ထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္အတြင္းရွိ ေတာလမ္းတြင္ ပစ္ခတ္မႈ (၅)မိနစ္ခန္႔ျဖစ္ပြားၿပီးေနာက္ စိတ္ၾကြေဆးျပား (၁၁)သိန္း သိမ္းဆည္းရမိ

ထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္အတြင္းရွိ ေတာလမ္းတြင္ ပစ္ခတ္မႈ (၅)မိနစ္ခန္႔ျဖစ္ပြားၿပီးေနာက္ စိတ္ၾကြေဆးျပား (၁၁)သိန္း သိမ္းဆည္းရမိ
စက်တင်ဘာ 10, 2019
By Tachileik News Agency

ထိုင္းႏုိင္ငံ၊ ခ်င္းရိုင္းခရိုင္အတြင္းရိွ ေတာလမ္းမွ မူးယစ္ေဆးသယ္လာသည့္အဖြဲ႕ႏွင့္ ထုိင္းရဲတပ္ဖြဲ႕တို႔ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၀)ရက္ေန႔ နံနက္(၅)နာရီ၀န္းက်င္အခ်ိန္က ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ စိတ္ၾကြေဆးျပား (၁၁)သိန္း  ဖမ္းမိလုိက္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံမွ မူးယစ္ႏွိမ္ႏွင္းေရးတပ္ဖြဲ႕စုသည္ ေတာလမ္းအတြင္း စစ္ေဆးစဥ္ လမ္းေလွ်ာက္လာသည့္အဖြဲ႕အား ေတြ႔ရသျဖင့္ ရပ္တန္႔ခုိင္းစဥ္ အဆိုပါအဖြဲ႕က စတင္ပစ္ခတ္သျဖင့္ ျပန္လွန္ပစ္ခတ္မႈ (၅)မိနစ္ခန္႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ပစ္ခတ္မႈျဖစ္ပြားၿပီး ထြက္ေျပးသြားၾကသျဖင့္ လုိက္လံရွင္းလင္းရာ ေက်ာပိုးအိတ္ျပဳလုပ္ထားသည့္ ဆာလာအိတ္မ်ားအတြင္းက  စိတ္ၾကြေဆးျပား (၁၁)သိန္းကို စစ္ေဆးေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးသယ္ေဆာင္လာသည့္အဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံတြင္းမွ ဆက္စပ္မည့္အဖြဲ႕တုိ႔အား ေဖၚထုတ္ႏုိင္ရန္ ဆက္လက္စံုစမ္းေနေၾကာင္း သိရသည္။

Tachileik News Agency
Photo - ThairathChiangrai



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်အတွင်းရှိ တောလမ်းမှ မူးယစ်ဆေးသယ်လာသည့်အဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့တို့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့ နံနက်(၅)နာရီဝန်းကျင်အချိန်က ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စိတ်ကြွဆေးပြား (၁၁)သိန်း ဖမ်းမိလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့စုသည် တောလမ်းအတွင်း စစ်ဆေးစဉ် လမ်းလျှောက်လာသည့်အဖွဲ့အား တွေ့ရသဖြင့် ရပ်တန့်ခိုင်းစဉ် အဆိုပါအဖွဲ့က စတင်ပစ်ခတ်သဖြင့် ပြန်လှန်ပစ်ခတ်မှု (၅)မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီး ထွက်ပြေးသွားကြသဖြင့် လိုက်လံရှင်းလင်းရာ ကျောပိုးအိတ်ပြုလုပ်ထားသည့် ဆာလာအိတ်များအတွင်းက စိတ်ကြွဆေးပြား (၁၁)သိန်းကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးသယ်ဆောင်လာသည့်အဖွဲ့နှင့် ထိုင်းနိုင်ငံတွင်းမှ ဆက်စပ်မည့်အဖွဲ့တို့အား ဖော်ထုတ်နိုင်ရန် ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

Tachileik News Agency
Photo - ThairathChiangrai

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net