ဝင်းနှင့်ဇော်အတွက် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ရန် ရှေ့နေများ စတင်ပြင်ဆင်နေ

ဝင်းနှင့်ဇော်အတွက် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ရန် ရှေ့နေများ စတင်ပြင်ဆင်နေ
စကျတငျဘာ 4, 2019
By Tachileik News Agency
ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း(လိပ်ကျွန်း)လူသတ်မှုနှင့် ပတ်သက်၍ နောက်ဆုံးအယူခံရှုံးနိမ့်ထားသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့က ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်နိုင်ရေးအတွက် ရှေ့နေများက ပြင်ဆင်နေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်က စက်တင်ဘာလ (၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အသနားခံစာတင်နိုင်ရေးအတွက် လိပ်ကျွန်းအမှုရှေ့နေကြီး မစ္စတာနခေ ချုမ်ဖူချာ့၊ မစ္စနတ်ထာစီရီနှင့် ဘာသာပြန် မအေးမာချိုတို့သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့က ဘန်ခွမ်ဗဟို အကျဉ်းထောင်၌ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ရာ အသနားခံစာတင်နိုင်ရေးအတွက် ဝင်းနှင့်ဇော်က ရှေ့နေများထံ လွှဲအပ်ပေးထားကြောင်း သိရသည်။

ဝင်းနှင့်ဇော်အတွက် အသနားခံစာတင်ရန် ၎င်းတို့၏မိခင်များ လာရောက်နိုင်ရေးကိုလည်း စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။



Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~


ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း(လိပ်ကျွန်း)လူသတ်မှုနှင့် ပတ်သက်၍ နောက်ဆုံးအယူခံရှုံးနိမ့်ထားသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့က ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်နိုင်ရေးအတွက် ရှေ့နေများက ပြင်ဆင်နပြေီဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်က စက်တင်ဘာလ (၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အသနားခံစာတင်နိုင်ရေးအတွက် လိပ်ကျွန်းအမှုရှေ့နကြေီး မစ္စတာနခေ ချုမ်ဖူချာ့၊ မစ္စနတ်ထာစီရီနှင့် ဘာသာပြန် မအေးမာချိုတို့သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့က ဘန်ခွမ်ဗဟို အကျဉ်းထောင်၌ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ရာ အသနားခံစာတင်နိုင်ရေးအတွက် ဝင်းနှင့်ဇော်က ရှေ့နေများထံ လွှဲအပ်ပေးထားကြောင်း သိရသည်။

ဝင်းနှင့်ဇော်အတွက် အသနားခံစာတင်ရန်၎င်းတို့၏မိခင်များ လာရောက်နိုင်ရေးကိုလည်း စီစဉ်နပြေီဖြစ်ကြောင်း သိရသည်။

ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်နိုင်ရေး မြန်မာအစိုးရက ကူညီဆောင်ရွက်ပေးရေး လုပ်ဆောင်နေကြောင်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း ထိုင်းနိုင်ငံရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကူညီဆောင်ရွက်ပေးရန် ဆွေးနွေးထားကြောင်းကို မြန်မာ့တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက ထိုင်းနိုင်ငံ၊ နွန်ဌာဘူရီခရိုင်၊ ဘန်ခွမ်ဗဟို အကျဉ်းထောင်၌ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့က သွားရောက်တွေ့ဆုံ အားပေးထားကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့မှာ ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံခဲ့ရသော ဖြစ်စဉ်တွင် ကျူးလွန်ကြောင်း စွပ်စွဲချက်ဖြင့် သေဒဏ်ချမှတ်ခြင်း ခံထားရခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net