အေမရိကန္၏စစ္ဆင္ေရးအတြင္း ဘင္လာဒင္၏ (၁၅)ေယာက္ေျမာက္သား ေသဆံုးသြားေၾကာင္း ထရမ့္ အတည္ျပဳ

အေမရိကန္၏စစ္ဆင္ေရးအတြင္း ဘင္လာဒင္၏ (၁၅)ေယာက္ေျမာက္သား ေသဆံုးသြားေၾကာင္း ထရမ့္ အတည္ျပဳ
စက်တင်ဘာ 14, 2019
By Tachileik News Agency

အၾကမ္းဖက္မႈျဖင့္ ဆုေၾကးေငြ အေမရိကန္ေဒၚလာတစ္သန္း ထုတ္ဆင့္ခံထားရသည့္ အိုစမာဘင္လာဒင္၏ သားျဖစ္သူ ဟမ္းဇ္ဘင္လာဒင္မွာ အေမရိကန္၏ အၾကမ္းဖက္ႏွိမ္ႏွင္းေရးစစ္ဆင္ေရးအတြင္း ေသဆံုးသြားၿပီျဖစ္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အတည္ျပဳလုိက္သည္။

အယ္လ္ေကဒါးအဖြဲ႕၏ ထိပ္တန္းေခါင္းေဆာင္တစ္ဦးျဖစ္သူ ဟမ္းဇ္ဘင္လာဒင္မွာ အာဖဂန္နစၥတန္၊ ပါကစၥတန္ေဒသအတြင္း အေမရိကန္၏ အၾကမ္းဖက္ႏွိမ္ႏွင္းေရးစစ္ဆင္ေရးအတြင္း ေသဆံုးသြားၿပီျဖစ္ေၾကာင္း အိမ္ျဖဴေတာ္ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားျခင္းျဖစ္သည္။

ဟမ္းဇ္ဘင္လာဒင္မွာ အၾကမ္းဖက္အဖြဲ႕မ်ားၾကား ခ်ိတ္ဆက္မႈႏွင့္ အၾကမ္းဖက္လုပ္ငန္းမ်ားကို စီစဥ္မႈမ်ားတြင္ တာဝန္ရိွသူျဖစ္သည္ဟု ေဖၚျပထားသည္။

အေမရိကန္၏ စစ္ဆင္ေရးအတြင္း ေသဆံုးသည္ဟုဆိုေသာ္လည္း အေသးစိတ္မသိရေသးေၾကာင္း နယူးေယာ့တုိင္းမ္သတင္းတြင္ ေဖၚျပထားသည္။

ဟမ္းဇ္ဘင္လာဒင္မွာ အိုစမာဘင္လာဒင္၏ သားသမီး (၅၆)ဦးအနက္ (၁၅)ေယာက္ေျမာက္သားျဖစ္ၿပီး အသက္ (၃၀)အရြယ္ခန္႔ဟု ယံုၾကည္ရသည္။

အိုစမာဘင္လာဒင္မွာ ၂၀၁၁ ခုႏွစ္ ေမလ(၂)ရက္ေန႔က အေမရိကန္အထူးတပ္ဖြဲ႕၏ ဝင္ေရာက္စီးနင္းမႈအတြင္း ေသဆံုးခဲ့ျခင္းျဖစ္သည္။

ယင္းေနာက္ အိုစမာဘင္လာဒင္၏ သားျဖစ္သူ ဟမ္းဇ္ဘင္လာဒင္မွာ အေမရိကန္ႏွင့္ မဟာမိတ္ႏုိင္ငံမ်ားအား အၾကမ္းဖက္လုပ္ရပ္မ်ားျဖင့္ ထင္ရွားလာျခင္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ အေစာပိုင္းတြင္ ၎၏ တည္ေနရာကို သတင္းေပးႏုိင္သူအား ဆုေၾကးေငြ အေမရိကန္ေဒၚလာ တစ္သန္းခ်ီးျမႇင့္မည္ဟု အေမရိကန္ျပည္ေထာင္စုက ေၾကညာလုိက္ျခင္းျဖစ္သည္။

Tachileik News Agency
Ref; Sky News



~~~~~~~~⊰❂ Unicode Version ~~~~~~~~

အကြမ်းဖက်မှုဖြင့် ဆုကြေးငွေ အမေရိကန်ဒေါ်လာတစ်သန်း ထုတ်ဆင့်ခံထားရသည့် အိုစမာဘင်လာဒင်၏ သားဖြစ်သူ ဟမ်းဇ်ဘင်လာဒင်မှာ အမေရိကန်၏ အကြမ်းဖက်နှိမ်နှင်းရေးစစ်ဆင်ရေးအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုလိုက်သည်။

အယ်လ်ကေဒါးအဖွဲ့၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဟမ်းဇ်ဘင်လာဒင်မှာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်ဒေသအတွင်း အမေရိကန်၏ အကြမ်းဖက်နှိမ်နှင်းရေးစစ်ဆင်ရေးအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

ဟမ်းဇ်ဘင်လာဒင်မှာ အကြမ်းဖက်အဖွဲ့များကြား ချိတ်ဆက်မှုနှင့် အကြမ်းဖက်လုပ်ငန်းများကို စီစဉ်မှုများတွင် တာဝန်ရှိသူဖြစ်သည်ဟု ဖော်ပြထားသည်။

အမေရိကန်၏ စစ်ဆင်ရေးအတွင်း သေဆုံးသည်ဟုဆိုသော်လည်း အသေးစိတ်မသိရသေးကြောင်း နယူးယော့တိုင်းမ်သတင်းတွင် ဖော်ပြထားသည်။

ဟမ်းဇ်ဘင်လာဒင်မှာ အိုစမာဘင်လာဒင်၏ သားသမီး (၅၆)ဦးအနက် (၁၅)ယောက်မြောက်သားဖြစ်ပြီး အသက် (၃၀)အရွယ်ခန့်ဟု ယုံကြည်ရသည်။

အိုစမာဘင်လာဒင်မှာ ၂၀၁၁ ခုနှစ် မေလ(၂)ရက်နေ့က အမေရိကန်အထူးတပ်ဖွဲ့၏ ဝင်ရောက်စီးနင်းမှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် အိုစမာဘင်လာဒင်၏ သားဖြစ်သူ ဟမ်းဇ်ဘင်လာဒင်မှာ အမေရိကန်နှင့် မဟာမိတ်နိုင်ငံများအား အကြမ်းဖက်လုပ်ရပ်များဖြင့် ထင်ရှားလာခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် အစောပိုင်းတွင်၎င်း၏ တည်နေရာကို သတင်းပေးနိုင်သူအား ဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်သန်းချီးမြှင့်မည်ဟု အမေရိကန်ပြည်ထောင်စုက ကြေညာလိုက်ခြင်းဖြစ်သည်။

Tachileik News Agency
Ref; Sky News 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net