပျောက်ဆုံးနေသည်ကိုသာ တွေ့ခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

AA က ျပန္လႊတ္ေပးလုိက္သည့္ အိႏၵိယႏုိင္ငံသား(၅)ဦးအတြက္ အိႏၵိယသံရံုးက 
ရခုိင္ျပည္နယ္အစိုးရႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္

ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္အနီး ကုလားတန္ျမစ္ေၾကာင္းတြင္ AA အဖြဲ႕က ဖမ္းဆီးသြားရာမွ ႏိုဝင္ဘာလ (၄) ရက္ေန႔ နံနက္ (၆)နာရီ၌ ျပန္လႊတ္ေပးလုိက္သည့္ အိႏၵိယႏုိင္ငံသား (၅) ဦးကို ရန္ကုန္သို႔ ေခၚေဆာင္ရန္ အိႏၵိယသံရံုးက ရခိုင္ျပည္နယ္အစိုးရႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္ထားသည္ဟု သိရသည္။

AA က ဖမ္းဆီးေခၚေဆာင္သြားစဥ္အတြင္း အိႏၵိယႏုိင္ငံသား (၅)ဦးအနက္ (၁)ဦးမွာ ေသဆံုးခဲ့ရေၾကာင္း သိရသည္။

"မေန႔က ဖမ္းၿပီးေတာ့ ဒီေန႔မနက္ (၆) နာရီမွာေတာ့ ဒီ (၁၀) ေယာက္ထဲက အိႏၵိယႏိုင္ငံသား (၅) ေယာက္ အပါအဝင္ေပါ့ စက္ေလွသမားတို႔၊ ဘာသာျပန္တို႔ (၉) ေယာက္ေတာ့ လႊတ္လိုက္ၿပီ။ ဦးေဝွ႔တင္းကိုေတာ့ ေမးျမန္းစရာရိွတယ္ ဆိုၿပီးေတာ့ ေခၚထားတယ္လို႔ ေျပာပါတယ္။ အိႏၵိယႏိုင္ငံသား (၅) ေယာက္မွာ (၁) ေယာက္ကေတာ့ ေတာင္ေပၚအတက္မွာ အေမာဆို႔ၿပီးေတာ့ ေသသြားတယ္လို႔ ေျပာတယ္။ အေလာင္းကို သူတုိ႔ျပန္သယ္လာတယ္”ဟု ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရိွသူ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုးထက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ႏို၀င္ဘာလ(၄)ရက္ေန႔ ေန႔လည္(၁၁)နာရီအခ်ိန္က ေျပာသည္။

လႊတ္ေတာ္တက္ရန္လာသည့္ ခ်င္းျပည္နယ္မွ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္း၊ ကုလားတန္စီမံကိန္း (ပလက္ဝ-ဇိုရမ္ပြီလမ္းပိုင္း) မွ အိႏၵိယႏိုင္ငံသား ဝန္ထမ္း (၅) ဦး၊ စကားျပန္ (၂) ဦး၊ စပိဘုတ္ေမာင္းသူ (၂) ဦးတို႔ လိုက္ပါလာသည့္ စပိဘုတ္ (၂) စီးသည္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၃)ရက္ေန႔ နံနက္ (၈)နာရီတြင္ ပလက္ဝမွ ေက်ာက္ေတာ္သို႔ ကုလားတန္ျမစ္ေၾကာင္းအတုိင္း ထြက္ခြာလာစဥ္ AA အဖြဲ႕က ဖမ္းဆီးခံခဲ့ရျခင္းျဖစ္သည္။

ျပန္လြတ္လာသည့္ (၉)ဦးအနက္ အိႏၵိယႏုိင္ငံသား (၅)ဦးမွာ စစ္ေတြၿမိဳ႕မွ ရန္ကုန္သို႔ သြားေရာက္ၾကမည္ ျဖစ္သည္။

“ သူတို႔ အိႏၵိယသံရံုးကေနၿပီးေတာ့ ရခိုင္ျပည္နယ္အစိုးရနဲ႔ ညိႇႏိႈင္းၿပီးေတာ့ သူတို႔စစ္ေတြကေန ေလယာဥ္နဲ႔ ရန္ကုန္ကိုသြားဖို႔အတြက္ အဲဒါေလးေတြ ညိႇႏိႈင္းေဆာင္ရြက္ေနတာေလးေတြ ရိွပါတယ္။ ကၽြန္ေတာ္တို႔ ျပည္နယ္အစိုးရဘက္အေနနဲ႔ကေတာ့ သူတို႔နဲ႔ တိုက္ရိုက္ေတာ့ အဆက္အသြယ္မရဘူး။ တစ္ဆင့္ Infomatiom ေလးေတြရတယ္ခင္ဗ်။ သူတို႔ေလယာဥ္လက္မွတ္ရရိွဖို႔တို႔၊ လူမႈကူညီေရးအေနနဲ႔ေပါ့ ရခိုင္ျပည္နယ္အစိုးရက တိုက္ရိုက္လုပ္မွရမယ့္အေနအထား ရိွပါတယ္"ဟု ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရိွသူ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုးထက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စပိဘုတ္ႏွစ္စီးမွာ ေက်ာက္ေတာ္ၿမိဳ႕သို႔ ဆုိက္ေရာက္ရမည့္ ႏိုဝင္ဘာလ (၃) ရက္ေန႔ နံနက္ (၁၀) နာရီအခ်ိန္ထိ ေရာက္ရိွလာျခင္းမရိွေၾကာင္း ဆက္သြယ္အေၾကာင္းၾကားခ်က္အရ ခ်င္းျပည္နယ္အစိုးရ၏ ၫြန္ၾကားခ်က္ျဖင့္ ပလက္ဝၿမိဳ႕နယ္မွ သက္ဆိုင္ရာဌာန တာဝန္ရွိသူမ်ားက ခ်က္ခ်င္းစုံစမ္းရွာေဖြရာ စပိဘုတ္ႏွစ္စီးကို ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္နယ္စပ္၊ ပြီဝုန္းေအာက္ဘက္ ေက်ာက္တန္း ရခိုင္႐ြာအနီးကမ္းစပ္တြင္ မြန္းတည့္ (၁၂) နာရီဝန္းက်င္၌ ေတြ႔ခဲ့ရေသာ္လည္း စပိဘုတ္ႏွစ္စီးမွ (၁၀)ဦးလံုးမွာ ေပ်ာက္ဆံုးေနသည္ကိုသာ ေတြ႔ခဲ့ရျခင္းျဖစ္သည္။

Tachileik News Agency
သတင္း - ခ်ယ္ရီထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net