တာခ်ီလိတ္တြင္ သဘာဝေဘးအတြင္း စီမံခန္႔ခြဲျခင္းသင္တန္းကို ေစတနာ့ဝန္ထမ္း ၃၀ အား ပို႔ခ်ေပးေန

တာခ်ီလိတ္တြင္ သဘာဝေဘးအတြင္း စီမံခန္႔ခြဲျခင္းသင္တန္းကို ေစတနာ့ဝန္ထမ္း ၃၀ အား ပို႔ခ်ေပးေန
စက်တင်ဘာ 9, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕တြင္ သဘာဝေဘးအႏၱရာယ္ျဖစ္ပြားခ်ိန္တြင္ ကူညီမည့္ ေစတနာ့ဝန္ထမ္းမ်ားအေနျဖင့္ စီမံခန္႔ခြဲလုပ္ေဆာင္ျခင္းအတြက္ ေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာနႏွင့္ သက္ဆုိင္ရာဌာနမ်ားက ပူးေပါင္းၿပီး ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၉)ရက္ေန႔က သင္တန္းေပးေနသည္။

"အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊  ၾကက္ေျခနီ၊ က်န္းမာေရးဌာနေတြနဲ႔ ခ်ိတ္ဆက္ၿပီး ဖြင့္တာေပါ့။ သဘာဝေဘးအႏၲရာယ္မျဖစ္ခင္မွာ ဘာေတြလုပ္ရမယ္။ ျဖစ္ရင္ ဘာေတြလုပ္ရမယ္။ စီမံခန္႔ခြဲမႈအပိုင္းကို ဦးစားေပးေဆြးေႏြးသြားမွာေပါ့။ အခုက ဆင့္ပြားသင္တန္းေပါ့။ ၿမိဳ႕နယ္အဆင့္သင္တန္းေတြ ဆက္ဖြင့္သြားမွာပါ" ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမႉး ေဒၚနန္႔ေပၚလင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။ 
      
အဆိုပါသင္တန္းတြင္ မီးသတ္တပ္ဖြဲ႕၊ ၾကက္ေျခနီအဖြဲ႕ႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ားမွ လူေပါင္း (၃၀) တက္ေရာက္ေနၾကၿပီး သင္တန္းကို ႏွစ္ရက္တာပို႔ခ်မည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းကို ေဘးအႏၱရာယ္စီမံခန္႔ခြဲမႈဦးစီးဌာနႏွင့္အတူ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာန၊ က်န္းမာေရးဦးစီးဌာန၊ ျမန္မာႏုိင္ငံၾကက္ေျခနီအသင္းတုိ႔မွ ေဆြးေႏြးပို႔ခ်ေပးေနျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် သဘာဝဘေးအတွင်း စီမံခန့်ခွဲခြင်းသင်တန်းကို စေတနာ့ဝန်ထမ်း ၃၀ အား ပို့ချပေးနေ
*************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် ကူညီမည့် စေတနာ့ဝန်ထမ်းများအနေဖြင့် စီမံခန့်ခွဲလုပ်ဆောင်ခြင်းအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများက ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့က သင်တန်းပေးနေသည်။

"အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ကြက်ခြေနီ၊ ကျန်းမာရေးဌာနတွေနဲ့ ချိတ်ဆက်ပြီး ဖွင့်တာပေါ့။ သဘာဝဘေးအန္တရာယ်မဖြစ်ခင်မှာ ဘာတွေလုပ်ရမယ်။ ဖြစ်ရင် ဘာတွေလုပ်ရမယ်။ စီမံခန့်ခွဲမှုအပိုင်းကို ဦးစားပေးဆွေးနွေးသွားမှာပေါ့။ အခုက ဆင့်ပွားသင်တန်းပေါ့။ မြို့နယ်အဆင့်သင်တန်းတွေ ဆက်ဖွင့်သွားမှာပါ" ဟု တာချီလိတ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန့်ပေါ်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။   
     
အဆိုပါသင်တန်းတွင် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များမှ လူပေါင်း (၃၀) တက်ရောက်နေကြပြီး သင်တန်းကို နှစ်ရက်တာပို့ချမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ဆွေးနွေးပို့ချပေးနေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net