တာခ်ီလိတ္ခရိုင္ႏွင့္ နီးစပ္သည့္ ထုိင္းႏုိင္ငံ ခ်င္းရိုင္းခရိုင္အတြင္း အာဖရိကဝက္အျပင္းဖ်ားေရာဂါသံသယေၾကာင့္ ဝက္ေကာင္ေရ (၂၀၀) ရွင္းလင္းထားရ

တာခ်ီလိတ္ခရိုင္ႏွင့္ နီးစပ္သည့္ ထုိင္းႏုိင္ငံ ခ်င္းရိုင္းခရိုင္အတြင္း အာဖရိကဝက္အျပင္းဖ်ားေရာဂါသံသယေၾကာင့္ ဝက္ေကာင္ေရ (၂၀၀) ရွင္းလင္းထားရ
စက်တင်ဘာ 18, 2019
By Tachileik News Agency
ျမန္မာႏိုင္ငံ တာခ်ီလိတ္ခရိုင္ႏွင့္ နီးစပ္သည့္ ထုိင္းႏုိင္ငံ၊ ခ်င္းရိုင္းခရိုင္အတြင္း၌ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ တတိယပတ္အတြင္း ဖ်ားနာေသဆံုးသည့္ ဝက္ႏွစ္ေကာင္တြင္ အအာဖရိကဝက္အျပင္းဖ်ားသံသယရိွသည့္အတြက္ ေမြးျမဴေရးၿခံ(၂)ၿခံမွ ဝက္အေကာင္ေရ (၂၀၀)ေက်ာ္ကို ရွင္းလင္းထားေၾကာင္း တာဝန္ရိွသူမ်ားက ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၈)ရက္ေန႔တြင္ ထုတ္ေဖၚေျပာၾကားေၾကာင္း  ဘန္ေကာက္ပို႔စ္သတင္းတြင္ ေဖၚျပထားသည္။

ခ်င္းရိုင္းခရိုင္တြင္ ဝက္ႏွစ္ေကာင္ ေသဆံုးမႈျဖစ္သျဖင့္ စက္တင္ဘာလ (၁၆)ရက္ေန႔က လန္းပန္းခရိုင္ရိွ ဓါတ္ခြဲခန္းသို႔ ပို႔စစ္ထားၿပီး ဓါတ္ခြဲခန္းအေျဖရရန္ (၁၄)ရက္ ေစာင့္ဆုိင္းရမည္ျဖစ္ေသာ္လည္း ဝက္အခ်င္းခ်င္း ကူးစက္ျဖစ္ပြားေစၿပီး ကာကြယ္ေဆးမရိွေသးသျဖင့္ ေရာဂါျဖစ္ပြားေသဆံုးသည့္ ၿခံႏွစ္ၿခံမွ ဝက္မ်ားကို ရွင္းလင္းလုိက္ၿပီး ကာကြယ္ေရးလုပ္ေဆာင္ထားျခင္းျဖစ္သည္ဟု သိရသည္။

“အဲဒီေရာဂါျဖစ္ရင္ေတာ့ ျဖစ္တဲ့ၿခံမွာဆုိရင္ေတာ့ ရွင္းထုတ္ရတယ္။ အနီးဝန္းက်င္ တစ္ကီလိုဝန္းက်င္ကို ကူးစက္ ဧရိယာအျဖစ္ သတ္မွတ္ ကန္႔သတ္ရတယ္။ ဒါကေတာ့ ကာကြယ္ေရး လုပ္ငန္းစဥ္အတြက္ လုပ္ရတာေတြေပါ့။ အကြာအေဝးသတ္မွတ္ခ်က္ကေတာ့ တစ္ႏုိင္ငံနဲ႔ တစ္ႏုိင္ငံေတာ့ မတူဘူးေပါ့။ ကၽြန္ေတာ္တုိ႔ က်ိဳင္းတံုတုိ႔ တာခ်ီလိတ္တို႔မွာျဖစ္တာက ဝက္အားနည္းေရာဂါေပါ့။ အာဖရိကဝက္အျပင္းဖ်ားနဲ႔ ဝက္အားနည္းေရာဂါေတြက ဝက္အခ်င္းခ်င္းသာ ေရာဂါကူးစက္ျဖစ္ပြားတာေတာ့ တူတယ္။  မတူတာက အာဖရိကဝက္အျပင္းဖ်ားက ေလာေလာဆယ္ ကာကြယ္ေဆးမေပၚေသးေတာ့ ျဖစ္တဲ့ၿခံကို ရွင္းရတာေတြ လုပ္ရတယ္။ ဝက္အားနည္းေရာဂါက ကာကြယ္ေဆးရိွေတာ့ အဲဒီေလာက္ထိေတာ့ လုပ္ဖို႔ မလိုဘူးေပါ့”ဟု  ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ တာခ်ီလိတ္ခရိုင္ဦးစီးမွဴး ေဒါက္တာ တင္ကိုကိုက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အာရွေဒသတြင္အာဖရိကဝက္အျပင္းဖ်ားေရာဂါျဖစ္ပြားမႈမွာ တရုတ္ႏုိင္ငံတြင္ စတင္ခဲ့ၿပီးေနာက္ မြန္ဂိုလီးယား၊ ဗီယက္နမ္၊ ကေမၻာဒီးယား၊ လာအိုႏွင့္ ဖိလစ္ပိုင္ႏုိင္ငံမ်ားတြင္ ပ်ံ႕ႏွံ႕ခဲ့ျခင္းျဖစ္သည္။

တရုတ္ႏုိင္ငံႏွင့္နယ္စပ္ေဒသျဖစ္သည့္ ျမန္မာႏုိင္ငံ မိုင္းလားေဒသတြင္လည္း ၾသဂုတ္လအတြင္း အာဖရိကဝက္အျပင္းဖ်ား ကူးစက္ျဖစ္ပြားခဲ့ကာ က်ိဳင္းတံုႏွင့္ တာခ်ီလိတ္တုိ႔တြင္ ဝက္အားနည္းေရာဂါေၾကာင့္ ဝက္ေသဆံုးမႈမ်ား ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
Photo: siamrath


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်ခရိုင်နှင့် နီးစပ်သည့် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါသံသယကြောင့် ဝက်ကောင်ရေ (၂၀၀) ရှင်းလင်းထားရ
***********
မြန်မာနိုင်ငံ တာချီလိတ်ခရိုင်နှင့် နီးစပ်သည့် ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်အတွင်း၌ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဖျားနာသေဆုံးသည့် ဝက်နှစ်ကောင်တွင် အအာဖရိကဝက်အပြင်းဖျားသံသယရှိသည့်အတွက် မွေးမြူရေးခြံ(၂)ခြံမှ ဝက်အကောင်ရေ (၂၀၀)ကျော်ကို ရှင်းလင်းထားကြောင်း တာဝန်ရှိသူများက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားကြောင်း  ဘန်ကောက်ပို့စ်သတင်းတွင် ဖေါ်ပြထားသည်။

ချင်းရိုင်းခရိုင်တွင် ဝက်နှစ်ကောင် သေဆုံးမှုဖြစ်သဖြင့် စက်တင်ဘာလ (၁၆)ရက်နေ့က လန်းပန်းခရိုင်ရှိ ဓါတ်ခွဲခန်းသို့ ပို့စစ်ထားပြီး ဓါတ်ခွဲခန်းအဖြေရရန် (၁၄)ရက် စောင့်ဆိုင်းရမည်ဖြစ်သော်လည်း ဝက်အချင်းချင်း ကူးစက်ဖြစ်ပွားစေပြီး ကာကွယ်ဆေးမရှိသေးသဖြင့် ရောဂါဖြစ်ပွားသေဆုံးသည့် ခြံနှစ်ခြံမှ ဝက်များကို ရှင်းလင်းလိုက်ပြီး ကာကွယ်ရေးလုပ်ဆောင်ထားခြင်းဖြစ်သည်ဟု သိရသည်။

“အဲဒီရောဂါဖြစ်ရင်တော့ ဖြစ်တဲ့ခြံမှာဆိုရင်တော့ ရှင်းထုတ်ရတယ်။ အနီးဝန်းကျင် တစ်ကီလိုဝန်းကျင်ကို ကူးစက် ဧရိယာအဖြစ် သတ်မှတ် ကန့်သတ်ရတယ်။ ဒါကတော့ ကာကွယ်ရေး လုပ်ငန်းစဉ်အတွက် လုပ်ရတာတွေပေါ့။ အကွာအဝေးသတ်မှတ်ချက်ကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံတော့ မတူဘူးပေါ့။ ကျွန်တော်တို့ ကျိုင်းတုံတို့ တာချီလိတ်တို့မှာဖြစ်တာက ဝက်အားနည်းရောဂါပေါ့။ အာဖရိကဝက်အပြင်းဖျားနဲ့ ဝက်အားနည်းရောဂါတွေက ဝက်အချင်းချင်းသာ ရောဂါကူးစက်ဖြစ်ပွားတာတော့ တူတယ်။  မတူတာက အာဖရိကဝက်အပြင်းဖျားက လောလောဆယ် ကာကွယ်ဆေးမပေါ်သေးတော့ ဖြစ်တဲ့ခြံကို ရှင်းရတာတွေ လုပ်ရတယ်။ ဝက်အားနည်းရောဂါက ကာကွယ်ဆေးရှိတော့ အဲဒီလောက်ထိတော့ လုပ်ဖို့ မလိုဘူးပေါ့”ဟု  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဒေါက်တာ တင်ကိုကိုက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အာရှဒေသတွင်အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွားမှုမှာ တရုတ်နိုင်ငံတွင် စတင်ခဲ့ပြီးနောက် မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့်နယ်စပ်ဒေသဖြစ်သည့် မြန်မာနိုင်ငံ မိုင်းလားဒေသတွင်လည်း သြဂုတ်လအတွင်း အာဖရိကဝက်အပြင်းဖျား ကူးစက်ဖြစ်ပွားခဲ့ကာ ကျိုင်းတုံနှင့် တာချီလိတ်တို့တွင် ဝက်အားနည်းရောဂါကြောင့် ဝက်သေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
Photo: siamrath

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net