တပ္မေတာ္ႏွင့္ ေျမာက္ပိုင္းမဟာမိတ္(၄)ဖြဲ႕တို႔ၾကား ပဏာမအပစ္ရပ္သေဘာတူစာခ်ဳပ္အတြက္ အဓိကထား ေဆြးေႏြးေန

တပ္မေတာ္ႏွင့္ ေျမာက္ပိုင္းမဟာမိတ္(၄)ဖြဲ႕တို႔ၾကား ပဏာမအပစ္ရပ္သေဘာတူစာခ်ဳပ္အတြက္ အဓိကထား ေဆြးေႏြးေန
စက်တင်ဘာ 17, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC)ႏွင့္ အပစ္မရပ္ရေသးသည့္ ေျမာက္ပိုင္းမဟာမိတ္(၄)ဖြဲ႕တုိ႔၏ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၇)ရက္ေန႔ အစည္းအေဝးတြင္ ေျမာက္ပိုင္းမဟာမိတ္ (၄)ဖြဲ႔က သီးျခားအစည္းအေဝး ႏွစ္ႀကိမ္ က်င္းပၿပီးေနာက္ ေဆြးေႏြးပြဲကို ဆက္လက္က်င္းပေနသည္။

ယခုေဆြးေႏြးပြဲတြင္ ပဏာမအပစ္ရပ္သေဘာတူစာခ်ဳပ္အတြက္ အဓိကထားေဆြးေႏြးေနၾကျခင္းျဖစ္ၿပီး ႏွစ္ဖက္သေဘာထားကြဲလြဲေနမႈမ်ားအတြက္ ေျမာက္ပိုင္းမဟာမိတ္(၄)ဖြဲ႔က သီးျခားႏွစ္ႀကိမ္ေဆြးေႏြးခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန(NRPC) မွ ဒုဥကၠဌ ဦးထြန္းထြန္းဦး ဦးေဆာင္ၿပီး တပ္မေတာ္သားကိုယ္စားလွယ္မ်ားျဖစ္သည့္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ ၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မင္းေနာင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး တင္ေမာင္ဝင္း၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္ ဒုတိယဥကၠဌ ဦးသိန္းေဇာ္၊အတြင္းေရးမွဴး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဦးခင္ေဇာ္ဦး (အၿငိမ္းစား)၊ အႀကံေပးအဖြဲ႕ဝင္ ဦးမိုးေဇာ္ဦး၊ ႏုိင္ငံေတာ္သမၼတရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ နယ္စပ္ေရးရာႏွင့္ လံုၿခံဳေရးဝန္ႀကီး ဗိုလ္မွဴးႀကီး လွဦး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္၊ အက်ိဳးေဆာင္ ဦးသက္ႏုိင္တုိ႔ ပါဝင္သည့္အဖြဲ႕ တက္ေရာက္ျခင္းျဖစ္သည္။

ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔တြင္ KIO/KIA မွ KIO အေထြေထြအတြင္းေရးမွဴး ဦးကြမ္ထပ္ထိန္နန္၊ KIC အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္ေရာ္၊ ဒုစစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ေခါင္လြမ္းႏွင့္ စစ္ဦးစီးအရာရိွခ်ဳပ္ ဗုိလ္မွဴးခ်ဳပ္ ေဇာ္ေတာင္ဦးေဆာင္သည့္အဖြဲ႕၊ MNTJP/ MNDAA မွ ဒုစစ္ဦးစီးခ်ဳပ္ ရန္ဝင္က်ဳံး၊ ျပင္ပဆက္ဆံေရးဌာနမွဴး ဖုန္ဝင္းနုိင္ႏွင့္ ျပင္ပဆက္ဆံေရးဌာန ရံုးတာဝန္ခံ လီၾကားခြမ္းတုိ႔ဦးေဆာင္သည့္အဖြဲ႔၊ PSLF/TNLA မွ ဒုဥကၠဌ - ၂ ဗိုလ္မွဴးခ်ဳပ္ တားခူးလန္း၊ အေထြေထြအတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ တားဘုန္းေက်ာ္ႏွင့္ မဟာမိတ္ ဆက္ဆံေရးရံုး အရာရိွ ဒုဗိုလ္မွဴးႀကီး တားအိုက္ထြန္းဦးေဆာင္သည့္အဖြဲ႔၊ ULA/AA မွ အေထြေထြ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဒါက္တာညိဳထြန္းေအာင္၊ အတြင္းေရးမွဴး (၁) ဗိုလ္မွဴးႀကီးေက်ာ္ဟန္ ဦးေဆာင္သည့္အဖြဲ႔တို႔ တက္ေရာက္လာၾကျခင္း ျဖစ္သည္။

အဆိုပါ မဟာမိတ္(၄)ဖြဲ႕၏ က်ိဳင္းတံုၿမိဳ႕ ေဆြးေႏြးပြဲမ်ားအတြက္ တရုတ္ႏုိင္ငံ၊ ယူနန္ျပည္နယ္ရဲတပ္ဖြဲ႕က လံုၿခံဳေရးလုိက္ပါေပးသည္ကို ေတြ႔ရၿပီး စက္တင္ဘာလ (၁၇)ရက္ေန႔ ေဆြးေႏြးပြဲတြင္လည္း ယူနန္ျပည္နယ္ရဲတပ္ဖြဲ႕ဝင္ (၆)ဦး လုိက္ပါလာေၾကာင္း သိရသည္။

ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ ေျမာက္ပိုင္းမဟာမိတ္ (၄)ဖြဲ႕တို႔၏ ၾသဂုတ္လ (၃၁)ရက္ေန႔က က်ိဳင္းတံုတြင္ က်င္းပခဲ့သည့္ ေဆြးေႏြးပြဲအၿပီးတြင္ တပ္မေတာ္က စစ္တုိင္းေဒသႀကီး (၅)ခုတြင္ စစ္ဆင္ေရးလႈပ္ရွားမႈမ်ား ရပ္ဆုိင္းျခင္း သက္တမ္း ထပ္တိုးလုိက္ၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္ တုိက္ခုိက္ေနသည့္ ULA/AA၊ PSLF/TNLAႏွင့္ MNTJP/ MNDAA မဟာမိတ္ (၃)ဖြဲ႕ကလည္း အပစ္ရပ္သည္ဟု ေၾကညာခဲ့ေသာ္လည္း စက္တင္ဘာလ (၁၃)ရက္ေန႔မွစ၍ TNLA ႏွင့္ တပ္မေတာ္တုိ႔ ေက်ာက္မဲၿမိဳ႕နယ္အတြင္း တုိက္ခုိက္မႈမ်ား ျဖစ္ပြားေနခဲ့ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)နှင့် အပစ်မရပ်ရသေးသည့် မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့တို့၏ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့ အစည်းအဝေးတွင် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့က သီးခြားအစည်းအဝေး နှစ်ကြိမ် ကျင်းပပြီးနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပနေသည်။

ယခုဆွေးနွေးပွဲတွင် ပဏာမအပစ်ရပ်သဘောတူစာချုပ်အတွက် အဓိကထားဆွေးနွေးနကြခြေင်းဖြစ်ပြီး နှစ်ဖက်သဘောထားကွဲလွဲနေမှုများအတွက် မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့က သီးခြားနှစ်ကြိမ်ဆွေးနွေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှ ဒုဥက္ကဌ ဦးထွန်းထွန်းဦး ဦးဆောင်ပြီး တပ်မတော်သားကိုယ်စားလှယ်များဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော်၊အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး (အငြိမ်းစား)၊ အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦး၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ အကျိုးဆောင် ဦးသက်နိုင်တို့ ပါဝင်သည့်အဖွဲ့ တက်ရောက်ခြင်းဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် KIO/KIA မှ KIO အထွေထွေအတွင်းရေးမှူး ဦးကွမ်ထပ်ထိန်နန်၊ KIC အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်ရော်၊ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွမ်းနှင့် စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် ဇော်တောင်ဦးဆောင်သည့်အဖွဲ့၊ MNTJP/ MNDAA မှ ဒုစစ်ဦးစီးချုပ် ရန်ဝင်ကျုံး၊ ပြင်ပဆက်ဆံရေးဌာနမှူး ဖုန်ဝင်းနိုင်နှင့် ပြင်ပဆက်ဆံရေးဌာန ရုံးတာဝန်ခံ လီကြားခွမ်းတို့ဦးဆောင်သည့်အဖွဲ့၊ PSLF/TNLA မှ ဒုဥက္ကဌ - ၂ ဗိုလ်မှူးချုပ် တားခူးလန်း၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့် မဟာမိတ် ဆက်ဆံရေးရုံး အရာရှိ ဒုဗိုလ်မှူးကြီး တားအိုက်ထွန်းဦးဆောင်သည့်အဖွဲ့၊ ULA/AA မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်၊ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးကျော်ဟန် ဦးဆောင်သည့်အဖွဲ့တို့ တက်ရောက်လာကြခြင်း ဖြစ်သည်။

အဆိုပါ မဟာမိတ်(၄)ဖွဲ့၏ ကျိုင်းတုံမြို့ ဆွေးနွေးပွဲများအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရဲတပ်ဖွဲ့က လုံခြုံရေးလိုက်ပါပေးသည်ကို တွေ့ရပြီး စက်တင်ဘာလ (၁၇)ရက်နေ့ ဆွေးနွေးပွဲတွင်လည်း ယူနန်ပြည်နယ်ရဲတပ်ဖွဲ့ဝင် (၆)ဦး လိုက်ပါလာကြောင်း သိရသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့တို့၏ သြဂုတ်လ (၃၁)ရက်နေ့က ကျိုင်းတုံတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲအပြီးတွင် တပ်မတော်က စစ်တိုင်းဒေသကြီး (၅)ခုတွင် စစ်ဆင်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းခြင်း သက်တမ်း ထပ်တိုးလိုက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတလျှောက် တိုက်ခိုက်နေသည့် ULA/AA၊ PSLF/TNLAနှင့် MNTJP/ MNDAA မဟာမိတ် (၃)ဖွဲ့ကလည်း အပစ်ရပ်သည်ဟု ကြေညာခဲ့သော်လည်း စက်တင်ဘာလ (၁၃)ရက်နေ့မှစ၍ TNLA နှင့် တပ်မတော်တို့ ကျောက်မဲမြို့နယ်အတွင်း တိုက်ခိုက်မှုများ ဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net