တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္၏အရပ္ရပ္အခြင့္အေရးလိုင္စင္မ်ားေရာင္းခ်ရေငြ က်ပ္သိန္းေပါင္း (၃၀၀၀)ေက်ာ္ရရိွထားၿပီး က်န္ေလလံ (၄)ခုကို တတိယအႀကိမ္ ထပ္မံေရာင္းခ်မည္

တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္၏အရပ္ရပ္အခြင့္အေရးလိုင္စင္မ်ားေရာင္းခ်ရေငြ က်ပ္သိန္းေပါင္း (၃၀၀၀)ေက်ာ္ရရိွထားၿပီး က်န္ေလလံ (၄)ခုကို တတိယအႀကိမ္ ထပ္မံေရာင္းခ်မည္
စက်တင်ဘာ 5, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕နယ္ စည္ပင္သာယာေရးေကာ္မတီ၏ အရပ္ရပ္အခြင့္အေရး လိုင္စင္ (၇)ခုကို ဒုတိယအႀကိမ္အျဖစ္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၅) ရက္ေန႔က ေလလံတင္ရာ လုပ္ငန္း (၃)ခု ေရာင္းခ်ထားရၿပီး က်န္လုပ္ငန္း (၄)ခုကို တတိယအႀကိမ္အျဖစ္ စက္တင္ဘာလ (၁၁)ရက္ေန႔တြင္ ေရာင္းခ်မည္ျဖစ္သည္။

"ပထမအႀကိမ္ေရာင္းခ်တုန္းက ေအာင္ျမင္ျခင္းမရိွတဲ့ လုပ္ငန္း (၇) ခု က်န္ပါတယ္။ (၆) ခုက အေပါင္ဆိုင္ လုပ္ငန္းေတြျဖစ္ၿပီးေတာ့ တစ္ခုက ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးတံတား (၁)၊ (၂) ေပၚမွာျဖတ္သန္းေနတဲ့ ယာဥ္ေတြကို ေကာက္ခံတဲ့ လုပ္ငန္းေလးျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ အေပါင္ဆိုင္လုပ္ငန္း (၃) ခု လာေရာက္ေလ်ာက္ထားသူရိွတဲ့အတြက္ ေအာင္ျမင္သြားပါတယ္။ ေနာက္ထပ္အေပါင္ဆိုင္ (၃) ခုက လာေရာက္ေလ်ာက္ထားသူ မရိွေသးဘူး။ ဘီးေကာက္ကလည္းလာေရာက္ေလ်ာက္ထားမႈမရိွေသးဘူး။ ကၽြန္ေတာ္တို႔ဌာနရဲ႕လုပ္ထံုးလုပ္နည္းအရ ဒုတိယအႀကိမ္မေအာင္တဲ့အတြက္ တတိယအႀကိမ္ ထပ္ပစ္မွာပါ”ဟု တာခ်ီလိတ္ၿမို႕နယ္ စည္ပင္သာယာေရးေကာ္မတီ အမႈေဆာင္အရာရိွ ဦးစိုင္းခြန္ေဇာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အရပ္ရပ္အခြင့္အေရးလိုင္စင္မ်ား ဒုတိယအႀကိမ္ေလလံတင္ေရာင္းခ်မႈတြင္ ပုန္းထြန္အေပါင္ဆိုင္ (၂) ကို က်ပ္သိန္း (၁၇.၅၀)၊ ပုန္းထြန္အေပါင္ဆိုင္ (၃) ကို က်ပ္သိန္း (၁၆.၂၀)ႏွင့္ ဆန္ဆိုင္း(က)အေပါင္ဆိုင္(၁) ကို က်ပ္သိန္း (၃၆.၄၀)ျဖင့္ စုစုေပါင္း က်ပ္သိန္း (၇၀.၁၀) ရရိွခဲ့ၿပီး ပထမအႀကိမ္ ေလလံတြင္ လုပ္ငန္း (၂၃)ခုမွ က်ပ္သိန္းေပါင္း (၂၉၆၃.၅၈) ရရိွထားျခင္းျဖစ္သည္။

အရပ္ရပ္အခြင့္အေရးလိုင္စင္ (၂၈) ခုကို ၂၀၁၉ ခုနွစ္၊ ၾသဂုတ္လ (၂၇)ရက္ေန႔ နံနက္ပိုင္းက ေအာင္ျမတ္ခန္းမ၌ ေလလံတင္ခဲ့ရာတြင္  ၾကမ္းခင္းေစ်း က်ပ္သိန္း (၂၁၀၀.၉၅၀) သတ္မွတ္ထားသည့္ ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၁)၊ အမွတ္ (၂) ဘီးခြန္ေကာက္ခံေရးလုပ္ငန္း၊ ၾကမ္းခင္းေစ်း က်ပ္သိန္း (၂၁.၅၃၀) သတ္မွတ္ထားသည့္ ဆန္ဆိုင္း(က) အေပါင္ဆိုင္(၃) ၊ ၾကမ္းခင္းေစ်း က်ပ္သိန္း (၁၄.၉၁၀) သတ္မွတ္ထားသည့္ ပုန္းထြန္အေပါင္ဆိုင္(၃)၊ ၾကမ္းခင္းေစ်း က်ပ္သိန္း (၂၁.၂၁၀)သတ္မွတ္ထားသည့္ ပါဆတ္အေပါင္ဆိုင္၊ ၾကမ္းခမ္းေစ်း က်ပ္သိန္း (၁၃.၁၃၀) သတ္မွတ္ထားသည့္ မုိင္းကိုးအေပါင္ဆိုင္၊ ၾကမ္းခင္းေစ်း (၁၆.၂၈၀)သတ္မွတ္ထားသည့္ ပုန္းထြန္အေပါင္ဆုိင္ (၂)၊ ၾကမ္းခင္းေစ်း က်ပ္သိန္း (၁၄.၉၁၀) သတ္မွတ္ထားသည့္ ပုန္းထြန္အေပါင္ဆိုင္ (၃) ႏွင့္ ၾကမ္းခင္းေစ်း က်ပ္သိန္း (၃၅.၁၈၀)သတ္မွတ္ထားသည့္ ဆန္ဆိုင္း(က)အေပါင္ဆိုင္(၁) တို႔မွာ ေလလံဆြဲသူမရိွဘဲ က်န္ေနခဲ့ျခင္းျဖစ္သည္။

သတင္း #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့နယ် စည်ပင်၏အရပ်ရပ်အခွင့်အရေးလိုင်စင်များရောင်းချရငွေ ကျပ်သိန်းပေါင်း (၃၀၀၀)ကျော်ရရှိထားပြီး ကျန်လေလံ (၄)ခုကို တတိယအကြိမ် ထပ်မံရောင်းချမည်
*********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ အရပ်ရပ်အခွင့်အရေး လိုင်စင် (၇)ခုကို ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့က လေလံတင်ရာ လုပ်ငန်း (၃)ခု ရောင်းချထားရပြီး ကျန်လုပ်ငန်း (၄)ခုကို တတိယအကြိမ်အဖြစ် စက်တင်ဘာလ (၁၁)ရက်နေ့တွင် ရောင်းချမည်ဖြစ်သည်။

"ပထမအကြိမ်ရောင်းချတုန်းက အောင်မြင်ခြင်းမရှိတဲ့ လုပ်ငန်း (၇) ခု ကျန်ပါတယ်။ (၆) ခုက အပေါင်ဆိုင် လုပ်ငန်းတွေဖြစ်ပြီးတော့ တစ်ခုက မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (၁)၊ (၂) ပေါ်မှာဖြတ်သန်းနေတဲ့ ယာဉ်တွေကို ကောက်ခံတဲ့ လုပ်ငန်းလေးဖြစ်ပါတယ်။ ဒီနေ့မှာတော့ အပေါင်ဆိုင်လုပ်ငန်း (၃) ခု လာရောက်လျောက်ထားသူရှိတဲ့အတွက် အောင်မြင်သွားပါတယ်။ နောက်ထပ်အပေါင်ဆိုင် (၃) ခုက လာရောက်လျောက်ထားသူ မရှိသေးဘူး။ ဘီးကောက်ကလည်းလာရောက်လျောက်ထားမှုမရှိသေးဘူး။ ကျွန်တော်တို့ဌာနရဲ့လုပ်ထုံးလုပ်နည်းအရ ဒုတိယအကြိမ်မအောင်တဲ့အတွက် တတိယအကြိမ် ထပ်ပစ်မှာပါ”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အရပ်ရပ်အခွင့်အရေးလိုင်စင်များ ဒုတိယအကြိမ်လေလံတင်ရောင်းချမှုတွင် ပုန်းထွန်အပေါင်ဆိုင် (၂) ကို ကျပ်သိန်း (၁၇.၅၀)၊ ပုန်းထွန်အပေါင်ဆိုင် (၃) ကို ကျပ်သိန်း (၁၆.၂၀)နှင့် ဆန်ဆိုင်း(က)အပေါင်ဆိုင်(၁) ကို ကျပ်သိန်း (၃၆.၄၀)ဖြင့် စုစုပေါင်း ကျပ်သိန်း (၇၀.၁၀) ရရှိခဲ့ပြီး ပထမအကြိမ် လေလံတွင် လုပ်ငန်း (၂၃)ခုမှ ကျပ်သိန်းပေါင်း (၂၉၆၃.၅၈) ရရှိထားခြင်းဖြစ်သည်။

အရပ်ရပ်အခွင့်အရေးလိုင်စင် (၂၈) ခုကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့ နံနက်ပိုင်းက အောင်မြတ်ခန်းမ၌ လေလံတင်ခဲ့ရာတွင်  ကြမ်းခင်းဈေး ကျပ်သိန်း (၂၁၀၀.၉၅၀) သတ်မှတ်ထားသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)၊ အမှတ် (၂) ဘီးခွန်ကောက်ခံရေးလုပ်ငန်း၊ ကြမ်းခင်းဈေး ကျပ်သိန်း (၂၁.၅၃၀) သတ်မှတ်ထားသည့် ဆန်ဆိုင်း(က) အပေါင်ဆိုင်(၃) ၊ ကြမ်းခင်းဈေး ကျပ်သိန်း (၁၄.၉၁၀) သတ်မှတ်ထားသည့် ပုန်းထွန်အပေါင်ဆိုင်(၃)၊ ကြမ်းခင်းဈေး ကျပ်သိန်း (၂၁.၂၁၀)သတ်မှတ်ထားသည့် ပါဆတ်အပေါင်ဆိုင်၊ ကြမ်းခမ်းဈေး ကျပ်သိန်း (၁၃.၁၃၀) သတ်မှတ်ထားသည့် မိုင်းကိုးအပေါင်ဆိုင်၊ ကြမ်းခင်းဈေး (၁၆.၂၈၀)သတ်မှတ်ထားသည့် ပုန်းထွန်အပေါင်ဆိုင် (၂)၊ ကြမ်းခင်းဈေး ကျပ်သိန်း (၁၄.၉၁၀) သတ်မှတ်ထားသည့် ပုန်းထွန်အပေါင်ဆိုင် (၃) နှင့် ကြမ်းခင်းဈေး ကျပ်သိန်း (၃၅.၁၈၀)သတ်မှတ်ထားသည့် ဆန်ဆိုင်း(က)အပေါင်ဆိုင်(၁) တို့မှာ လေလံဆွဲသူမရှိဘဲ ကျန်နေခဲ့ခြင်းဖြစ်သည်။

သတင်း #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net