ထိုင်းနိုင်ငံမှ ကုန်တိုက်များ၊ စတိုးဆိုင်များနှင့် ပလတ်စတစ်ထုတ်လုပ်ငန်းများက ၂၀၂၀ မှစ၍ တစ်ခါသုံး ပလတ်စတစ်အိတ်များ အသုံးပြုမှုရပ်ဆိုင်းမည်

ထိုင်းနိုင်ငံမှ ကုန်တိုက်များ၊ စတိုးဆိုင်များနှင့် ပလတ်စတစ်ထုတ်လုပ်ငန်းများက ၂၀၂၀ မှစ၍ တစ်ခါသုံး ပလတ်စတစ်အိတ်များ အသုံးပြုမှုရပ်ဆိုင်းမည်
စက်တင်ဘာ 16, 2019
By Tachileik News Agency

ထိုင်းနိုင်ငံတွင် တစ်ခါသုံးပလတ်စတစ်အိတ်များ (ကြွပ်ကြွပ်အိတ်များ) အသုံးပြုမှုကို ၂၀၂၀ ခုနှစ်တွင် ရပ်ဆိုင်းရန် ကုန်တိုက်ကြီးများ၊ ပလတ်စတစ်ထုတ်လုပ်သည့်လုပ်ငန်းများနှင့် စတိုးဆိုင်များက သဘောတူညီလိုက်ကြပြီဖြစ်သည်။

“ဒီပူးပေါင်းဆောင်ရွက်မှုက ထိုင်းနိုင်ငံကို ပင်လယ်ပြင်မှာ အမှိုက်စွန့်ပစ်မှုနဲ့ စွန့်ပစ်အမှိုက်အများဆုံးစာရင်းကနေ ပယ်ဖျက်သွားမှာ ဖြစ်ပါတယ်”ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဦးဆောင်ပြုလုပ်သည့် တစ်ခါသုံးပလတ်စတစ်အိတ်များ အသုံးမပြုရေးကမ်ပိန်းသို့ ပါဝင်ကြရန် ဖိတ်ခေါ်ခဲ့ရာ ကုန်တိုက်ကြီးများ၊ ပလတ်စတစ်ထုတ်လုပ်သည့်လုပ်ငန်းများနှင့် စတိုးဆိုင်လုပ်ငန်းများ ပူးပေါင်းပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပူးပေါင်းလာသူများတွင် ထိုင်းနိုင်ငံတွင်း ကုမ္ပဏီကြီးများဖြစ်ကြသည့် Central Group၊ The Mall Group၊ CP All Plc၊ Robinson Plc၊ Bangchak Retail Co၊ Big C Supercenter Plc၊ Siam Makro Plc၊ Index Living Mall Plc၊ PTT Plc တို့အပြင် ပလတ်စတစ်ထုတ်လုပ်ငန်းများကလပ်ကလည်း ပူးပေါင်းလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများက တစ်ခါသုံးပလတ်စတစ်အိတ်များ အသုံးပြုမှုကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် စတင်ရပ်ဆိုင်းကြတော့မည်ဖြစ်သည်။

ထိုင်းနိုင်ငံသည် နှစ်စဉ် တစ်ခါသုံး ပလတ်စတစ်အိတ်ပေါင်း (၄၅) ဘီလျံအသုံးပြုနပြေီး ယင်းတို့အနက် (၃၀)ရာခိုင်နှုန်းမှာ ကုန်တိုက်များနှင့် (၂၄)နာရီ စတိုးဆိုင်များမှ အသုံးပြုခြင်းဖြစ်ကာ လမ်းဘေးဈေးသည်များ၊ ရေပေါ်ဈေးသည်များက အသုံးပြုမှုမှာ (၃၀) ရာခိုင်နှုန်းရှိသည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

Tachileik News Agency
Ref: Bangkok Post



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင္းႏိုင္ငံတြင္ တစ္ခါသံုးပလတ္စတစ္အိတ္မ်ား (ၾကြပ္ၾကြပ္အိတ္မ်ား) အသံုးျပဳမႈကို ၂၀၂၀ ခုႏွစ္တြင္ ရပ္ဆုိင္းရန္ ကုန္တုိက္ႀကီးမ်ား၊ ပလတ္စတစ္ထုတ္လုပ္သည့္လုပ္ငန္းမ်ားႏွင့္ စတိုးဆုိင္မ်ားက သေဘာတူညီလိုက္ၾကၿပီျဖစ္သည္။

“ဒီပူးေပါင္းေဆာင္ရြက္မႈက ထုိင္းႏုိင္ငံကို ပင္လယ္ျပင္မွာ အမိႈက္စြန္႔ပစ္မႈနဲ႔ စြန္႔ပစ္အမိႈက္အမ်ားဆံုးစာရင္းကေန ပယ္ဖ်က္သြားမွာ ျဖစ္ပါတယ္”ဟု သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ၂၀၁၉ ခုနွစ္၊ စက္တင္ဘာလ (၆)ရက္ေန႔က သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ဦးေဆာင္ျပဳလုပ္သည့္ တစ္ခါသံုးပလတ္စတစ္အိတ္မ်ား အသံုးမျပဳေရးကမ္ပိန္းသို႔ ပါဝင္ၾကရန္ ဖိတ္ေခၚခဲ့ရာ ကုန္တုိက္ႀကီးမ်ား၊ ပလတ္စတစ္ထုတ္လုပ္သည့္လုပ္ငန္းမ်ားႏွင့္ စတိုးဆုိင္လုပ္ငန္းမ်ား ပူးေပါင္းပါဝင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းသုိ႔ ပူးေပါင္းလာသူမ်ားတြင္ ထုိင္းႏုိင္ငံတြင္း ကုမၸဏီႀကီးမ်ားျဖစ္ၾကသည့္ Central Group၊ The Mall Group၊ CP All Plc၊ Robinson Plc၊ Bangchak Retail Co၊ Big C Supercenter Plc၊  Siam Makro Plc၊ Index Living Mall Plc၊  PTT Plc တို႔အျပင္ ပလတ္စတစ္ထုတ္လုပ္ငန္းမ်ားကလပ္ကလည္း ပူးေပါင္းလာျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လုပ္ငန္းမ်ားက တစ္ခါသံုးပလတ္စတစ္အိတ္မ်ား အသံုးျပဳမႈကို ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလတြင္ စတင္ရပ္ဆုိင္းၾကေတာ့မည္ျဖစ္သည္။

ထုိင္းႏုိင္ငံသည္ ႏွစ္စဥ္ တစ္ခါသံုး ပလတ္စတစ္အိတ္ေပါင္း (၄၅) ဘီလံ်အသံုးျပဳေနၿပီး ယင္းတို႔အနက္ (၃၀)ရာခုိင္ႏႈန္းမွာ ကုန္တုိက္မ်ားႏွင့္ (၂၄)နာရီ စတုိးဆုိင္မ်ားမွ အသံုးျပဳျခင္းျဖစ္ကာ လမ္းေဘးေစ်းသည္မ်ား၊ ေရေပၚေစ်းသည္မ်ားက အသံုးျပဳမႈမွာ (၃၀) ရာခုိင္ႏႈန္းရိွသည္ဟု ခန္႔မွန္းထားျခင္းျဖစ္သည္။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net