အစိုးရႏွင့္ ေျမာက္ပိုင္းမဟာမိတ္ (၄)ဖြဲ႔တုိ႔၏ (၆)ႀကိမ္ေျမာက္အျဖစ္ က်ဳိင္းတံုေဆြးေႏြးပြဲတြင္ တပ္ကိုယ္စားလွယ္ ပထမဆံုး ပါဝင္ေဆြးေႏြးမည္

အစိုးရႏွင့္ ေျမာက္ပိုင္းမဟာမိတ္ (၄)ဖြဲ႔တုိ႔၏ (၆)ႀကိမ္ေျမာက္အျဖစ္ က်ဳိင္းတံုေဆြးေႏြးပြဲတြင္ တပ္ကိုယ္စားလွယ္ ပထမဆံုး ပါဝင္ေဆြးေႏြးမည္
စက်တင်ဘာ 13, 2019
By Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိုင္းတံုၿမိဳ႕တြင္  ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ ေျမာက္ပိုင္း မဟာမိတ္ (၄) ဖြဲ႕တို႔  ထပ္မံေတြ႔ဆံုမည့္ ၂၀၁၉ ခုနွစ္၊ စက္တင္ဘာလ (၁၇) ရက္ေန႔ ေတြ႔ဆံုေဆြးေႏြးပြဲတြင္ တပ္ကိုယ္စားလွယ္မ်ား ပါဝင္လာမည္ျဖစ္ရာ မဟာမိတ္ (၄)ဖြဲ႔ႏွင့္ ေဆြးေႏြးမႈတြင္ တပ္မေတာ္မွ ပထမဆံုး ပါဝင္လာျခင္းျဖစ္သည္။

“ NRPC အဖြဲ႕ဝင္ေတြထဲမွာပါတဲ့ တပ္ကိုယ္စားလွယ္ေတြ ပါမယ္လုိ႔ ေျပာပါတယ္။ လြန္ခဲ့တဲ့အခ်ိန္မွာ ႏွစ္ခါ၊ သံုးခါ ေတြ႔တဲ့အခ်ိန္မွာ တပ္မေတာ္ဘက္က မပါဘူး။ မပါတဲ့အခါက်ေတာ့ တပ္ပိုင္းဆုိင္ရာေျပာလာတဲ့အခ်ိန္မွာ သူတို႔အေနနဲ႔ ခ်က္ခ်င္းဆံုးျဖတ္ခ်က္ ခ်လို႔မရဘူး NRPC က။ ဒါေၾကာင့္ တပ္ပိုင္းလည္း ပါလာႏုိင္ေအာင္ ဆိုၿပီးေတာ့ ေနရာကိုလည္း ေရြးတဲ့အေပၚမွာ က်ိဳင္းတံုမွာ တပ္မေတာ္လည္း  ပါဝင္လာမွာျဖစ္တယ္ဆိုတဲ့ အတြက္ေၾကာင့္ NRPC အဆိုျပဳတဲ့ဟာကို မဟာမိတ္(၄)ဖြဲ႕ကလည္း လက္ခံတယ္။ ဒါေၾကာင့္ က်ိဳင္းတံုမွာ ေတြ႕ဆံုမွာ ျဖစ္တယ္။ Bilateral (ပဏာမအပစ္ရပ္သေဘာတူညီခ်က္) လက္မွတ္ထုိးဖုိ႔ဆိုတာ တပ္မေတာ္က အေရးႀကီးေနတယ္ေလ။ တပ္ေနရာခ်ထားေရးတို႔ လက္ရိွျဖစ္ေနတဲ့ တုိက္ပြဲေတြ အရွိန္ေလွ်ာ့ခ်ႏုိင္ေရးတုိ႔ ဒါေတြက သူတုိ႔ေတြ႕မွ အဆင္ေျပမယ္ေလ။ ဒီတစ္ေခါက္ ေတြ႔ဆံုမႈအေပၚမွာ ဒါေတြအားလံုး ညိႇႏိႈင္းေဆြးေႏြးႏိုင္တယ္ဆိုရင္ကေတာ့ ေရွ႕ဆက္အလားအလာကေတာ့ ပိုေကာင္းပါတယ္လုိ႔ ကၽြန္ေတာ္ ဒီလိုပဲျမင္တယ္”ဟု ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္ ဦးလမိုင္ဂြမ္ဂ်ာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔  စက္တင္ဘာလ(၁၃)ရက္ေန႔တြင္ ေျပာသည္။

ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ အပစ္မရပ္ရေသးသည့္ ေျမာက္ပိုင္းမဟာမိတ္(၄)ဖြဲ႕ျဖစ္သည့္ ULA/AA၊ PSLF/TNLA၊ MNTJP/ MNDAA ႏွင့္ KIO/KIA တုိ႔၏ စက္တင္ဘာလ (၁၇)ရက္ေန႔ ေတြ႔ဆံုမႈမွာ (၆)ႀကိမ္ေျမာက္ျဖစ္ၿပီး  ၂၀၁၉ ခုႏွစ္အတြင္း ဇန္နဝါရီလ (၂၁)ရက္ေန႔တြင္ တရုတ္ႏုိင္ငံ ကူမင္းၿမိဳ႕၊ ေဖေဖၚဝါရီလ (၂၅)ရက္ေန႔တြင္ တရုတ္ႏုိင္ငံ ကူမင္းၿမိဳ႕၊ မတ္လ (၂၁)ရက္ေန႔တြင္ ေနျပည္ေတာ္၊ ဧၿပီလ (၃၀)ရက္ေန႔တြင္ မူဆယ္ႏွင့္ ၾသဂုတ္လ (၃၁)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕တို႔၌ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

 “ ဒီၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို အပစ္ရပ္ေဆြးေႏြးပြဲကို ကၽြန္ေတာ္တုိ႔က ျပဳလုပ္လိုတဲ့ ဆႏၵရိွတယ္။ ရလဒ္တစ္ခုခုေတာ့ ထြက္ဖို႔ေတာ့လိုတယ္။ ေဆြးေႏြးပြဲက ဘာမွထူးျခားတဲ့ရလဒ္မွ မထြက္လာဘူး။ တိုးတက္မႈ မရိွခဲ့ဘူးေပါ့ေနာ္။ အဓိကေတာ့ အစိုးရနဲ႔ တပ္မေတာ္နဲ႔ေတြ႕ၿပီးေတာ့မွ ေဆြးေႏြးမွ အေျဖတစ္ခု ရႏုိင္မယ္လို႔ေတာ့ ကၽြန္ေတာ္က အဲဒီလိုယူဆတာေပါ့။ အၿမဲတမ္းလိုလုိ အလြတ္သေဘာပံုစံ ေဆြးေႏြးပြဲျဖစ္ေနတယ္။ တရားဝင္ေဆြးေႏြးပြဲလုပ္ၿပီးေတာ့မွ ႏွစ္ဖက္လက္ခံႏုိင္တဲ့ အခ်က္အလက္ေတြနဲ႔ ႏွစ္ဖက္က အျပဳသေဘာေဆာင္ ေဆြးေႏြးဖို႔ေတာ့ လိုတယ္။ မဟုတ္ဘဲနဲ႔ ဒီေဘာင္တစ္ခုကို သတ္မွတ္ၿပီးေတာ့မွ ေဘာင္အတြင္းပဲ လာရမယ္။ ဟိုဘက္လာရမယ္။ ဒီဘက္မလာရဘူး အဲဒီလို ကန္႔သတ္ခ်က္ေတြ ျပဳလုပ္ၿပီးေတာ့မွ လုပ္မယ္ဆိုရင္ေတာ့ အလုပ္ျဖစ္ႏုိင္မွာ မဟုတ္ဘူး”ဟု ေျမာက္ပိုင္း မဟာမိတ္အဖြဲ႕ဝင္ TNLA ၏ ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္မွဴး မုိင္းအုိက္ေက်ာ္က ပထမအႀကိမ္ က်ိဳင္းတံုေဆြးေႏြးပြဲအၿပီးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မဟာမိတ္အဖြဲ႕မွ AA၊ TNLA ႏွင့္ MNDAA ပူးေပါင္းအဖြဲ႕ျဖင့္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၅)ရက္ေန႔မွစ၍ မႏၱေလးတုိင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕ရိွ တပ္မေတာ္နည္းပညာတကၠသိုလ္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီး တေလွ်ာက္တြင္ ပစ္ခတ္တုိက္ခုိက္မႈမ်ားျပဳလုပ္ေနစဥ္အတြင္း ၾသဂုတ္လ (၃၁)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕၌ ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ မဟာမိတ္ (၄)ဖြဲ႔တုိ႔ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

က်ိဳင္းတံုေဆြးေႏြးပြဲက်င္းပၿပီးေနာက္ တပ္မေတာ္က စစ္တုိင္းေဒသႀကီး (၅)ခုတြင္ စစ္ဆင္ေရး ရပ္ဆုိင္းထားသည့္ကာလကို တိုးျမႇင့္လုိက္ေၾကာင္း ေၾကာညာခဲ့ၿပီး ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္ တုိက္ခုိက္ေနသည့္ မဟာမိတ္ (၃)ဖြဲ႔က ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂)ရက္ေန႔မွစ၍ ထိုးစစ္ဆင္ျခင္းကို ရပ္ဆုိင္းေၾကာင္း ေၾကညာခဲ့ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်း မဟာမိတ် (၄) ဖွဲ့တို့ ထပ်မံတွေ့ဆုံမည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲတွင် တပ်ကိုယ်စားလှယ်များ ပါဝင်လာမည်ဖြစ်ရာ မဟာမိတ် (၄)ဖွဲ့နှင့် ဆွေးနွေးမှုတွင် တပ်မတော်မှ ပထမဆုံး ပါဝင်လာခြင်းဖြစ်သည်။

“ NRPC အဖွဲ့ဝင်တွေထဲမှာပါတဲ့ တပ်ကိုယ်စားလှယ်တွေ ပါမယ်လို့ ပြောပါတယ်။ လွန်ခဲ့တဲ့အချိန်မှာ နှစ်ခါ၊ သုံးခါ တွေ့တဲ့အချိန်မှာ တပ်မတော်ဘက်က မပါဘူး။ မပါတဲ့အခါကျတော့ တပ်ပိုင်းဆိုင်ရာပြောလာတဲ့အချိန်မှာ သူတို့အနေနဲ့ ချက်ချင်းဆုံးဖြတ်ချက် ချလို့မရဘူး NRPC က။ ဒါကြောင့် တပ်ပိုင်းလည်း ပါလာနိုင်အောင် ဆိုပြီးတော့ နေရာကိုလည်း ရွေးတဲ့အပေါ်မှာ ကျိုင်းတုံမှာ တပ်မတော်လည်း ပါဝင်လာမှာဖြစ်တယ်ဆိုတဲ့ အတွက်ကြောင့် NRPC အဆိုပြုတဲ့ဟာကို မဟာမိတ်(၄)ဖွဲ့ကလည်း လက်ခံတယ်။ ဒါကြောင့် ကျိုင်းတုံမှာ တွေ့ဆုံမှာ ဖြစ်တယ်။ Bilateral (ပဏာမအပစ်ရပ်သဘောတူညီချက်) လက်မှတ်ထိုးဖို့ဆိုတာ တပ်မတော်က အရေးကြီးနေတယ်လေ။ တပ်နေရာချထားရေးတို့ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေ အရှိန်လျှော့ချနိုင်ရေးတို့ ဒါတွေက သူတို့တွေ့မှ အဆင်ပြေမယ်လေ။ ဒီတစ်ခေါက် တွေ့ဆုံမှုအပေါ်မှာ ဒါတွေအားလုံး ညှိနှိုင်းဆွေးနွေးနိုင်တယ်ဆိုရင်ကတော့ ရှေ့ဆက်အလားအလာကတော့ ပိုကောင်းပါတယ်လို့ ကျွန်တော် ဒီလိုပဲမြင်တယ်”ဟု ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် အပစ်မရပ်ရသေးသည့် မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့ဖြစ်သည့် ULA/AA၊ PSLF/TNLA၊ MNTJP/ MNDAA နှင့် KIO/KIA တို့၏ စက်တင်ဘာလ (၁၇)ရက်နေ့ တွေ့ဆုံမှုမှာ (၆)ကြိမ်မြောက်ဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီလ (၂၁)ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၊ မတ်လ (၂၁)ရက်နေ့တွင် နပြေည်တော်၊ ဧပြီလ (၃၀)ရက်နေ့တွင် မူဆယ်နှင့် သြဂုတ်လ (၃၁)ရက်နေ့တွင် ကျိုင်းတုံမြို့တို့၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

 “ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ်ဆွေးနွေးပွဲကို ကျွန်တော်တို့က ပြုလုပ်လိုတဲ့ ဆန္ဒရှိတယ်။ ရလဒ်တစ်ခုခုတော့ ထွက်ဖို့တော့လိုတယ်။ ဆွေးနွေးပွဲက ဘာမှထူးခြားတဲ့ရလဒ်မှ မထွက်လာဘူး။ တိုးတက်မှု မရှိခဲ့ဘူးပေါ့နော်။ အဓိကတော့ အစိုးရနဲ့ တပ်မတော်နဲ့တွေ့ပြီးတော့မှ ဆွေးနွေးမှ အဖြေတစ်ခု ရနိုင်မယ်လို့တော့ ကျွန်တော်က အဲဒီလိုယူဆတာပေါ့။ အမြဲတမ်းလိုလို အလွတ်သဘောပုံစံ ဆွေးနွေးပွဲဖြစ်နေတယ်။ တရားဝင်ဆွေးနွေးပွဲလုပ်ပြီးတော့မှ နှစ်ဖက်လက်ခံနိုင်တဲ့ အချက်အလက်တွေနဲ့ နှစ်ဖက်က အပြုသဘောဆောင် ဆွေးနွေးဖို့တော့ လိုတယ်။ မဟုတ်ဘဲနဲ့ ဒီဘောင်တစ်ခုကို သတ်မှတ်ပြီးတော့မှ ဘောင်အတွင်းပဲ လာရမယ်။ ဟိုဘက်လာရမယ်။ ဒီဘက်မလာရဘူး အဲဒီလို ကန့်သတ်ချက်တွေ ပြုလုပ်ပြီးတော့မှ လုပ်မယ်ဆိုရင်တော့ အလုပ်ဖြစ်နိုင်မှာ မဟုတ်ဘူး”ဟု မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် TNLA၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပထမအကြိမ် ကျိုင်းတုံဆွေးနွေးပွဲအပြီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မဟာမိတ်အဖွဲ့မှ AA၊ TNLA နှင့် MNDAA ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့မှစ၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီး တလျှောက်တွင် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်နေစဉ်အတွင်း သြဂုတ်လ (၃၁)ရက်နေ့တွင် ကျိုင်းတုံမြို့၌ ငြိမ်းချမ်းရေးကော်မရှင်နှင့် မဟာမိတ် (၄)ဖွဲ့တို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ကျိုင်းတုံဆွေးနွေးပွဲကျင်းပပြီးနောက် တပ်မတော်က စစ်တိုင်းဒေသကြီး (၅)ခုတွင် စစ်ဆင်ရေး ရပ်ဆိုင်းထားသည့်ကာလကို တိုးမြှင့်လိုက်ကြောင်း ကြောညာခဲ့ပြီး ပြည်ထောင်စုလမ်းမကြီးတလျှောက် တိုက်ခိုက်နေသည့် မဟာမိတ် (၃)ဖွဲ့က ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့မှစ၍ ထိုးစစ်ဆင်ခြင်းကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net