မြန်မာ - ထိုင်း (၁၃)ကြိမ်မြောက် BCATIP အစည်းအဝေးသို့ လာအိုနိုင်ငံမှ ဧည့်သည်အဖြစ် တက်ရောက်ကာ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

မြန်မာ - ထိုင်း (၁၃)ကြိမ်မြောက် BCATIP အစည်းအဝေးသို့ လာအိုနိုင်ငံမှ ဧည့်သည်အဖြစ် တက်ရောက်ကာ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
စကျတငျဘာ 24, 2019
By Tachileik News Agency


ဆွေးနွေးပွဲတွင် မြန်မာ၊ ထိုင်းနှင့် လာအိုနယ်နမိတ် ထိစပ်ရာဒေသများတွင် ရွှေ့ပြောင်းလုပ်သား ဝင်/ထွက်မှု ကိစ္စရပ်များ၊ လူကုန်ကူးမှုများနှင့် အခြားဆက်စပ်မှုခင်းများတွင် ပူးပေါင်းဖြေရှင်းကြရန် ဆွေးနွေးကြပြီး ရွှေ့ပြောင်းလုပ်သား၊ လူကုန်ကူးမှုများနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်ရာ၌ ဘာသာစကားအခက်အခဲရှိပါက BCATIP အဖွဲ့ဝင်များ ပူးပေါင်းဖြေရှင်းဆောင်ရွက်မည်ဖြစ်ကာ လာအိုနိုင်ငံမှ အမျိုးသမီးငယ်များကို အခြားနိုင်ငံများသို့ အလုပ်ရမည်ဟုဆိုကာ တရုတ်နိုင်ငံသို့ပို့၍ အဓမ္မလက်ထပ်ထိမ်းမြားစေခိုင်းမှုများဖြစ်ပွားနေ၍ (၃) နိုင်ငံ ပူးပေါင်းဖြေရှင်းရန်၊ ပတ်စပိုစ့်အတု ဗီဇာအတုများတွေ့ရှိ ဖမ်းဆီးမှုများတွင် မြန်မာတရားခံများ ပါရှိပါက သတင်းကွင်းဆက်ဖော်ဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးကာ သဘောတူညီခဲ့ကြကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရွှေ့ပြောင်းလုပ်သား၊ လူကုန်ကူးမှုခင်းများ၊ နိုင်ငံကူးလက်မှတ်အတု၊ ဗီဇာအတုပြုလုပ်သူများ ဖော်ထုတ်ရေးတို့တွင် မြန်မာနှင့် ထိုင်းပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးသည့် (၁၃)ကြိမ်မြောက် တာချီလိတ် - ချင်းရိုင်း BCATIP အစည်းအဝေးသို့ လာအိုနိုင်ငံက လေ့လာသူအဖြစ် တက်ရောက်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းရိုင်းမြို့ရှိ ဝမ်ကန်ဟိုတယ် တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် (၈)နာရီခွဲက စတင်ကျင်းပရာ ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး နိုင်းပကျွန်ဦးဆောင်သည့် ကိုယ်စားလှယ် (၂၀)ဦး၊ မြန်မာနိုင်ငံ၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်းဦးဆောင်သည့် ကိုယ်စားလှယ် (၁၅)ဦးနှင့် လေ့လာသူအဖြစ် တက်ရောက်သည့် လာအိုနိုင်ငံက ကိုယ်စားလှယ် (၁၅)ဦးအဖွဲ့ တက်ရောက်ကြသည်ဟု သိရသည်။

ဆွေးနွေးပွဲတွင် မြန်မာ၊ ထိုင်းနှင့် လာအိုနယ်နမိတ် ထိစပ်ရာဒေသများတွင် ရွှေ့ပြောင်းလုပ်သား ဝင်/ထွက်မှု ကိစ္စရပ်များ၊ လူကုန်ကူးမှုများနှင့် အခြားဆက်စပ်မှုခင်းများတွင် ပူးပေါင်းဖြေရှင်းကြရန် ဆွေးနွေးကြပြီး ရွှေ့ပြောင်းလုပ်သား၊ လူကုန်ကူးမှုများနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်ရာ၌ ဘာသာစကားအခက်အခဲရှိပါက BCATIP အဖွဲ့ဝင်များ ပူးပေါင်းဖြေရှင်းဆောင်ရွက်မည်ဖြစ်ကာ လာအိုနိုင်ငံမှ အမျိုးသမီးငယ်များကို အခြားနိုင်ငံများသို့ အလုပ်ရမည်ဟုဆိုကာ တရုတ်နိုင်ငံသို့ပို့၍ အဓမ္မလက်ထပ်ထိမ်းမြားစေခိုင်းမှုများဖြစ်ပွားနေ၍ (၃) နိုင်ငံ ပူးပေါင်းဖြေရှင်းရန်၊ ပတ်စပိုစ့်အတု ဗီဇာအတုများတွေ့ရှိ ဖမ်းဆီးမှုများတွင် မြန်မာတရားခံများ ပါရှိပါက သတင်းကွင်းဆက်ဖော်ဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးကာ သဘောတူညိီခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ် လူကုန်တား

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net