ႏုိင္ငံ (၄)ႏုိင္ငံမွ ခရီးသြားမ်ားအား ဗီဇာကင္းလြတ္ခြင့္ႏွင့္ ဆုိက္ေရာက္ဗီဇာ ထုတ္ေပးမႈ သက္တမ္းတစ္ႏွစ္ ထပ္တိုးခြင့္ျပဳ

ႏုိင္ငံ (၄)ႏုိင္ငံမွ ခရီးသြားမ်ားအား ဗီဇာကင္းလြတ္ခြင့္ႏွင့္ ဆုိက္ေရာက္ဗီဇာ ထုတ္ေပးမႈ သက္တမ္းတစ္ႏွစ္ ထပ္တိုးခြင့္ျပဳ
စက်တင်ဘာ 4, 2019
By 🌸
ျမန္မာႏိုင္ငံတြင္ ဂ်ပန္၊ ေတာင္ကိုးရီးယား၊ အိႏၵိယ၊ တရုတ္ႏုိင္ငံ ေဟာင္ေကာင္၊ မကာအို အထူးအုပ္ခ်ဳပ္ေရး ေဒသႏွင့္ တရုတ္ႏုိင္ငံသားမ်ားအား ဗီဇာကင္းလြတ္ခြင့္ႏွင့္ ဆိုက္ေရာက္ဗီဇာ (ကမၻာလွည့္) စမ္းသပ္ခြင့္ျပဳ ထားမႈကို (၁)ႏွစ္သက္တမ္းထပ္တိုး ခြင့္ျပဳလုိက္သည္။

ဂ်ပန္၊ ေတာင္ကိုးရီးယားႏိုင္ငံသားမ်ား၊ တရုတ္ႏုိင္ငံ၏ ေဟာင္ေကာင္ႏွင့္ မကာအုိအထူးအုပ္ခ်ဳပ္ေရးေဒသမွ ကမၻာလွည့္ ခရီးသည္မ်ားအတြက္ အလည္အပတ္အတြက္ ဗီဇာကင္းလြတ္ခြင့္ႏွင့္ တရုတ္ႏိုင္ငံသားမ်ားကို ေလေၾကာင္းျဖင့္ လာေရာက္ပါက ကမၻာလွည့္ဗီဇာကို ဆိုက္ေရာက္ ဗီဇာ စမ္းသပ္ထုတ္ေပးျခင္းအား ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁)ရက္ေန႔မွစ၍လည္းေကာင္း၊ အိႏၵိယႏုိင္ငံသားမ်ားကို ေလေၾကာင္းျဖင့္ လာေရာက္ပါက ဆိုက္ေရာက္ဗီဇာ(ကမၻာလွည့္) ထုတ္ေပးျခင္းကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁)ရက္ေန႔မွစ၍ လည္းေကာင္း စမ္းသပ္ကာလ (၁)ႏွစ္ ခြင့္ျပဳထားျခင္းျဖစ္သည္။

ဂ်ပန္၊ ေတာင္ကိုးရီးယားႏိုင္ငံ၊ တရုတ္ႏုိင္ငံ၏ ေဟာင္ေကာင္ႏွင့္ မကာအုိ အထူးအုပ္ခ်ဳပ္ေရးေဒသတို႔မွ ခရီးသြားမ်ားကို ဗီဇာကင္းလြတ္ခြင့္ေပးျခင္းႏွင့္ ေလေၾကာင္းျဖင့္ လာေရာက္သည့္ တရုတ္ႏိုင္ငံသားမ်ားကို ဆိုက္ေရာက္ဗီဇာေပးျခင္းကို ၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ (၃၀)ရက္ေန႔အထိ ထပ္တိုးခြင့္ျပဳလုိက္ၿပီး ေလေၾကာင္းျဖင့္ လာေရာက္သည့္ အိႏၵိယႏုိင္ငံသားမ်ားကို ဆိုက္ေရာက္ဗီဇာထုတ္ေပးျခင္းအား ၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ (၃၁)ရက္ေန႔အထိ ထပ္တိုးခြင့္ျပဳလုိက္ျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
နိုင်ငံ (၄)နိုင်ငံမှ ခရီးသွားများအား ဗီဇာကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှု သက်တမ်းတစ်နှစ် ထပ်တိုးခွင့်ပြု
***********
မြန်မာနိုင်ငံတွင် ဂျပန်၊ တောင်ကိုးရီးယား၊ အိန္ဒိယ၊ တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအို အထူးအုပ်ချုပ်ရေး ဒေသနှင့် တရုတ်နိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) စမ်းသပ်ခွင့်ပြု ထားမှုကို (၁)နှစ်သက်တမ်းထပ်တိုး ခွင့်ပြုလိုက်သည်။

ဂျပန်၊ တောင်ကိုးရီးယားနိုင်ငံသားများ၊ တရုတ်နိုင်ငံ၏ ဟောင်ကောင်နှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့် ခရီးသည်များအတွက် အလည်အပတ်အတွက် ဗီဇာကင်းလွတ်ခွင့်နှင့် တရုတ်နိုင်ငံသားများကို လေကြောင်းဖြင့် လာရောက်ပါက ကမ္ဘာလှည့်ဗီဇာကို ဆိုက်ရောက် ဗီဇာ စမ်းသပ်ထုတ်ပေးခြင်းအား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှစ၍လည်းကောင်း၊ အိန္ဒိယနိုင်ငံသားများကို လေကြောင်းဖြင့် လာရောက်ပါက ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) ထုတ်ပေးခြင်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့မှစ၍ လည်းကောင်း စမ်းသပ်ကာလ (၁)နှစ် ခွင့်ပြုထားခြင်းဖြစ်သည်။

ဂျပန်၊ တောင်ကိုးရီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၏ ဟောင်ကောင်နှင့် မကာအို အထူးအုပ်ချုပ်ရေးဒေသတို့မှ ခရီးသွားများကို ဗီဇာကင်းလွတ်ခွင့်ပေးခြင်းနှင့် လေကြောင်းဖြင့် လာရောက်သည့် တရုတ်နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာပေးခြင်းကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့အထိ ထပ်တိုးခွင့်ပြုလိုက်ပြီး လေကြောင်းဖြင့် လာရောက်သည့် အိန္ဒိယနိုင်ငံသားများကို ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းအား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃၁)ရက်နေ့အထိ ထပ်တိုးခွင့်ပြုလိုက်ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net