ထုိင္းႏုိင္ငံမွ တရားခံေျပးမ်ား လာေရာက္တိမ္းေရွာင္ေနေလ့ရိွသျဖင့္ တာခ်ီလိတ္ရွိ အိမ္ခန္းငွားမ်ားအေနျဖင့္ သတိထားေဆာင္ရြက္ၾကရန္ ရဲတပ္ဖြဲ႕တိုက္တြန္း

ထုိင္းႏုိင္ငံမွ တရားခံေျပးမ်ား လာေရာက္တိမ္းေရွာင္ေနေလ့ရိွသျဖင့္ တာခ်ီလိတ္ရွိ အိမ္ခန္းငွားမ်ားအေနျဖင့္ သတိထားေဆာင္ရြက္ၾကရန္ ရဲတပ္ဖြဲ႕တိုက္တြန္း
စက်တင်ဘာ 16, 2019
By Tachileik News Agency

နယ္စပ္ၿမိဳ႕ျဖစ္သည့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ထုိင္းနို္င္ငံမွ တရားခံေျပးမ်ားက လာေရာက္ တိမ္းေရွာင္ေနထုိင္ေလ့ရိွသျဖင့္ အိမ္ခန္းငွားသူမ်ားအေနျဖင့္ သတိထားေဆာင္ရြက္ၾကရန္ ဒုတိယျပည္နယ္ရဲတပ္ဖြဲ႕မွဴးက သတိေပးတုိက္တြန္း ေျပာၾကားလုိက္သည္။

" ဒီလူက ထိုင္းလား၊ ျမန္မာႏိုင္ငံသားလား ေသခ်ာေလးေမးၿပီးမွ ငွားသင့္တာေပါ့။ တာခ်ီလိတ္ဆိုတာက မယ္ဆိုင္ေခ်ာင္းကေန အခ်ိန္မေရြးျဖတ္ကူးလို႔ရတဲ့အခါက်ေတာ့ ဟိုဘက္က တရားခံေျပးေတာ္ေတာ္မ်ားမ်ားက ကၽြန္ေတာ္တို႔ဘက္မွာ လာၿပီးပုန္းခိုပါတယ္”ဟု ဒုတိယ ျပည္နယ္ရဲတပ္ဖြဲ႕မွဴးရံုး(က်ိဳင္းတံု)မွ ဒုတိယျပည္နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး မင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္တြင္ မႈခင္းမ်ားႏွင့္ပတ္သက္၍ ဖမ္းဆီးရမိသည့္ ထုိင္းႏိုင္ငံသားအခ်ိဳ႕မွာ ထုိင္းႏုိင္ငံဘက္မွ တရားခံေျပးမ်ား ျဖစ္ေနတတ္သည့္အျပင္ တာခ်ီလိတ္တြင္ ကာလရွည္ၾကာ အိမ္ခန္းငွားရမ္း ေနထုိင္ေၾကာင္းကိုပါ ေဖၚထုတ္ေတြ႔ရိွရၿပီး ေနအိမ္ငွားရမ္းသူမ်ားပါ အေရးယူခံရသည့္ျဖစ္စဥ္မ်ား ရိွခဲ့သည္။

" ႏိုင္ငံျခားသားေတြ ငွားရမ္းလို႔မရဘူးဆိုတာကို လဝကနဲ႔ ပူးေပါင္းၿပီးေတာ့ ရွင္းျပထားတာေတြရိွတယ္။ ႏိုင္ငံျခားသားေတြ ေနထိုင္မယ္ဆိုရင္ လဝကကို သတင္းေပးရတာေတြရိွတယ္။ သတင္းမေပးဘဲနဲ႔ ငွားရမ္းထားတဲ့သူေတြလည္း ႀကံဳေတြ႕ရပါတယ္။ ကၽြန္ေတာ္တို႔ ဖမ္းဆီးအေရးယူထားတာေတြလည္း ရိွပါတယ္"ဟု တာခ်ီလိတ္ၿမို႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးလွဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။   

 ႏိုင္ငံျခားသားမ်ားကို ေနအိမ္တိုက္ခန္းမ်ားအတြင္း ခြင့္ျပဳခ်က္မရွိဘဲ ငွားရမ္းေပးပါက အိမ္ပိုင္ရွင္မွာ လ၀က အက္ဥေဒ ၁၃/၅ အရ အေရးယူေဆာင္ရြက္ခံရႏုိင္ၿပီး ေထာင္ဒဏ္ (၆) လမွ (၅) ႏွစ္ထိအျပင္ ေငြဒဏ္လည္းခ်မွတ္ခံရႏိုင္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနို်င်ငံမှ တရားခံပြေးများက လာရောက် တိမ်းရှောင်နေထိုင်လေ့ရှိသဖြင့် အိမ်ခန်းငှါးသူများအနဖြေင့် သတိထားဆောင်ရွက်ကြရန် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးက သတိပေးတိုက်တွန်း ပြောကြားလိုက်သည်။

" ဒီလူက ထိုင်းလား၊ မြန်မာနိုင်ငံသားလား သေချာလေးမေးပြီးမှ ငှါးသင့်တာပေါ့။ တာချီလိတ်ဆိုတာက မယ်ဆိုင်ချောင်းကနေ အချိန်မရွေးဖြတ်ကူးလို့ရတဲ့အခါကျတော့ ဟိုဘက်က တရားခံပြေးတော်တော်များများက ကျွန်တော်တို့ဘက်မှာ လာပြီးပုန်းခိုပါတယ်”ဟု ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး(ကျိုင်းတုံ)မှ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် မှုခင်းများနှင့်ပတ်သက်၍ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားအချို့မှာ ထိုင်းနိုင်ငံဘက်မှ တရားခံပြေးများ ဖြစ်နေတတ်သည့်အပြင် တာချီလိတ်တွင် ကာလရှည်ကြာ အိမ်ခန်းငှါးရမ်း နေထိုင်ကြောင်းကိုပါ ဖော်ထုတ်တွေ့ရှိရပြီး နေအိမ်ငှါးရမ်းသူများပါ အရေးယူခံရသည့်ဖြစ်စဉ်များ ရှိခဲ့သည်။

" နိုင်ငံခြားသားတွေ ငှါးရမ်းလို့မရဘူးဆိုတာကို လဝကနဲ့ ပူးပေါင်းပြီးတော့ ရှင်းပြထားတာတွေရှိတယ်။ နိုင်ငံခြားသားတွေ နေထိုင်မယ်ဆိုရင် လဝကကို သတင်းပေးရတာတွေရှိတယ်။ သတင်းမပေးဘဲနဲ့ ငှါးရမ်းထားတဲ့သူတွေလည်း ကြုံတွေ့ရပါတယ်။ ကျွန်တော်တို့ ဖမ်းဆီးအရေးယူထားတာတွေလည်း ရှိပါတယ်"ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 နိုင်ငံခြားသားများကို နေအိမ်တိုက်ခန်းများအတွင်း ခွင့်ပြုချက်မရှိဘဲ ငှါးရမ်းပေးပါက အိမ်ပိုင်ရှင်မှာ လဝက အက်ဥဒေ ၁၃/၅ အရ အရေးယူဆောင်ရွက်ခံရနိုင်ပြီး ထောင်ဒဏ် (၆) လမှ (၅) နှစ်ထိအပြင် ငွေဒဏ်လည်းချမှတ်ခံရနိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net