မေကြးၿမိဳ႕ ကန္သာကန္ကို အမ်ားျပည္သူ အပန္းေျဖေနရာအျဖစ္ ျပဳျပင္ၿပီး စည္ပင္သို႔ လႊဲေျပာင္းမည္

မေကြးၿမိဳ႕ ကန္သာကန္ကို အမ်ားျပည္သူ အပန္းေျဖေနရာအျဖစ္ ျပဳျပင္ၿပီး စည္ပင္သို႔ လႊဲေျပာင္းမည္
စက်တင်ဘာ 20, 2019
By 🌸
မေကြးၿမိဳ႕မွ သက္တမ္း ႏွစ္(၂၀၀)ဝန္းက်င္ရိွ ကန္သာကန္ကို စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနက က်ပ္သိန္းေပါင္း (၁၃၀၀) ေက်ာ္သံုးစြဲ၍ အမ်ားျပည္သူ အပန္းေျဖရာေနရာအျဖစ္ ျပင္ဆင္ေနၿပီး လုပ္ငန္းၿပီးစီးပါက စည္ပင္သာယာေရးဌာနသို႔ လႊဲေျပာင္းေပးမည္ျဖစ္ေၾကာင္း သိရသည္။

“ဆည္ေျမာင္းဝန္ျကီးဌာနက အဓ္ိကတာဝန္ယူျပီး တိုင္းအစိုးရအဖဲြ႔ ထံမွ ပထမအႀကိမ္ ၂၀၁၈-၂၀၁၉ ဘတ္ဂ်က္ က်ပ္သိန္း(၁၃၉၅.၅၀) ရယူသံုးစြဲခဲ့ပါတယ္။ ၿခံဳရွင္းတာ၊ သဲေျမခင္းတာ စတဲ့အေသးစားလုပ္ငန္းတစ္ခ်ိဳ႕ကိုေတာ့ စည္ပင္နဲ႔ လူမႈေရးအဖြဲ႕မ်ား၊ ျပည္သူမ်ား ထည့္ဝင္ လွဴဒါန္းေငြနဲ႔ လုပ္ေဆာင္ေနပါတယ္။ ျပင္ဆင္မႈေတြၿပီးသြားရင္ စည္ပင္က တာဝန္ယူရမွာပါ”ဟု မေကြးၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠဌ ဦးဖိုးနီက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ကန္သာကန္ကို အႀကီးစားျပန္လည္ျပင္ဆင္မႈလုပ္ငန္းမ်ားအား မတ္လမွစ၍ ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး ငါးလုပ္ငန္းဦးစီးဌာနက ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၉)ရက္ေန႔တြင္ ငါးေကာင္ေရ ငါးေသာင္း ငါးမ်ိဳးစိုက္ထည့္ေပးထားသည္။

“ငါးျမစ္ခ်င္းနဲ႔ ငါးခံုးမႀကီး အေကာင္ေရ စုစုေပါင္း(၅)ေသာင္း ထည့္လႊတ္ပါတယ္။ ကန္ထဲမွာ ဘယ္လို နည္းလမ္းနဲ႔ပဲ ငါးဖမ္းသည္ျဖစ္ေစ ခြင့္ျပဳမွာမဟုတ္ပါဘူး။ ငါးလုပ္ငန္းဥပေဒအရေရာ၊ ဆည္ေျမာင္း ဥပေဒအရပါ သတိေပးဆိုင္းဘုတ္ေတြ ေထာင္ေပးထားမွာပါ” ဟု ဆည္ေျမာင္းဝန္ႀကီး ဦးဝင္းေမာ္ေဌးကက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကန္သာကန္ကို အမ်ားျပည္သူအပန္းေျဖေနရာအျဖစ္ ေျပာင္းလဲရန္ တိုင္းအစိုးရအဖဲြ႔၏ ဦးေဆာင္မႈျဖင့္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္းသိရၿပီး ကန္ေဘာင္ထိန္းသိမ္းႏိုင္ရန္ ျမက္စိုက္ျခင္း၊ ပန္းအလွပင္စိုက္ျခင္း၊ ဆိုလာမီးမ်ားတပ္ဆင္ျခင္း၊ လံုျခံဳေရးအတြက္ CCTV မ်ား တပ္ဆင္ျခင္း၊ က်န္းမာေရး အေထာက္အကူျပဳ ေလ့က်င့္ေရးပစၥည္းမ်ား တပ္ဆင္ျခင္း၊ အပန္းေျဖထိုင္ခံုမ်ား ထားရိွျခင္းတို႔ ဘတ္ဂ်က္ရရိွမႈအေပၚ မူတည္၍ ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးမြို့ ကန်သာကန်ကို အများပြည်သူ အပန်းဖြေနေရာအဖြစ် ပြုပြင်ပြီး စည်ပင်သို့ လွှဲပြောင်းမည်
*******
မကွေးမြို့မှ သက်တမ်း နှစ်(၂၀၀)ဝန်းကျင်ရှိ ကန်သာကန်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကျပ်သိန်းပေါင်း (၁၃၀၀) ကျော်သုံးစွဲ၍ အများပြည်သူ အပန်းဖြေရာနေရာအဖြစ် ပြင်ဆင်နေပြီး လုပ်ငန်းပြီးစီးပါက စည်ပင်သာယာရေးဌာနသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

“ဆည်မြောင်းဝန်ကြီးဌာနက အဓိကတာဝန်ယူပြီး တိုင်းအစိုးရအဖွဲ့ ထံမှ ပထမအကြိမ် ၂၀၁၈-၂၀၁၉ ဘတ်ဂျက် ကျပ်သိန်း(၁၃၉၅.၅၀) ရယူသုံးစွဲခဲ့ပါတယ်။ ခြုံရှင်းတာ၊ သဲမြေခင်းတာ စတဲ့အသေးစားလုပ်ငန်းတစ်ချို့ကိုတော့ စည်ပင်နဲ့ လူမှုရေးအဖွဲ့များ၊ ပြည်သူများ ထည့်ဝင် လှူဒါန်းငွေနဲ့ လုပ်ဆောင်နေပါတယ်။ ပြင်ဆင်မှုတွေပြီးသွားရင် စည်ပင်က တာဝန်ယူရမှာပါ”ဟု မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဖိုးနီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကန်သာကန်ကို အကြီးစားပြန်လည်ပြင်ဆင်မှုလုပ်ငန်းများအား မတ်လမှစ၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့တွင် ငါးကောင်ရေ ငါးသောင်း ငါးမျိုးစိုက်ထည့်ပေးထားသည်။

“ငါးမြစ်ချင်းနဲ့ ငါးခုံးမကြီး အကောင်ရေ စုစုပေါင်း(၅)သောင်း ထည့်လွှတ်ပါတယ်။ ကန်ထဲမှာ ဘယ်လို နည်းလမ်းနဲ့ပဲ ငါးဖမ်းသည်ဖြစ်စေ ခွင့်ပြုမှာမဟုတ်ပါဘူး။ ငါးလုပ်ငန်းဥပဒေအရရော၊ ဆည်မြောင်း ဥပဒေအရပါ သတိပေးဆိုင်းဘုတ်တွေ ထောင်ပေးထားမှာပါ” ဟု ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးကက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကန်သာကန်ကို အများပြည်သူအပန်းဖြေနေရာအဖြစ် ပြောင်းလဲရန် တိုင်းအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရပြီး ကန်ဘောင်ထိန်းသိမ်းနိုင်ရန် မြက်စိုက်ခြင်း၊ ပန်းအလှပင်စိုက်ခြင်း၊ ဆိုလာမီးများတပ်ဆင်ခြင်း၊ လုံခြုံရေးအတွက် CCTV များ တပ်ဆင်ခြင်း၊ ကျန်းမာရေး အထောက်အကူပြု လေ့ကျင့်ရေးပစ္စည်းများ တပ်ဆင်ခြင်း၊ အပန်းဖြေထိုင်ခုံများ ထားရှိခြင်းတို့ ဘတ်ဂျက်ရရှိမှုအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net