ဝက်သားရောင်းမကောင်းသည့် ဈေးသည်များထံ ပြည်နယ်စည်ပင်ဝန်ကြီးမှ သွားရောက်ကာ ကြည့်ရှုအားပေး

ဝက်သားရောင်းမကောင်းသည့် ဈေးသည်များထံ ပြည်နယ်စည်ပင်ဝန်ကြီးမှ သွားရောက်ကာ ကြည့်ရှုအားပေး
စကျတငျဘာ 13, 2019
By Tachileik News Agency


ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်းဇော်ဦး အပါအ၀င် တာဝန်ရှိသူများမှ စည်ပင်သာယာရေးဌာန၏ ခွင့်ပြုချက်ဖြင့် ဈေးများတွင် ရောင်းချနေသည့် ၀က်သားဆိုင်များသို့ သွားရောက်ကာ ကြည့်ရှုခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးက ၀က်သားရောင်းချသူများအနေဖြင့် အခက်အခဲရှိပါက စည်ပင်သာယာရေးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန် နှင့် အခက်အခဲများအား တင်ပြကြရန် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း တာချီလိတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ်များတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ အတွင်း ဝက်သေဆုံးမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ၀က်သားစားသုံးသူများမှာ ဈေးများတွင် ၀ယ်သားဝယ်ယူမှု လျော့နည်းခဲ့သည့်အတွက် ၀က်သားရောင်းချနေသူများမှာ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - စည်ပင်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ဝက်ရောဂါနှင့် ပတ်သက်၍ စားသုံးသူများ စိုးရိမ်စိတ်ဖြင့် ဝက်သားဝယ်ယူစားသုံးမှု သိသိသာသာ လျော့ကျလာသည့်အတွက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် အဖွဲ့မှ ဈေးများအတွင်း ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့တွင် သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်းဇော်ဦး အပါအဝင် တာဝန်ရှိသူများမှ စည်ပင်သာယာရေးဌာန၏ ခွင့်ပြုချက်ဖြင့် ဈေးများတွင် ရောင်းချနေသည့် ဝက်သားဆိုင်များသို့ သွားရောက်ကာ ကြည့်ရှုခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးက ဝက်သားရောင်းချသူများအနဖြေင့် အခက်အခဲရှိပါက စည်ပင်သာယာရေးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန် နှင့် အခက်အခဲများအား တင်ပြကြရန် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရို်င်အတွင်း တာချီလိတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ်များတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ အတွင်း ဝက်သေဆုံးမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဝက်သားစားသုံးသူများမှာ ဈေးများတွင် ဝယ်သားဝယ်ယူမှု လျော့နည်းခဲ့သည့်အတွက် ဝက်သားရောင်းချနေသူများမှာ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - စည်ပင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net