ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသူ ျမန္မာႏိုင္ငံသား (၁၇)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ

ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသူ ျမန္မာႏိုင္ငံသား (၁၇)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ
စက်တင်ဘာ 18, 2019
By Tachileik News Agency

ထိုင္းႏိုင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား (၁၇)ဦးကို တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရးအမွတ္(၂)တံတားတြင္ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၁၈)ရက္ေန႔ ညေနပိုင္းက မယ္ဆိုင္ဘက္ တာ၀န္ရွိသူမ်ားက လာေရာက္လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

လႊဲေျပာင္းလာရာတြင္  ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ အမ်ဳိးသား(၆)ဦး ႏွင့္ အမ်ဳိးသမီး(၇)ဦး၊ မႏၱေလးတိုင္းေဒသႀကီးမွ အမ်ဳိးသား(၂)ဦး အပါအ၀င္ ကေလးငယ္(၂)ဦး စုစုေပါင္း (၁၇)ဦးျဖစ္ေၾကာင္း သိရသည္။

"သူတို႔ထဲမွာ ခ်င္းမိုင္းမွာ ဖမ္းခံရတာမ်ားတယ္၊ ႏွစ္ေယာက္ကေတာ့ သူ႔ဘာသူ ျပန္သြားတယ္၊ က်န္တဲ့သူေတြကိုေတာ့ ေနရပ္ျပန္ဖို႔အတြက္ ေရႊေတာင္ရိုးကားနဲ႔ ျပန္ဖို႔ စီစဥ္ေပးလိုက္ပါတယ္"ဟု လႊဲေျပာင္းလက္ခံေရးတြင္ ပါ၀င္သူ တစ္ဦးက ေျပာသည္။

ထိုင္းႏိုင္ငံဘက္မွ တာ၀န္ရိွသူမ်ားက လႊဲေျပာင္းေပးအပ္ရာတြင္ ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမားညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကၿပီး ေနရပ္ျပန္ရန္ အခက္အခဲျဖစ္သူမ်ားႏွင့္ အကူအညီလိုအပ္သူမ်ားကို သက္ဆိုင္ရာမ်ားျဖင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေပးရသည္မ်ားလည္း ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၁၇)ဦးကို တာချီလိတ်ရှိ ချစ်ကြည်ရေးအမှတ်(၂)တံတားတွင် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့ ညနေပိုင်းက မယ်ဆိုင်ဘက် တာဝန်ရှိသူများက လာရောက်လွှဲပြောင်းပေးလာကြောင်း သိရသည်။

လွှဲပြောင်းလာရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ အမျိုးသား(၆)ဦး နှင့် အမျိုးသမီး(၇)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ အမျိုးသား(၂)ဦး အပါအဝင် ကလေးငယ်(၂)ဦး စုစုပေါင်း (၁၇)ဦးဖြစ်ကြောင်း သိရသည်။

"သူတို့ထဲမှာ ချင်းမိုင်းမှာ ဖမ်းခံရတာများတယ်၊ နှစ်ယောက်ကတော့ သူ့ဘာသူ ပြန်သွားတယ်၊ ကျန်တဲ့သူတွေကိုတော့ နေရပ်ပြန်ဖို့အတွက် ရွှေတောင်ရိုးကားနဲ့ ပြန်ဖို့ စီစဉ်ပေးလိုက်ပါတယ်"ဟု လွှဲပြောင်းလက်ခံရေးတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာတွင် မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြပြီး နေရပ်ပြန်ရန် အခက်အခဲဖြစ်သူများနှင့် အကူအညီလိုအပ်သူများကို သက်ဆိုင်ရာများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည်များလည်း ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net