သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းအဖြစ် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းဆိုင်ရာ နည်းစနစ်သင်တန်း တာချီလိတ်တွင် ပို့ချ

သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းအဖြစ် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းဆိုင်ရာ နည်းစနစ်သင်တန်း တာချီလိတ်တွင် ပို့ချ
စက်တင်ဘာ 16, 2019
By Tachileik News Agency

ျမန္မာႏိုင္ငံ သစ္ေတာမ်ား ျပန္လည္တည္ေထာင္ေရးစီမံကိန္းအျဖစ္ ေဒသခံျပည္သူအစုအဖြဲ႔ပိုင္ သစ္ေတာတည္ေထာင္ျခင္းဆိုင္ရာနည္းစနစ္သင္တန္း ႏွင့္ ဝဥ စိုက္ပ်ဳိးထုတ္လုပ္ျခင္းဆိုင္ရာ နည္းစနစ္သင္တန္းအား တာခ်ီလိတ္ၿမိဳ႕ရွိ သစ္ေတာဦးစီးဌာနရံုးတြင္ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၁၆)ရက္ေန႔ နံနက္က စ၍ ဖြင့္လွစ္ ပို႔ခ်ေနေၾကာင္း သိရသည္။

သင္တန္းဖြင့္ပြဲအား နံနက္ပိုင္းက ျပဳလုပ္ရာတြင္ သစ္ေတာဦးစီးဌာနမွ တာခ်ီလိတ္ခရိုင္လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးရီေထြးက သင္တန္းဖြင့္လွစ္ရျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားၿပီးေနာက္ သင္တန္းအား ဆက္လက္ပို႔ခ်ၾကသည္။

အဆိုပါ သင္တန္းအား ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၁၆)ရက္ေန႔မွ (၂၀)ရက္ေန႔အထိ (၅)ရက္တိုင္တိုင္ က်င္းပျပဳလုပ္သြားမည္ျဖစ္ၿပီး သင္တန္းသို႔ တာခ်ီလိိတ္ၿမိဳ႕နယ္အတြင္း တာခ်ီလိတ္၊ တာေလ ႏွင့္ က်ဳိင္းလပ္ၿမိဳ႕တို႔မွ သင္တန္းသား (၂၅)ဦး တက္ေရာက္ေနေၾကာင္း သိရသည္။

သင္တန္းတြင္ သစ္ေတာစိုက္ခင္း တည္ေထာင္ျခင္း၊ ပ်ဳိးဥယ်ာဥ္တည္ေထာင္ျခင္း၊ ဒိုခ်က္ကင္ေျမၾသဇာ ျပဳလုပ္ျခင္း(စာေတြ႔)၊ သီးႏွံေတာေရာေႏွာစိုက္ပ်ဳိးျခင္း ႏွင့္ ဝဥ စိုက္ပ်ဳိးနည္းစနစ္ ႏွင့္ပတ္သက္၍ ေဒသခံျပည္သူအစုအဖြဲ႔ပိုင္ သစ္ေတာ ႏွင့္ တြဲဖက္ေဆာင္ရြက္သင့္သည့္ ၾကားျဖတ္၀င္္ေငြတိုးလုပ္ငန္းမ်ားကို စာေတြ႔ လက္ေတြ႔ ပို႔ခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းအဖြစ် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းဆိုင်ရာနည်းစနစ်သင်တန်း နှင့် ဝဥ စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ နည်းစနစ်သင်တန်းအား တာချီလိတ်မြို့ရှိ သစ်တောဦးစီးဌာနရုံးတွင် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်က စ၍ ဖွင့်လှစ် ပို့ချနေကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအား နံနက်ပိုင်းက ပြုလုပ်ရာတွင် သစ်တောဦးစီးဌာနမှ တာချီလိတ်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးရီထွေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် သင်တန်းအား ဆက်လက်ပို့ချကြသည်။

အဆိုပါ သင်တန်းအား ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့မှ (၂၀)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းသို့ တာချီလိတ်မြို့နယ်အတွင်း တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့တို့မှ သင်တန်းသား (၂၅)ဦး တက်ရောက်နေကြောင်း သိရသည်။

သင်တန်းတွင် သစ်တောစိုက်ခင်း တည်ထောင်ခြင်း၊ ပျိုးဥယျာဉ်တည်ထောင်ခြင်း၊ ဒိုချက်ကင်မြသြေဇာ ပြုလုပ်ခြင်း(စာတွေ့)၊ သီးနှံတောရောနှောစိုက်ပျိုးခြင်း နှင့် ဝဥ စိုက်ပျိုးနည်းစနစ် နှင့်ပတ်သက်၍ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော နှင့် တွဲဖက်ဆောင်ရွက်သင့်သည့် ကြားဖြတ်ဝင်ငွေတိုးလုပ်ငန်းများကို စာတွေ့ လက်တွေ့ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net