တာခ်ီလိတ္ၿမို႕တြင္း ေရႊဆိုင္မ်ားလံုၿခံဳေရးအတြက္ စတီးတိုင္မ်ားသာ တပ္ဆင္ထားရၿပီး ရဲစခန္းႏွင့္အခ်က္ျပစနစ္တပ္ဆင္ႏိုင္ေရးအတြက္ အျမန္ဆံုးေဆာင္ရြက္ႏိုင္ရန္ ေစာင့္ဆိုင္းေန

တာခ်ီလိတ္ၿမို႕တြင္း ေရႊဆိုင္မ်ားလံုၿခံဳေရးအတြက္ စတီးတိုင္မ်ားသာ တပ္ဆင္ထားရၿပီး ရဲစခန္းႏွင့္အခ်က္ျပစနစ္တပ္ဆင္ႏိုင္ေရးအတြက္ အျမန္ဆံုးေဆာင္ရြက္ႏိုင္ရန္ ေစာင့္ဆိုင္းေန
စက်တင်ဘာ 13, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္းရိွ ေရႊဆိုင္မ်ားလံုၿခံဳေရးအတြက္  စတီးတိုင္မ်ားကို တပ္ဆင္ထားရွိၿပီး ရဲစခန္းႏွင့္ ခ်ိတ္ဆက္အခ်က္ျပႏုိင္မည့္ အခ်က္ျပစနစ္တပ္ဆင္ႏိုင္ေရးအတြက္ ေရႊဆိုင္လုပ္ငန္းရွင္မ်ားက ေစာင့္ဆိုင္းေနလ်က္ရွိေၾကာင္း သိရသည္။

"လံုၿခံဳေရးေတြကို သင္တန္းေပးဖို႔က သူတို႔(ေရႊဆိုင္)ဘက္ကအေၾကာင္းမျပန္ေသးဘူး။ Alarm တပ္ဖို႔ေရာ သူတို႔ဘက္ကအေၾကာင္း မျပန္ေသးတာေပါ့။ သူတို႔နဲ႔ထပ္ေတြ႕ဖို႔ လုပ္ရဦးမွာ"ဟု တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီးေပၚထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

တာခ်ီလိတ္ၿမို႕တြင္ ဖြင့္လွစ္ထားသည့္ ေရႊဆိုင္လုပ္ငန္းရွင္မ်ားအေနျဖင့္ ေရႊဆိုင္မ်ားတြင္ လုယက္မႈမ်ားမက်ဴးလြန္ႏိုင္ေရးအတြက္ အခ်က္ေပးကိရိယာမ်ားတပ္ဆင္ရန္ႏွင့္ လံုၿခံဳေရး၀န္ထမ္းမ်ားကို လက္နက္အျပည့္အစံုျဖင့္ ထားရိွႏိုင္ေရးအတြက္ ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၁၀) ရက္ေန႔တြင္ တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႕မွဴးရံုးခန္းမတြင္ ေဆြးေႏြးတင္ျပခဲ့ရာတြင္ ရဲတပ္ဖြဲ႕မွ သေဘာတူလက္ခံခဲ့ေသာ္လည္း လက္ရိွအခ်ိန္အထိ အေကာင္အထည္မေဖာ္ႏိုင္ေသးေၾကာင္း သိရသည္။
 
"လံုၿခံဳေရး၀န္ထမ္းေတြက ဆိုင္ေတြကရွာေတာ့ရွာေနတယ္ဗ်။ မရေသးေတာ့ကၽြန္ေတာ့္ကို မဆက္သြယ္လာေသးေတာ့ သူတို႔ကို(တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕)ကို အေၾကာင္းၾကားေပးဖို႔မရေသးဘူးျဖစ္ေနတယ္။ လက္ရိွေတာ့ ကိုယ့္ဆိုင္ကို Alarm စနစ္ေတြတပ္ထားတာေပါ့။ ကၽြန္ေတာ္တို႔လိုခ်င္တာက ရဲစခန္းကိုတိုက္ရိုက္ေရာက္တဲ့စနစ္တပ္ခ်င္တာေပါ့။ အစည္းအေ၀းမွာကၽြန္ေတာ္တို႔တင္ျပထားတာေပါ့။ ရဲစခန္းဘက္ကအဆက္အသြယ္ရွိရင္စံုစမ္းေပးဖို႔ေပါ့။ ကုန္က်စရိတ္ေတြကို ကၽြန္ေတာ္တို႔ ေရႊဆိုင္ပိုင္ရွင္ေတြက က်ခံမွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ေရႊဆိုင္လုပ္ငန္းရွင္မ်ားအသင္း ဒုတိယဥကၠဌ ဦးေကာင္းခန္႔ဟိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၉ခုႏွစ္ မတ္လ (၂၉) ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းမႀကီးေဘးရိွ နန္းနန္းဘြန္းေက်ာက္ေရႊဆုိင္တြင္ အႏုၾကမ္းစီးမႈျဖစ္ပြားခဲ့ၿပီး၊ ၂၀၁၉ ခုႏွစ္ ဇြန္လ (၃) ရက္ေန႔တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘး၊ မယ္ေခါင္ရပ္ကြက္၊ မဲေခါင္ျမစ္ဟိုတယ္ေဘးရိွ နန္းနန္းဘြန္းေက်ာက္ (၂) ေရႊဆိုင္ အႏုၾကမ္းစီးမႈ အပါအ၀င္ ဇူလိုင္လ(၈)ရက္ေန႔က ၀မ္ေကာင္းရပ္ကြက္အတြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘးရွိ ရွင္းမန္ & ရွင္းဒါ(၂) ေရႊဆိုင္ အႏုၾကမ္း၀င္စီးခံရရာ ၂၀၁၉ခုနွစ္အတြင္း ေရႊဆိုင္(၃)ဆိုင္ေျမာက္ အႏုၾကမ္း၀င္စီးခံရျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္


~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင်းရှိ ရွှေဆိုင်များလုံခြုံရေးအတွက် စတီးတိုင်များကို တပ်ဆင်ထားရှိပြီး ရဲစခန်းနှင့် ချိတ်ဆက်အချက်ပြနိုင်မည့် အချက်ပြစနစ်တပ်ဆင်နိုင်ရေးအတွက် ရွှေဆိုင်လုပ်ငန်းရှင်များက စောင့်ဆိုင်းနေလျက်ရှိကြောင်း သိရသည်။

"လုံခြုံရေးတွေကို သင်တန်းပေးဖို့က သူတို့(ရွှေဆိုင်)ဘက်ကအကြောင်းမပြန်သေးဘူး။ Alarm တပ်ဖို့ရော သူတို့ဘက်ကအကြောင်း မပြန်သေးတာပေါ့။ သူတို့နဲ့ထပ်တွေ့ဖို့ လုပ်ရဦးမှာ"ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးပေါ်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့တွင် ဖွင့်လှစ်ထားသည့် ရွှေဆိုင်လုပ်ငန်းရှင်များအနဖြေင့် ရွှေဆိုင်များတွင် လုယက်မှုများမကျူးလွန်နိုင်ရေးအတွက် အချက်ပေးကိရိယာများတပ်ဆင်ရန်နှင့် လုံခြုံရေးဝန်ထမ်းများကို လက်နက်အပြည့်အစုံဖြင့် ထားရှိနိုင်ရေးအတွက် ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့တွင် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးခန်းမတွင် ဆွေးနွေးတင်ပြခဲ့ရာတွင် ရဲတပ်ဖွဲ့မှ သဘောတူလက်ခံခဲ့သော်လည်း လက်ရှိအချိန်အထိ အကောင်အထည်မဖော်နိုင်သေးကြောင်း သိရသည်။

"လုံခြုံရေးဝန်ထမ်းတွေက ဆိုင်တွေကရှာတော့ရှာနေတယ်ဗျ။ မရသေးတော့ကျွန်တော့်ကို မဆက်သွယ်လာသေးတော့ သူတို့ကို(တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့)ကို အကြောင်းကြားပေးဖို့မရသေးဘူးဖြစ်နေတယ်။ လက်ရှိတော့ ကိုယ့်ဆိုင်ကို Alarm စနစ်တွေတပ်ထားတာပေါ့။ ကျွန်တော်တို့လိုချင်တာက ရဲစခန်းကိုတိုက်ရိုက်ရောက်တဲ့စနစ်တပ်ချင်တာပေါ့။ အစည်းအေဝးမှာကျွန်တော်တို့တင်ပြထားတာပေါ့။ ရဲစခန်းဘက်ကအဆက်အသွယ်ရှိရင်စုံစမ်းပေးဖို့ပေါ့။ ကုန်ကျစရိတ်တွေကို ကျွန်တော်တို့ ရွှေဆိုင်ပိုင်ရှင်တွေက ကျခံမှာပါ"ဟု တာချီလိတ်မြို့နယ်ရွှေဆိုင်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးကောင်းခန့်ဟိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ခုနှစ် မတ်လ (၂၉) ရက်နေ့က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ နန်းနန်းဘွန်းကျောက်ရွှေဆိုင်တွင် အနုကြမ်းစီးမှုဖြစ်ပွားခဲ့ပြီး၊ ၂၀၁၉ ခုနှစ် ဇွန်လ (၃) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး၊ မယ်ခေါင်ရပ်ကွက်၊ မဲခေါင်မြစ်ဟိုတယ်ဘေးရှိ နန်းနန်းဘွန်းကျောက် (၂) ရွှေဆိုင် အနုကြမ်းစီးမှု အပါအဝင် ဇူလိုင်လ(၈)ရက်နေ့က ဝမ်ကောင်းရပ်ကွက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ရှင်းမန် & ရှင်းဒါ(၂) ရွှေဆိုင် အနုကြမ်းဝင်စီးခံရရာ ၂၀၁၉ခုနှစ်အတွင်း ရွှေဆိုင်(၃)ဆိုင်မြောက် အနုကြမ်းဝင်စီးခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net