ေရစႀကိဳၿမိဳ႕နယ္ ေအာင္ပန္းေခ်ာင္းေက်းရြာတြင္ ခ်င္းတြင္းျမစ္ေရတုိက္စား၍ အိမ္ေျခ (၉၃)လံုး ေရႊ႕ေျပာင္းထားရ

ေရစႀကိဳၿမိဳ႕နယ္ ေအာင္ပန္းေခ်ာင္းေက်းရြာတြင္ ခ်င္းတြင္းျမစ္ေရတုိက္စား၍ အိမ္ေျခ (၉၃)လံုး ေရႊ႕ေျပာင္းထားရ
စက်တင်ဘာ 21, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴခ႐ိုင္၊ ေရစႀကိဳၿမိဳ႕နယ္၊ ေအာင္ပန္းေခ်ာင္းေက်းရြာတြင္ ခ်င္းတြင္းျမစ္ေရတုိက္စား၍ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၀)ရက္ေန႔အထိ အိမ္ေျခ (၉၃)လံုး ေရႊ႕ေျပာင္းထားရၿပီျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ရြာမွာ ကမ္းျပိဳမႈေတြျဖစ္ပြားေနတာေၾကာင့္ ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လတုန္းက အိမ္ေျခ (၃၈) လံုးေျပာင္းေရႊ႕ခဲ့ရၿပီး စက္တင္ဘာလ (၁၅) ရက္ကေန (၂၀) ရက္ေန႔အထိ ေျပာင္းေရႊ႕ၿပီး အိမ္ေျခ(၄၀)နဲ႔ ေရႊ႕ေျပာင္းဆဲက (၁၅)လံုးပါ။ စုစုေပါင္းကေတာ့ အိမ္ေျခ (၉၃) လံုး ေရႊ႕ေျပာင္း ရပါတယ္။ ကၽြန္ေတာ္တို႔ရြာအတြက္ အေရးတႀကီးလိုအပ္ေနတာကေတာ့ ေရကာတာ လုပ္ေပးဖု႔ိပါပဲ”ဟု ေအာင္ပန္းေခ်ာင္း ေက်းရြာအုပ္ခ်ဳပ္ေရး ရြာခြဲတာဝန္ခံ ဦးတိုးၿမိဳင္က တာခ်ီ လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေအာင္ပန္းေခ်ာင္းေက်းရြာအုပ္စုအတြင္းရိွ ေအာင္ပန္းေခ်ာင္းေက်းရြာတြင္ အိမ္ေျခ (၃၂၀) ဝန္းက်င္၊ အိမ္ေထာင္စု (၄၂၀)ခန္႔ႏွင့္ လူဦးေရ (၂၀၀၀) ဝန္းက်င္ရိွၿပီး ျမစ္ကမ္းပါးၿပိဳက် ေနမႈေၾကာင့္ ဖ်က္ေရႊ႕ရသည့္ေနအိမ္မ်ားအား ရြာအေနာက္ဘက္ရိွ ေျမကြက္လပ္၌ ယာယီေျပာင္းေရႊ႕ေပးေနေၾကာင္း သိရသည္။

ေရစႀကိဳၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႔ဝင္မ်ားက ေနအိမ္မ်ားဖ်က္ေရႊ႕ႏုိင္ေရး ကူညီေဆာင္ရြက္ေပးေနၿပီး ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဦးစီးဌာနက ေရႊ႕ေျပာင္းရသည့္ေနအိမ္မ်ားအား အိမ္ေထာင္စုတစ္စုလွ်င္ က်ပ္ (၁) သိန္းႏွဳန္းစီ ေထာက္ပံ့ေပးေနေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု  - ေအာင္ေက်ာ္ဇင္(ေရစႀကိဳ)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာတွင် ချင်းတွင်းမြစ်ရေတိုက်စား၍ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့အထိ အိမ်ခြေ (၉၃)လုံး ရွှေ့ပြောင်းထားရပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရွာမှာ ကမ်းပြိုမှုတွဖြေစ်ပွားနေတာကြောင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတုန်းက အိမ်ခြေ (၃၈) လုံးပြောင်းရွှေ့ခဲ့ရပြီး စက်တင်ဘာလ (၁၅) ရက်ကနေ (၂၀) ရက်နေ့အထိ ပြောင်းရွှေ့ပြီး အိမ်ခြေ(၄၀)နဲ့ ရွှေ့ပြောင်းဆဲက (၁၅)လုံးပါ။ စုစုပေါင်းကတော့ အိမ်ခြေ (၉၃) လုံး ရွှေ့ပြောင်း ရပါတယ်။ ကျွန်တော်တို့ရွာအတွက် အရေးတကြီးလိုအပ်နေတာကတော့ ရေကာတာ လုပ်ပေးဖို့ပါပဲ”ဟု အောင်ပန်းချောင်း ကျေးရွာအုပ်ချုပ်ရေး ရွာခွဲတာဝန်ခံ ဦးတိုးမြိုင်က တာချီ လိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အောင်ပန်းချောင်းကျေးရွာအုပ်စုအတွင်းရှိ အောင်ပန်းချောင်းကျေးရွာတွင် အိမ်ခြေ (၃၂၀) ဝန်းကျင်၊ အိမ်ထောင်စု (၄၂၀)ခန့်နှင့် လူဦးရေ (၂၀၀၀) ဝန်းကျင်ရှိပြီး မြစ်ကမ်းပါးပြိုကျ နေမှုကြောင့် ဖျက်ရွှေ့ရသည့်နေအိမ်များအား ရွာအနောက်ဘက်ရှိ မြေကွက်လပ်၌ ယာယီပြောင်းရွှေ့ပေးနေကြောင်း သိရသည်။

ရေစကြိုမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်များဖျက်ရွှေ့နိုင်ရေး ကူညီဆောင်ရွက်ပေးနပြေီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက ရွှေ့ပြောင်းရသည့်နေအိမ်များအား အိမ်ထောင်စုတစ်စုလျှင် ကျပ် (၁) သိန်းနှုန်းစီ ထောက်ပံ့ပေးနေကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - အောင်ကျော်ဇင်(ရေစကြို)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net