ေျမေပၚ ေပၚေနၿပီး သံေခ်းမ်ားတက္ေနသည့္ ဓာတ္ေငြ႕ပိုက္လိုင္းေၾကာင့္ ေပါက္ကြဲမႈျဖစ္ပြားမည္ကို ၾကာကန္ေက်းရြာေန ေဒသခံမ်ား စိုးရိမ္

ေျမေပၚ ေပၚေနၿပီး သံေခ်းမ်ားတက္ေနသည့္ ဓာတ္ေငြ႕ပိုက္လိုင္းေၾကာင့္ ေပါက္ကြဲမႈျဖစ္ပြားမည္ကို ၾကာကန္ေက်းရြာေန ေဒသခံမ်ား စိုးရိမ္
စက်တင်ဘာ 16, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္ ၾကာကန္ေက်းရြာကားဂိတ္တန္းေနရာ၌ ေျမေပၚတြင္ ေပၚေနေသာ ဓာတ္ေငြ႔ပိုက္လိုင္း၏ သံေခ်းမ်ားတက္ေနသည့္ အစိတ္အပိုင္းမွတဆင့္ ေပါက္ကဲြမႈျဖစ္ပြားမည္ကို ေဒသခံမ်ား စိုးရိမ္ေနၾကေၾကာင္း သိရသည္။

“ကြ်န္ေတာ့္ဝန္းထဲမွာ ဒီ ဓာတ္ေငြ႔ပိုက္လိုင္းႀကီးက ေျမေပၚမွာ ေပၚေနပါတယ္။ မိုးရြာတိုင္း သံေခ်းစားၿပီး တစ္ ထပ္ကြာလိုက္၊ တစ္ထပ္ကြာလိုက္နဲ႔ သံထုက ပါးေနေလာက္ၿပီဗ်။ ကြ်န္ေတာ္တို႔မွာ  ဘယ္ေန႔ေပါက္ကဲြၿပီးေသ မလဲဆိုတာ ေစာင့္ေနရသလိုျဖစ္ေနပါတယ္။ တကယ္တန္းသာ ေပါက္ကဲြရင္ တစ္ရြာလံုး ဒုကၡေရာက္မွာပါ”ဟု ေဒသခံ ကိုျမင့္ေဇာ္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါဓာတ္ေငြ႔ပိုက္လိုင္းမွာ မေကြးၿမိဳ႕နယ္ ၾကာကန္ေက်းရြာကားဂိတ္တန္းေနရာ၌ ေျမေပၚတြင္ေပၚေနရာ ရာသီဥတုဒဏ္ေၾကာင့္ သံေခ်းမ်ားကိုက္ေနသည္ကိုေတြ႔ရိွရသျဖင့္ ေပါက္ကဲြမႈျဖစ္ပြားမည္ကို ေဒသခံမ်ားက စိုးရိမ္ေနၾကျခင္းျဖစ္သည္။

ယင္းသို႔ျဖစ္ေပၚေနမႈကို   Facebook လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေဖာ္ျပခဲ့သျဖင့္ စက္တင္ဘာလ(၁၆)ရက္ေန႔တြင္ သက္ဆိုင္ရာမွ လာေရာက္ျပဳျပင္ခဲ့ေသာ္လည္း ေဆးသုတ္ကာ ပလပ္စတစ္စျဖင့္သာ ပတ္သြားျခင္း ျဖစ္၍ စိတ္ခ်ရသည့္အေျခအေနတြင္မရိွဟု ေဒသခံအခ်ိဳ႕က ေျပာဆိုေဝဖန္မႈမ်ားရိွေနေၾကာင္း သိရသည္။

“သူတို႔ေျပာတဲ့ ေနရာေတြကို သံေခ်းခၽြတ္ၿပီး ရက္ဒ္ေအာက္ဆိုဒ္လို႔ေခၚတဲ့ သံေခ်းမစားႏိုင္တဲ့ ေဆးသုတ္ၿပီး အေပၚက သံေခ်းစားကာကြယ္တဲ့ တိပ္ နဲ႔ပတ္ပါတယ္။  က်န္တဲ့ေနရာေတြကိုလည္း  သံေခ်းစားကာကြယ္ ေဆးသုတ္၊ ပလပ္စတစ္အၾကည္နဲ႔ပတ္ၿပီး ေျမႀကီးနဲ႔ ေသခ်ာစနစ္တက်ျပန္ဖံုးပါတယ္။ ဒီကေန႔မနက္မွာပဲ ေဆာင္ရြက္ခဲ့တာပါ။ ပုိက္လိုင္းနဲ႔ အနည္းဆံုး ေပ(၅၀)အတြင္း လူေနအိမ္ေျခေဆာက္လုပ္ေနထိုင္ျခင္း မျပဳရဘူးလို႔ ၿမိဳ႕နယ္ေတြမွာ စာေတြပို႔ထားခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ပိုက္လိုင္းနား လာေနၾကတာေတြရိွ လာလို႔ ၿပီးခဲ့တဲ့(၂)ႏွစ္ေလာက္က တိုင္း ကိုတင္ျပထားပါတယ္။ ကြ်န္ေတာ္တို႔က ဘတ္ဂ်က္ႏွစ္အလိုက္ ပိုက္လိုင္းအစားထိုး လဲလွယ္ျခင္းေတြ ေဆာင္ရြက္တဲ့အခါ လြတ္ကင္းမႈရိွေအာင္ေဆာင္ရြက္သြားဖို႔ေတာ့ ရိွပါ တယ္”ဟု ဓာတ္ေငြ႔ပိုက္လိုင္းတာဝန္ခံ ဦးစိုးမင္းေအာင္ က ေျပာသည္။

အဆိုပါ ဓာတ္ေငြ႔ပိုက္လိုင္းမွာ ၿပီးခဲ့သည့္ တပ္မေတာ္အစိုးရလက္ထက္ ၂၀၀၇ ခုႏွစ္က မေကြးတိုင္းေဒသႀကီး ေရနံေခ်ာင္းၿမိဳ႕နယ္ရိွ တရုတ္ဓာတ္ေငြ႔ပိုက္လိုင္း မေကြးလိုင္းခဲြမွ ေပ်ာ္ဘြယ္- ေရႊေညာင္- ေတာင္ႀကီး လမ္း ေၾကာင္းအတိုင္း ေတာင္ႀကီး ပင္းပက္ တပ္မေတာ္သံမဏိစက္ရံုသို႔ ေပးပို႔ရန္ ေဖာက္လုပ္သြယ္တန္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရၿပီး ထိုသို႔ သြယ္တန္းေဖာက္လုပ္ခဲ့သည့္လယ္ယာေျမမ်ားအတြက္ ေလ်ာ္ေၾကးေပးျခင္းမ်ိဳး မရိွခဲ့ဘဲ ပ်က္စီးသီးႏွံအတြက္ နစ္နာေၾကးကိုသာ ေပးေလ်ာ္ခဲ့ျခင္းရိွခဲ့ေၾကာင္း ဓာတ္ေငြ႔ပိုက္လိုင္းတာဝန္ခံ၏ ေျပာၾကားခ်က္အရ သိရသည္။

Tachileik News Agency
သတင္း - ဖီးနစ္
ဓာတ္ပံု - ေဇာ္မင္းထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ကြာကန်ကျေးရွာကားဂိတ်တန်းနေရာ၌ မြေပေါ်တွင် ပေါ်နေသော ဓာတ်ငွေ့ပိုက်လိုင်း၏ သံချေးများတက်နေသည့် အစိတ်အပိုင်းမှတဆင့် ပေါက်ကွဲမှုဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နကြေကြောင်း သိရသည်။

“ကျွန်တော့်ဝန်းထဲမှာ ဒီ ဓာတ်ငွေ့ပိုက်လိုင်းကြီးက မြေပေါ်မှာ ပေါ်နေပါတယ်။ မိုးရွာတိုင်း သံချေးစားပြီး တစ် ထပ်ကွာလိုက်၊ တစ်ထပ်ကွာလိုက်နဲ့ သံထုက ပါးနေလောက်ပြီဗျ။ ကျွန်တော်တို့မှာ ဘယ်နေ့ပေါက်ကွဲပြီးသေ မလဲဆိုတာ စောင့်နေရသလိုဖြစ်နေပါတယ်။ တကယ်တန်းသာ ပေါက်ကွဲရင် တစ်ရွာလုံး ဒုက္ခရောက်မှာပါ”ဟု ဒေသခံ ကိုမြင့်ဇော် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါဓာတ်ငွေ့ပိုက်လိုင်းမှာ မကွေးမြို့နယ် ကြာကန်ကျေးရွာကားဂိတ်တန်းနေရာ၌ မြေပေါ်တွင်ပေါ်နေရာ ရာသီဥတုဒဏ်ကြောင့် သံချေးများကိုက်နေသည်ကိုတွေ့ရှိရသဖြင့် ပေါက်ကွဲမှုဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နကြခြေင်းဖြစ်သည်။

ယင်းသို့ဖြစ်ပေါ်နေမှုကို Facebook လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့သဖြင့် စက်တင်ဘာလ(၁၆)ရက်နေ့တွင် သက်ဆိုင်ရာမှ လာရောက်ပြုပြင်ခဲ့သော်လည်း ဆေးသုတ်ကာ ပလပ်စတစ်စဖြင့်သာ ပတ်သွားခြင်း ဖြစ်၍ စိတ်ချရသည့်အခြေအနေတွင်မရှိဟု ဒေသခံအချို့က ပြောဆိုဝေဖန်မှုများရှိနေကြောင်း သိရသည်။

“သူတို့ပြောတဲ့ နေရာတွေကို သံချေးချွတ်ပြီး ရက်ဒ်အောက်ဆိုဒ်လို့ခေါ်တဲ့ သံချေးမစားနိုင်တဲ့ ဆေးသုတ်ပြီး အပေါ်က သံချေးစားကာကွယ်တဲ့ တိပ် နဲ့ပတ်ပါတယ်။ ကျန်တဲ့နေရာတွေကိုလည်း သံချေးစားကာကွယ် ဆေးသုတ်၊ ပလပ်စတစ်အကြည်နဲ့ပတ်ပြီး မြကြေီးနဲ့ သေချာစနစ်တကျပြန်ဖုံးပါတယ်။ ဒီကနေ့မနက်မှာပဲ ဆောင်ရွက်ခဲ့တာပါ။ ပိုက်လိုင်းနဲ့ အနည်းဆုံး ပေ(၅၀)အတွင်း လူနေအိမ်ခြေဆောက်လုပ်နေထိုင်ခြင်း မပြုရဘူးလို့ မြို့နယ်တွေမှာ စာတွေပို့ထားခဲ့ပါတယ်။ နောက်ပိုင်းမှာ ပိုက်လိုင်းနား လာနကြေတာတွေရှိ လာလို့ ပြီးခဲ့တဲ့(၂)နှစ်လောက်က တိုင်း ကိုတင်ပြထားပါတယ်။ ကျွန်တော်တို့က ဘတ်ဂျက်နှစ်အလိုက် ပိုက်လိုင်းအစားထိုး လဲလှယ်ခြင်းတွေ ဆောင်ရွက်တဲ့အခါ လွတ်ကင်းမှုရှိအောင်ဆောင်ရွက်သွားဖို့တော့ ရှိပါ တယ်”ဟု ဓာတ်ငွေ့ပိုက်လိုင်းတာဝန်ခံ ဦးစိုးမင်းအောင် က ပြောသည်။

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းမှာ ပြီးခဲ့သည့် တပ်မတော်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်က မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်း မကွေးလိုင်းခွဲမှ ပျော်ဘွယ်- ရွှေညောင်- တောင်ကြီး လမ်း ကြောင်းအတိုင်း တောင်ကြီး ပင်းပက် တပ်မတော်သံမဏိစက်ရုံသို့ ပေးပို့ရန် ဖောက်လုပ်သွယ်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး ထိုသို့ သွယ်တန်းဖောက်လုပ်ခဲ့သည့်လယ်ယာမြေများအတွက် လျော်ကြေးပေးခြင်းမျိုး မရှိခဲ့ဘဲ ပျက်စီးသီးနှံအတွက် နစ်နာကြေးကိုသာ ပေးလျော်ခဲ့ခြင်းရှိခဲ့ကြောင်း ဓာတ်ငွေ့ပိုက်လိုင်းတာဝန်ခံ၏ ပြောကြားချက်အရ သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - ဇော်မင်းထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net