တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဆရာေတာ္ဘုရားႀကီး၏ အႏၱိမအဂၢိစ်ာပန အခမ္းအနားအား တာခ်ီလိတ္ၿမိဳ႕မသုသာန္သစ္(ပံုလို႔)တြင္ ေအာက္တိုဘာ(၃၀)ရက္ေန႔ က်င္းပမည္ျဖစ္ၿပီး အခမ္းအနားအတြက္ ေက်ာင္းတိုက္ရွိ အလွဴခံမ႑ပ္တြင္ မည္သူမဆို လာေရာက္လွဴဒါန္းႏိုင္

တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဆရာေတာ္ဘုရားႀကီး၏ အႏၱိမအဂၢိစ်ာပန အခမ္းအနားအား တာခ်ီလိတ္ၿမိဳ႕မသုသာန္သစ္(ပံုလို႔)တြင္ ေအာက္တိုဘာ(၃၀)ရက္ေန႔ က်င္းပမည္ျဖစ္ၿပီး အခမ္းအနားအတြက္ ေက်ာင္းတိုက္ရွိ အလွဴခံမ႑ပ္တြင္ မည္သူမဆို လာေရာက္လွဴဒါန္းႏိုင္
စက်တင်ဘာ 12, 2019
By Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္၏ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိ၏ အႏၱိမအဂၢိစ်ာပန အခမ္းအနားအား ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၃၀)ရက္ေန႔ ညေနပိုင္းတြင္ စံေက်ာင္းေတာ္မွ တဆင့္ တာခ်ီလိတ္ၿမိဳ႕မသုသာန္သစ္(ပံုလို႔)တြင္  ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပန အခမ္းအနားအား မူလက အျခားေနရာမ်ားတြင္ ျပဳလုပ္ရန္ စီစဥ္ထားေသာ္လည္း အခမ္းအနားျပင္ဆင္ရန္ ႏွင့္ ယာဥ္ရပ္နားရန္အတြက္ အဆင္ေျပမည့္ တာခ်ီလိတ္ၿမိဳ႕မသုသာန္သစ္(ပံုလို႔)အား သတ္မွတ္လိုက္ၿပီး စက္တင္ဘာလ(၁၂)ရက္ေန႔ ေန႔လည္ပိုင္းက နဂါးႏွစ္ေကာင္ဆရာေတာ္ အပါအ၀င္ ရွမ္းျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္း၊ စစ္ဗ်ဴဟာအဖြဲ႔(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေသာ္ဇင္ဦး ႏွင့္ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္ ႏွင့္ စ်ာပနက်င္းပေရးေကာ္မတီ၀င္မ်ားမွ သြားေရာက္၍ သုသာန္သစ္သို႔ သြားေရာက္ၾကည့္ရႈခဲ့ၾကသည္။

လက္ရွိတြင္ မဟာျမတ္မုနိဆရာေတာ္ဘုရားႀကီး၏ ရုပ္ကလပ္ေတာ္အား မူလေက်ာင္းတိုက္တြင္သာ  အပူေဇာ္ခံထားရွိၿပီး အႏၱိမအဂၢိစ်ာပန အခမ္းအနားအတြက္ မည္သူမဆို ပါ၀င္လွဴဒါန္းႏိုင္ရန္ အလွဴခံမ႑ပ္ကိုလည္း ေက်ာင္းတိုက္အတြင္း၌ (၂၄)နာရီ ဖြင့္လွစ္ထားရွိသည့္အတြက္ မည္သူမဆို လာေရာက္လွဴဒါန္းႏိုင္ေၾကာင္း သိရသည္။

မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိသည္ ၂၀၁၉ခုႏွစ္  စက္တင္ဘာလ(၇)ရက္ေန႔ ည(၉)နာရီ (၁၅)မိနစ္အခ်ိန္တြင္ ဘ၀နတ္ထံ ပ်ံလြန္ေတာ္မူျခင္း ျဖစ္ၿပီး ပ်ံလြန္ေတာ္မူခ်ိန္တြက္ သက္ေတာ္(၈၄)ႏွစ္၊ ၀ါေတာ္ (၆၁)၀ါရွိၿပီျဖစ္သည္။

မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိကို တာခ်ီလိတ္ၿမိဳ႕နယ္ မုိင္းကိုးေက်းရြာအုပ္စု၊ ဆီလီေငါ့ေက်းရြာတြင္ ၁၉၃၆ ခုႏွစ္၌ ဖြားျမင္ခဲ့ျခင္းျဖစ္ၿပီး ငယ္နာမည္မွာ စိုင္းဖတ္ျဖစ္သည္။

စိုင္းဖတ္သည္ အသက္(၁၁)ႏွစ္အရြယ္တြင္ ယန္းခမ္းေက်ာင္းဆရာေတာ္ အရွင္ေသာဘိတမေထရ္ထံ ရွင္သာမေဏအျဖစ္ျဖင့္ သာသနာ့ေဘာင္စတင္ဝင္ေရာက္ခဲ့ၿပီး ၁၉၆၈ ခုႏွစ္တြင္ တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္၌ စတင္ဖြင့္လွစ္သည့္ ဓေမၼာဒယပရိယတၱိစာသင္တုိက္တြင္ စာခ်အဖြဲ႕ေခါင္းေဆာင္အျဖစ္ သာသနာ့တာဝန္ထမ္းေဆာင္ရင္း ၁၉၇၈ ခုႏွစ္၊ ဧၿပီလ (၃)ရက္ေန႔တြင္ ရဟန္းသက္ (၁၈) ဝါ၌ ေက်ာင္းထုိင္ဆရာေတာ္အျဖစ္ ေက်ာင္းအပ္ႏွံခံရျခင္းျဖစ္သည္။

ဆရာေတာ္အား ၁၉၇၈ ခုႏွစ္တြင္ သွ်မ္းဂိုဏ္း ယြန္းဂိုဏ္းသံဃာေတာ္မ်ားႏွင့္ ဒကာဒကာမမ်ားက ယြန္းဂိုဏ္းသံဃာ၏ တတိယအဆင့္ျဖစ္သည့္ ဆြာတိဘြဲ႕ေတာ္၊ ၁၉၉၆ ခုႏွစ္တြင္ သံဃသမဂၢ သွ်မ္းဂိုဏ္းသံဃာအဖြဲ႕က နာယကဂိုဏ္းခ်ုပ္ဘြဲ႔၊ ၂၀၀၄ ခုႏွစ္တြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္ ၿမိဳ႕နယ္သံဃာ့နာယက(ေရႊက်င္)အျဖစ္ႏွင့္ ႏိုင္ငံေတာ္အစိုးရ သာသနာေရးဝန္ႀကီးဌာနက အဂၢမဟာသဒၶမၼေဇာတိကဓဇဘြဲ႕တို႔ကို ဆက္ကပ္ခဲ့ေၾကာင္း ၂၀၀၄ ခုႏွစ္က ထုတ္ေဝထားသည့္ သာသနာ့ေရာင္ျခည္ ဂုဏ္ျပဳမွတ္တမ္းတြင္ ေဖၚျပထားသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၏ ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့ ညနေပိုင်းတွင် စံကျောင်းတော်မှ တဆင့် တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဆရာတော်၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားအား မူလက အခြားနေရာများတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း အခမ်းအနားပြင်ဆင်ရန် နှင့် ယာဉ်ရပ်နားရန်အတွက် အဆင်ပြေမည့် တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)အား သတ်မှတ်လိုက်ပြီး စက်တင်ဘာလ(၁၂)ရက်နေ့ နေ့လည်ပိုင်းက နဂါးနှစ်ကောင်ဆရာတော် အပါအဝင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသော်ဇင်ဦး နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် ဈာပနကျင်းပရေးကော်မတီဝင်များမှ သွားရောက်၍ သုသာန်သစ်သို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။

လက်ရှိတွင် မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား မူလကျောင်းတိုက်တွင်သာ အပူဇော်ခံထားရှိပြီး အန္တိမအဂ္ဂိဈာပန အခမ်းအနားအတွက် မည်သူမဆို ပါဝင်လှူဒါန်းနိုင်ရန် အလှူခံမဏ္ဍပ်ကိုလည်း ကျောင်းတိုက်အတွင်း၌ (၂၄)နာရီ ဖွင့်လှစ်ထားရှိသည့်အတွက် မည်သူမဆို လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိသည် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့ ည(၉)နာရီ (၁၅)မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခြင်း ဖြစ်ပြီး ပျံလွန်တော်မူချိန်တွက် သက်တော်(၈၄)နှစ်၊ ဝါတော် (၆၁)ဝါရှိပြီဖြစ်သည်။

မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိကို တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ ဆီလီငေါ့ကျေးရွာတွင် ၁၉၃၆ ခုနှစ်၌ ဖွားမြင်ခဲ့ခြင်းဖြစ်ပြီး ငယ်နာမည်မှာ စိုင်းဖတ်ဖြစ်သည်။

စိုင်းဖတ်သည် အသက်(၁၁)နှစ်အရွယ်တွင် ယန်းခမ်းကျောင်းဆရာတော် အရှင်သောဘိတမထေရ်ထံ ရှင်သာမဏေအဖြစ်ဖြင့် သာသနာ့ဘောင်စတင်ဝင်ရောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၌ စတင်ဖွင့်လှစ်သည့် ဓမ္မောဒယပရိယတ္တိစာသင်တိုက်တွင် စာချအဖွဲ့ခေါင်းဆောင်အဖြစ် သာသနာ့တာဝန်ထမ်းဆောင်ရင်း ၁၉၇၈ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့တွင် ရဟန်းသက် (၁၈) ဝါ၌ ကျောင်းထိုင်ဆရာတော်အဖြစ် ကျောင်းအပ်နှံခံရခြင်းဖြစ်သည်။

ဆရာတော်အား ၁၉၇၈ ခုနှစ်တွင် သျှမ်းဂိုဏ်း ယွန်းဂိုဏ်းသံဃာတော်များနှင့် ဒကာဒကာမများက ယွန်းဂိုဏ်းသံဃာ၏ တတိယအဆင့်ဖြစ်သည့် ဆွာတိဘွဲ့တော်၊ ၁၉၉၆ ခုနှစ်တွင် သံဃသမဂ္ဂ သျှမ်းဂိုဏ်းသံဃာအဖွဲ့က နာယကဂိုဏ်းချုပ်ဘွဲ့၊ ၂၀၀၄ ခုနှစ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မြို့နယ်သံဃာ့နာယက(ရွှေကျင်)အဖြစ်နှင့် နိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တို့ကို ဆက်ကပ်ခဲ့ကြောင်း ၂၀၀၄ ခုနှစ်က ထုတ်ဝေထားသည့် သာသနာ့ရောင်ခြည် ဂုဏ်ပြုမှတ်တမ်းတွင် ဖော်ပြထားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net