ရန်ကုန် - ကာလကတ္တား လေကြောင်းခရီးစဉ်ကို နေ့စဉ် ပျံသန်းမှုအဖြစ် IndiGo လေကြောင်းလိုင်းက စတင်

ရန်ကုန် - ကာလကတ္တား လေကြောင်းခရီးစဉ်ကို နေ့စဉ် ပျံသန်းမှုအဖြစ် IndiGo လေကြောင်းလိုင်းက စတင်
စကျတငျဘာ 21, 2019
By Tachileik News Agency
အိန္ဒိယလေကြောင်းလိုင်းတစ်ခုဖြစ်သည့် IndiGo က ကာလကတ္တား - ရန်ကုန်ခရီးစဉ်ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့ကစ၍ နေ့စဉ်ပျံသန်းပြေးဆွဲနေပြီဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ အကြီးဆုံးလေကြောင်းလိုင်းဖြစ်သော IndiGo က A320 လေယာဉ်အမျိုးအစားကို အသုံးပြု၍ ကာလကတ္တား - ရန်ကုန်ကို (၂)နာရီခွဲဝန်းကျင်ခရီးကို မြန်မာ - အိန္ဒိယနှစ်နိုင်ငံကြား လေကြောင်းချိတ်ဆက် ပျံသန်းမှုများ မြှင့်တင်ရေးဆောင်ရွက်ချက်များအပြီးတွင် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



IndiGo လေကြောင်းလိုင်းအပါအဝင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၁၉ ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (၃၄)လိုင်းက အပြည်ပြည်ဆိုင်ရာခရီးစဉ် (၃၃)ခုကို ပျံသန်းပြေးဆွဲနေကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - YIA


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အိန္ဒိယလေကြောင်းလိုင်းတစ်ခုဖြစ်သည့် IndiGo က ကာလကတ္တား - ရန်ကုန်ခရီးစဉ်ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့ကစ၍ နေ့စဉ်ပျံသန်းပြေးဆွဲနပြေီဖြစ်သည်။

အိနိ္ဒယနိုင်ငံ၏ အကြီးဆုံးလေကြောင်းလိုင်းဖြစ်သော IndiGo က A320 လေယာဉ်အမျိုးအစားကို အသုံးပြု၍ ကာလကတ္တား - ရန်ကုန်ကို (၂)နာရီခွဲဝန်းကျင်ခရီးကို မြန်မာ - အိန္ဒိယနှစ်နိုင်ငံကြား လေကြောင်းချိတ်ဆက်ပျံသန်းမှုများ မြှင့်တင်ရေးဆောင်ရွက်ချက်များအပြီးတွင် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအား မြန်မာနိုင်ငံက ဆိုက်ရောက်ဗီဇာခွင့်ပြုခြင်းကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလကုန်အထိ သက်တမ်းထပ်တိုးပေးထားရာ ပုံမှန်ကူးသန်းသွားလာနေသည့် ခရီးသွားများအပြင် မြန်မာသို့ လည်ပတ်မည့် အိန္ဒိယခရီးသွားများအတွက်ပါ ရည်ရွယ်ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။

ကာလကတ္တား - ရန်ကုန်ခရီးစဉ်အား Air India နှင့် MAI တို့မှ သတ်မှတ်ရက်များအလိုက် ပြေးဆွဲပျံသန်းနေလျက်ရှိသော်လည်း IndiGo လေကြောင်းလိုင်းက စက်တင်ဘာလ(၂၀)ရက်နေ့က စ၍ နေ့စဉ်ပျံသန်းခြင်းဖြစ်သည်။

IndiGo လေကြောင်းလိုင်းအပါအဝင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၁၉ ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (၃၄)လိုင်းက အပြည်ပြည်ဆိုင်ရာခရီးစဉ် (၃၃)ခုကို ပျံသန်းပြေးဆွဲနကြခြေင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - YIA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net